Wednesday, January 28, 2026

သင်ခန်းစာယူရမည့် လူသားစာနာ ယာဉ်တန်းပစ်ခတ်ခံရမှု

နိဒါန်း

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် ပြည်တွင်းစစ်မီးအပြန့်ကျယ်လာသည်နှင့်အတူ စစ်ကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် မြန်မာပြည်သူအပေါင်း သန်းနှင့်ချီနေပြီဖြစ်သည်။

အာဏာသိမ်းစစ် အုပ်စုနှင့် နွေဦးတော်လှန်ရေးအင်အားစုများအကြား အားပြိုင်မှုအတွင်း အမှန်တကယ်ထိခိုက်နစ်နာခဲ့ရသော၊ အမှန်တကယ်ထိရှပျက်ဆီးခဲ့ရသော အသက်များ၊ ဘဝများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် နိုင်ငံတဝှမ်းလုံးတွင် လိုအပ်ချက်ကြီးမားနေပါသည်။

သို့သော် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် အမှန်တကယ်လိုအပ်နေ သော မြန်မာပြည်သူလူထုကြီးအတွက် အလှမ်းဝေးကွာနေလျက် ရှိပါသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အာဆီ ယံ လူသားချင်းစာနာမှု ကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center)၏ ယာဉ်တန်းတစ်ခု ပစ်ခတ်ခံ ရမှု ဖြစ်ပွားခဲ့ပါသည်။

ယခုတစ်ပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် အဆိုပါ AHA Center ၏ ယာဉ်တန်းပစ်ခတ်ခံရမှုနှင့်အတူ ဆက်စပ်တွေးဆဖွယ်ရာများကို လေ့လာတင်ပြသွားပါမည်။

ဖြစ်စဉ်

မေလ ၇ ရက်တွင် ဖြစ်သည်။ သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆီဆိုင်- ဆိုက်ခေါင်လမ်းမပေါ်တွင် ဆီဆိုင်မြို့နယ်အခြေစိုက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဆက်ဆံရေးရုံးသို့ စစ်ဘေးဒုက္ခ သည်ကူညီရေးအတွက် သွားရောက်သည့် AHA Center ၏ ယာဉ်တန်း ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည်။

ပစ်ခတ်ခံရသည့် ကား

ယာဉ်တန်း တွင် စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံမှ သံအရာရှိများ၊ AHA Center မှ တာဝန်ရှိသူများ လိုက်ပါလာခြင်းဖြစ်ပြီး ပစ်ခတ်မှုအတွက် အာဏာသိမ်းစစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့(PNO/ PNA)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)တို့အကြား မည်သူ့လက်ချက်ဖြစ်သလဲဆိုသည်က အငြင်း ပွားဖွယ်အပြန်အလှန်ပစ်တင်စွပ်စွဲလျက်ရှိသည်ကို တွေ့ရသည်။

မေလ ၁၁ ရက်နေ့၊ PNLO ၏ ထုတ်ပြန်ချက်အရ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့(PPST)ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးနှင့် AHA Center တို့အကြား ဆွေးနွေးညိနှိုင်းမှုနှင့်အတူ ဖြစ်ပေါ်လာသော PNLO မှ ဦးဆောင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်နေပြီး ယင်းအကြမ်းဖက်လုပ်ရပ်များကို လုပ် ဆောင်သည့် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ဆန့်ကျင်ရှုတ်ချသည်ဟု ဆိုပါသည်။

ဆီဆိုင်မြို့နယ်၊ နန့်အောရွာမြောက်ဘက် မီတာ ၂၀၀ အကွာတွင် ဖြစ်ပွားသော အဆိုပါပစ်ခတ်မှုကို အသင့် စောင့်ဆိုင်းနေကြသည့် အကြမ်းဖက်သမားငါးဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလက် အောက်ခံ PNO စစ်ဘက်ရေးရာအရာရှိတစ်ဦးက RFA ကို ပြောဆိုထားပါသည်။

“ဖြစ်တာကတော့ ကျနော်တို့ PNO လှုပ်ရှားနယ်မြေပေါ့နော်၊ အဲဒီကိုသူတို့ကျူးကျော်ပြီးလာပစ်တာ။ ပြဿနာ လည်း တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ သူတို့ဘာအကြောင်းကြောင့် ပစ်တယ်ဆိုတာတော့ ကျနော်လည်းမသိဘူး”။

