မူဆယ် ကားသမားတစ်ဦးကို သေနတ်အတုဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်သွား

သျှမ်းပြည် မူဆယ်မြို့တွင် ယာဉ်မောင်း ကားသမားတစ်ဦးကို အမျိုးသား ၂ ဦးက ခရီးလိုက်ပို့ပေးရန်ဟုဆိုပြီး သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ ကားကိုဓားပြတိုက်သွားကြောင်း စုံစမ်းသိရှိရသည်။

ခိုးခံရသည့် ကား

ဖြစ်စဉ်မှာ ယနေ့ (မေလ ၁၆ ရက်) နံနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ ရွှေသမင်ကွက်သစ်ရှိ တရုတ်စာသင်ကျောင်းအနီး၌ အမည်မသိ အမျိုးသား ၂ ဦး သည် ပန်ခမ်းမြို့မှ ကားသမားတစ်ဦးကို ကားငှားမည်ဟု ဖုန်းဆက်ခေါ်ခဲ့သည်။

ထိုကားသမားသည် မူဆယ်မြို့ စွမ်စော်ရပ်ကွက်သို့ ရောက်ရှိလာပြီး ကားငှားရမ်းမည့် အမျိုးသား (၂) ဦးသည် ကားသမားကို သေနတ်အတုဖြင့် ခြိမ်းခြောက်ပြီး ကားကို ဓားပြတိုက်သွားခဲ့သည်။

“လမ်းခရီး လိုက်ပို့ပါဆိုပြီး ကားဆရာကို ဖုန်းခေါ်တာ။ ကားဆရာလည်း သွားကြိုတယ်။ သွားကြိုတော့ လမ်းသွယ်မှာ သူတို့စောင့်ပြီး ကားဆရာကို သေနတ်အတုနဲ့ ခြိမ်းခြောက်ပြီး ကားပေါ်က ဆင်းခိုင်းတယ်။ ပြီးတော့ ကားကိုလုယူသွားပြီး စွမ်စော်ရပ်ကွက်က ဈေးဘက်ကို ထွက်ပြေးသွားတယ်“ ဟု ၎င်း ဒေသခံတစ်ဦး ကပြောသည်။

အဆိုပါ ကားကို ဓားပြတိုက်ပြီး မောင်းထွက်သွားသည့်နောက် စွမ်စော်ရပ်ကွက်ရှိ ပြည်သူများက လိုက်လံပြီး ရှာဖွေဖမ်းဆီးခဲ့ရာ စွမ်စော်ဈေးအနီး၌ ကားကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

“ကားကိုဘဲ ပြန်သိမ်းယူနိုင်ခဲ့တာဗျ။ ပြည်သူတွေ လိုက်ဖမ်းနေတုန်း သူတို့က ကားကိုထားခဲ့ပြီး ထွက်ပြေးသွားတာ။ ဒီလူတွေက အသက် ၂၀ ကျော်အရွယ်တွေပါ။ ဗမာတွေလို့တော့ သိရတယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

ဓားပြတိုက်သွားသည့် အမျိုးသား ၂ ဦးသည် အသက် ၂၀ အရွယ် လူငယ်နှစ်ဦးဖြစ်ပြီး အမည် နှင့် နေရပ်လိပ်စာကို မသိရှိသေးကြောင်း လက်ရှိမှာ ၎င်းလူငယ်နှစ်ဦးသည် ထွက်ပြေးလွတ်မြောက်နေဆဲဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် သေနတ်အတုဖြင့် ပြည်သူများထံ ခြိမ်းခြောက်ငွေတောင်း ယူသည့် ဓားပြတိုက်အဖွဲ့များအပြင် PDF နာမည်ခံပြီး ပြည်သူများထံ ခြိမ်းခြောက် ငွေတောင်းယူခြင်း၊ လမ်းသွားလမ်းလာ ပြည်သူကို ဓားပြတိုက်ခြင်း နှင့် အိမ်တွင်းဖောက် ခိုးယူမှု ပြုလုပ်ခြင်းများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့အပြင် မူဆယ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသည့် နေရာဒေသ ဖြစ်သော်လည်း ခိုးဆိုးလုယက်၊ ဓားပြတိုက်၊ သူခိုးများကို ဖမ်းဆီးအရေးယူခြင်း တစ်စုံတစ်ရာ မရှိခဲ့သလို ပြည်သူက ကိုယ်တိုင် ဖမ်းဆီးအရေးယူခြင်း၊ လုံခြုံရေးယူခြင်း ပြုလုပ်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...