Wednesday, January 28, 2026

သျှမ်းသံတော်ဆင့် (SHAN) ပါဝင်သည့် BNI အဖွဲ့ ဟီရိုရှီးမားဆုရရှိ

သျှမ်းသံတော်ဆင့် (SHAN) သတင်းဌာန မှ အဖွဲ့ဝင် အဖြစ် ပါဝင်ထားသည့် Burma News International (BNI ) အဖွဲ့သည် ၂၀၂၃ ခုနှစ်အတွက် ဟီရိုရှီးမားဆုကို ဆွတ်ခူးရရှိကြောင်း သတင်းသိရသည်။

BNI

အဆိုပါ ဆုသည် BNI ၏ နှစ်အတော်ကြာအောင် ငြိမ်းချမ်းရေး တည်ဆောက်မှု အားထုတ်မှုများအပြင် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အရေးအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဟီရိုရှီးမားဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်သတင်းစဥ် ဌာန KIC ၏ အယ်ဒီတာချုပ်လည်းဖြစ်သည့် နန်းဖောကေ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီ ဟီရိုရှီးမားဆုက တစ်ဦးတစ်ယောက်ချင်းစီကိုပေးတာ ရှိတယ်၊ အဖွဲ့အစည်း ကွန်ရက်ကို ပေးတာရှိတယ်၊ BNI ကို ပေးတာကျတော့ အစုအဖွဲ့ ကွန်ရက်အနေ နဲ့ ပေးတာပေါ့၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသအသီးသီးက သတင်းတွေ ကို မတူကွဲပြားတဲ့ တိုင်းရင်းသား ဘာသာစကားတွေ နဲ့ ထုတ်လုပ်သွားနိုင်တာရယ်၊ တိုင်းသူပြည်သားတွေ လူ့အခွင့် အရေး ချိုးဖောက်ခံရတာတွေ၊ စစ်ကောင်စီ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အများပြည်သူ နဲ့ နိုင်ငံတကာ သိအောင် သတင်းအားဖြင့် အစီရင်ခံသွားတဲ့အပေါ် ဒီဆုကို ပေးအပ်ခံရတာ ဖြစ်ပါတယ်၊နှစ်ပေါင်း ၂၀ အတွင်း အောင်မြင်မှုတစ်ခုလို့ ပြောလို့ရတာပေါ့” ဟု နန်းဖောကေ ကပြောသည်။

BNI ၏ မူဝါဒ ရေးရာကော်မတီ ဥက္ကဋ္ဌ နန်းဖောကေ

Edita and Morris Hiroshima Foundation for Peace and Culture မှ ချီးမြှင့်သည့် ၂၀၂၃ အတွက် ဆုကို မြန်မာနိုင်ငံမှ Burma News International (BNI) အဖွဲ့က ရရှိခြင်းဖြစ်သည်။

BNI မှ ရရှိသော ၂၀၂၃ ခုနှစ် ဟီရိုရှီးမားဆုအတွက် အမေရိကန် ဒေါ်လာ ၅၀,၀၀၀ (ငါးသောင်း) ရရှိမည် ဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွင်း၌ ကျင်းပပြုလုပ်သွားမည်ဟုလည်း သတင်း သိရသည်။

BNI အဖွဲ့ဝင်များ

ဟီရိုရှီးမားဆု ရရှိခြင်းသည် BNI အဖွဲ့ အတွက်သာမက မြန်မာနိုင်ငံရှိ လွတ်လပ်သော သတင်း မီဒီယာများ အတွက် ခွန်အားဖြစ်စေကြောင်းလည်း BNI ၏ မူဝါဒ ရေးရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်သတင်းစဥ်ဌာန KIC ၏ အယ်ဒီတာချုပ်လည်းဖြစ်သည့် နန်းဖောကေ သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ဒီလို ဆုရရှိခြင်းအားဖြင့် BNI အတွက် သာမက တခြား မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အတွက် ခွန်အားရရှိစေချင်တာပေါ့နော်။ BNI အနေနဲ့ကလည်း ရှေ့ဆက်ပြီးတော့ တချိန် ဖက်ဒရယ် ပြည်ထောင်စု အသစ် ကို ပြန်တည်ဆောက်ကြတဲ့ အခါကျရင်လည်း မီဒီယာအနေ နဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ အင်အားရှိတယ်၊ BNI အတွက် တွန်းအားတစ်ခုလည်း ဖြစ်စေချင်တာပေါ့” ဟု နန်းဖောကေ က ဆက်ပြောသည်။

လက်ရှိတွင် BNI အဖွဲ့သည် သျှမ်းသံတော်ဆင့် သတင်းဌာန အပါအဝင် တိုင်းရင်းသား မီဒီယာ (၁၅) ဖွဲ့ ဖြင့် စုဖွဲ့ထားခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...