ဆက်စပ်သတင်းများ

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံသည် စစ်အာဏာသိမ်းမှုနှင့်အတူ တိုင်းပြည်အကြပ်အတည်းဖြင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပံ့ပိုး ပေးနိုင်ရေးအတွက် ပြီးပြည့်စုံသော လိုအပ်ချက်အကဲဖြတ်မှုများကို အပြီးသတ်ပြုစုထားကြောင်းနှင့် မေလ ၉ ရက်မှ ၁၁ ရက်အတွင်း ပြုလုပ်မည့် အာဆီယံအဖွဲ့ခေါင်းဆောင်များတွေ့ဆုံရာတွင် အကဲဖြတ်မှုအပြီးသတ်နိုင် မည်ဟု မျှော်လင့်ထားသည်ဟု ဆိုပါသည်။

ယင်းသို့ လိုအပ်ချက်များ အကဲဖြတ်ရာတွင် အကူအညီလိုအပ်သူ အရေအတွက်၊ နေရာဒေသနှင့် မည်သည့်အကူအညီမျိုးကို လိုအပ်သည် စသည့်အချက်များ ပါဝင်ကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn က ပြောဆိုထားပါသည်။

“အကြမ်းဖက်မှုတွေကြောင့် မြေပြင်မှာ ရွှေ့ပြောင်းနေရသူတွေ ရှိပါတယ်။ သူတို့ဘဝရှင်သန်ဖို့အတွက် လိုအပ် ချက်တွေကို တကယ်ကို လက်လှမ်းမမီနိုင်တဲ့သူတွေဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့အမှန်တကယ်အာရုံစိုက် ရမယ့်သူတွေလို့ ကျနော်ထင်ပါတယ်”ဟု ၎င်းက ဆိုပါသည်။

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း နူဆာတန်ဂါရာကျွန်းတွင် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပရန် ရောက်ရှိနေ သည့် အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကလည်း AHA Center ၏ ယာဉ်တန်းပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး “မြန်မာ နိုင်ငံမှာ အာဆီယံရဲ့အကူအညီပေးရေးလုပ်ငန်းတွေ စတင်တော့မယ့်အချိန်မှာ အခုလိုတိုက်ခိုက်မှုဖြစ်တာ စိတ်ပျက်စရာပဲ”ဟု မေလ ၈ ရက်နေ့ သတင်းစာရှင်းလင်း ပွဲ တွင် ပစ်တင်ရှုတ်ချခဲ့ပါသည်။

“ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ အာဆီယံနဲ့ အင်ဒိုနီးရှားတို့ရဲ့ ကတိကဝတ်တွေကို လျော့ပါးစေမှာ မဟုတ်ဘူး”။

အမေရိကန်နိုင်ငံခြားရေးဦးကြီးဌာနကလည်း ဆိုခဲ့ပါ AHA Center ၏ ယာဉ်တန်းပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ အာဆီယံဘုံသဘောတူညီချက်တွေကို လစ်လျူရှုပြီး တိုက်ခိုက်မှုများ ၊ အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်နေသည့် အတွက် မြေပြင်တွင် တရားဥပဒေစိုးမှုမရှိတော့သည်ကို ပြသနေခြင်းကြောင့် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

“စစ်ကောင်စီအနေနဲ့ သံတမန်တွေနဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လိုက်နာဖို့ လိုပါတယ်”ဟု အမေရိကန်က သတိပေးတိုက်တွန်းထားပါသည်။

သုံးသပ်တင်ပြချက်

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ NCA လက်မှတ် ရေးထိုးထားသည့် PNLO တို့သာ ထိန်းချုပ်လှုပ်ရှားရာနယ်မြေအတွင်း AHA Center မှ တာဝန်ရှိသူများ၊ စင်ကာ ပူနှင့် အင်ဒိုနီးရှားမှ သံတမန်အရာရှိများပါဝင်သော ယာဉ်တန်းပစ်ခတ်ခံရမှုသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာ ပြည်သူလူထုအတွက် ကူညီထောက်ပံ့လှူဒါန်းကြသော နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား စီမံခန့်ခွဲနေကြသည့် အာဆီယံအပါအဝင် ကုလသမဂ္ဂလအောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံ တကာအစိုးရမဟုတ်သော အဖွဲ့အစည်းများအတွက် သင်ခန်းစာယူသင့်သော ဖြစ်စဉ်ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် အပေါင်းအပါများ ၎င်းတို့ကိုယ်တိုင်၏ လုံခြုံရေးအတွက်ပင် အာမခံနိုင်သည့်အနေ အထားတွင် မရှိတော့ဘဲ နိုင်ငံတဝှမ်းစစ်မျက်နှာဖွင့်ကာ နွေဦးတော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်စစ် ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေပါသည်။

