သျှမ်းသံတော်ဆင့် (SHAN) ပါဝင်သည့် BNI အဖွဲ့ ဟီရိုရှီးမားဆုရရှိ

သျှမ်းသံတော်ဆင့် (SHAN) သတင်းဌာန မှ အဖွဲ့ဝင် အဖြစ် ပါဝင်ထားသည့် Burma News International (BNI ) အဖွဲ့သည် ၂၀၂၃ ခုနှစ်အတွက် ဟီရိုရှီးမားဆုကို ဆွတ်ခူးရရှိကြောင်း သတင်းသိရသည်။

BNI

အဆိုပါ ဆုသည် BNI ၏ နှစ်အတော်ကြာအောင် ငြိမ်းချမ်းရေး တည်ဆောက်မှု အားထုတ်မှုများအပြင် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အရေးအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဟီရိုရှီးမားဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်သတင်းစဥ် ဌာန KIC ၏ အယ်ဒီတာချုပ်လည်းဖြစ်သည့် နန်းဖောကေ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီ ဟီရိုရှီးမားဆုက တစ်ဦးတစ်ယောက်ချင်းစီကိုပေးတာ ရှိတယ်၊ အဖွဲ့အစည်း ကွန်ရက်ကို ပေးတာရှိတယ်၊ BNI ကို ပေးတာကျတော့ အစုအဖွဲ့ ကွန်ရက်အနေ နဲ့ ပေးတာပေါ့၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသအသီးသီးက သတင်းတွေ ကို မတူကွဲပြားတဲ့ တိုင်းရင်းသား ဘာသာစကားတွေ နဲ့ ထုတ်လုပ်သွားနိုင်တာရယ်၊ တိုင်းသူပြည်သားတွေ လူ့အခွင့် အရေး ချိုးဖောက်ခံရတာတွေ၊ စစ်ကောင်စီ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အများပြည်သူ နဲ့ နိုင်ငံတကာ သိအောင် သတင်းအားဖြင့် အစီရင်ခံသွားတဲ့အပေါ် ဒီဆုကို ပေးအပ်ခံရတာ ဖြစ်ပါတယ်၊နှစ်ပေါင်း ၂၀ အတွင်း အောင်မြင်မှုတစ်ခုလို့ ပြောလို့ရတာပေါ့” ဟု နန်းဖောကေ ကပြောသည်။

BNI ၏ မူဝါဒ ရေးရာကော်မတီ ဥက္ကဋ္ဌ နန်းဖောကေ

Edita and Morris Hiroshima Foundation for Peace and Culture မှ ချီးမြှင့်သည့် ၂၀၂၃ အတွက် ဆုကို မြန်မာနိုင်ငံမှ Burma News International (BNI) အဖွဲ့က ရရှိခြင်းဖြစ်သည်။

BNI မှ ရရှိသော ၂၀၂၃ ခုနှစ် ဟီရိုရှီးမားဆုအတွက် အမေရိကန် ဒေါ်လာ ၅၀,၀၀၀ (ငါးသောင်း) ရရှိမည် ဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွင်း၌ ကျင်းပပြုလုပ်သွားမည်ဟုလည်း သတင်း သိရသည်။

BNI အဖွဲ့ဝင်များ

ဟီရိုရှီးမားဆု ရရှိခြင်းသည် BNI အဖွဲ့ အတွက်သာမက မြန်မာနိုင်ငံရှိ လွတ်လပ်သော သတင်း မီဒီယာများ အတွက် ခွန်အားဖြစ်စေကြောင်းလည်း BNI ၏ မူဝါဒ ရေးရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်သတင်းစဥ်ဌာန KIC ၏ အယ်ဒီတာချုပ်လည်းဖြစ်သည့် နန်းဖောကေ သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ဒီလို ဆုရရှိခြင်းအားဖြင့် BNI အတွက် သာမက တခြား မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အတွက် ခွန်အားရရှိစေချင်တာပေါ့နော်။ BNI အနေနဲ့ကလည်း ရှေ့ဆက်ပြီးတော့ တချိန် ဖက်ဒရယ် ပြည်ထောင်စု အသစ် ကို ပြန်တည်ဆောက်ကြတဲ့ အခါကျရင်လည်း မီဒီယာအနေ နဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ အင်အားရှိတယ်၊ BNI အတွက် တွန်းအားတစ်ခုလည်း ဖြစ်စေချင်တာပေါ့” ဟု နန်းဖောကေ က ဆက်ပြောသည်။

လက်ရှိတွင် BNI အဖွဲ့သည် သျှမ်းသံတော်ဆင့် သတင်းဌာန အပါအဝင် တိုင်းရင်းသား မီဒီယာ (၁၅) ဖွဲ့ ဖြင့် စုဖွဲ့ထားခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...