စစ်အာဏာသိမ်းကာလ နှစ်နှစ်တာကာလအတွင်း ၎င်းတို့အမှန်တကယ် စိုးမိုးအုပ်ချုပ်နိုင်သည့် နယ်မြေများသည် တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့ပြီ ဖြစ်သည်။

ထိုအခြေအနေတွင် အာဏာသိမ်းစစ်အုပ်စုတစ်ခုတည်းနှင့် ပူးပေါင်းချိတ်ဆက်ခြင်း၊ နားလည်မှုစာချွန်လွှာရယူကာ အဖွဲ့အစည်းရပ် တည်ရေး၊ ဝန်ထမ်းများ နေထိုင်ခွင့်ရရှိရေးဆိုသည့် ကိုယ်ကျိုးစီးပွားအ‌ပေါ် တွက်ချက်ချဉ်းကပ်နေပါက အမှန် တကယ်အကူအညီလိုအပ်နေသော မြန်မာပြည်သူလူထုထံ နိုင်ငံတကာလူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီများ ရောက်ရှိနိုင်ရေးသည် ကာလအတန်ကြာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသော စစ်ဘေးဒုက္ခ သည် ပြည်သူပေါင်း ၁ ဒဿမ ၈ သန်းအထိ ရှိခဲ့ပြီဖြစ်သည်။

ထိုအနက် စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း စစ် ဘေးရှောင်အရေအတွက်သည် ၁ ဒဿမ ၂ သန်းကျော် ရှိသည်။ ထိုင်း – မြန်မာနယ်စပ်တလျှောက် ကရင်နီ(က ယား) ၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်း၊ အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ်၊ ထိုမှတဆင့် စစ်ကိုင်း၊ မကွေး စသဖြင့် အမှန်တကယ်အကူအညီလိုအပ်နေသော မြန်မာပြည်သူများထံ နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီများ ရောက်ရှိနိုင်ရေးအတွက် နည်းလမ်းအသစ်များ၊ ချဉ်းကပ်မှုပုံစံအသစ်များ ရှာဖွေ ကြဖို့ အချိန်တန်ပြီဟုဆိုရပါမည်။

အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုသည့် လက်တွေ့ဖြစ်မလာနိုင်သေးသော စ ကားလုံး၊ စကားရပ်များအား အဆက်မပြတ်ရေရွတ်နေမည့်အစား အာဆီယံအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများအနေဖြင့် ပြည်သူထူထုနှင့် အနီးစပ်ဆုံးအခြေအနေတွင် ရှိနေသော အစုအဖွဲ့အသီးသီးနှင့် ချိတ် ဆက်ဆောင်ရွက်သင့်ပြီဖြစ်သည်။

လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO) များ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စိုးမိုးထိန်းချုပ်ရာ နယ်မြေများအတွင်းရှိ စစ်ဘေးသင့်ပြည်သူလူထုထံ လူသားစာနာအကူအညီများ ရောက်ရှိနိုင်ရေးအတွက် ကြိုးပမ်းသင့်ကြောင်း ရှုမြင်မိပါသည်။

သျှမ်းပြည်နယ် ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အာဆီယံလူသားချင်းစာနာမှုကူညီပေးရေးဆိုင်ရာ ညှိနှိုင်း ရေးစင်တာ (AHA Center)၏ ယာဉ်တန်းပစ်ခတ်ခံရမှုကို ကြီးမားသည့် သင်ခန်းစာအဖြစ် အသုံးချကာ အမှန် တကယ်အကူအညီလိုအပ်နေကြသော မြန်မာပြည်သူလူထုထံ လူသားစာနာအကူအညီများ ရောက်ရှိနိုင်ရေး အတွက် အပူတပြင်းချဉ်းကပ်အဖြေရှာသင့်ပြီဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၀၅ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...