နေရပ်ပြန် ကွတ်ခိုင်မြို့နယ် စစ်ဘေးရှောင်များ နေအိမ်ပြန်ဆောက်ရန် အကူအညီလိုအပ်

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်၊ ကောင်းလိန်ကျေးရွာအုပ်စု ကောင်းလိန်ကျေးရွာ နှင့် မန်လုံ ကျေးရွာတို့မှ နေရပ်ပြန်သည့် စစ်ဘေးရှောင်များသည် နေအိမ်ပြန်ဆောက်ရန်အတွက် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

Photo- Local

အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စစ်ကောင်စီတပ် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်တို့ ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကွတ်ခိုင်မြို့ပေါ်သို့ ၅ နှစ်ကျော် စစ်ရှောင် ထွက်ပြေးခဲ့ရာမှ ယခုနှစ် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်း ကာလတွင် နေရပ်ပြန်သွားခဲ့ကြသည်။

အဆိုပါ စစ်ရှောင်များသည် ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းမှ စတင်ကာ ကွတ်ခိုင်မြို့ နှင့် ၇ မိုင်ခန့် ကွာဝေးသည့် နေရပ် သို့ ပြန်လည်ရောက်ရှိပြီး ဖြစ်သော်လည်း နေရာထိုင်ခင်းအတွက် နေအိမ်များ ပြန်လည်တည်ဆောက်ရာတွင် အခက်အခဲ ရှိပြီး အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo- Local ( စစ်ရှောင်စခန်း)

“သူတို့ စစ်ရှောင်လာကြတာလည်း ကြာပြီဆိုတော့ ပြန်သွားတဲ့အချိန် အိမ်တွေကလည်း ပျက်စီးကုန်ကြပြီ၊ မိုးကာ တဲတွေ၊ ယာယီတဲတွေ ဆောက်ပြီး နေနေကြတာပေါ့၊ နေအိမ်ပြန်ဆောက်ဖို့ အကူညီတွေ လိုအပ်နေပါတယ်” ဟု စစ်ရှောင်ကူညီပေးနေသူ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်သည် မိုးရာသီလည်း ဖြစ်နေသည့်အတွက် နေရပ်ပြန်သွားသည့် စစ်ရှောင်များ ဆောက်ထားသည့် မိုးကာတဲ ၊ ယာယီတဲများက မလုံလောက်သဖြင့် အခက်အခဲ ရင်ဆိုင်နေရကြောင်းလည်း စစ်ရှောင်ကူညီ ပေးနေ သူက ဆက်ပြောသည်။

“သူတို့က အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရပါတယ်၊ စားဖို့သောက်ဖို့က အစ ရှားပါးတယ်၊ အဓိက ကတော့ နေထိုင်ဖို့ မိုးကာတဲတွေ၊ ယာယီတဲတွေကလည်း မိုးမလုံ လေမလုံဖြစ်နေတယ်၊ မိုးရွာရင် အရမ်းဒုက္ခရောက်တယ်၊ မနေ့ တနေ့ က မိုးရွာလိုက်တာ အားလုံးနီးပါး စိုကုန်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

လက်ရှိတွင် နေအိမ်ဆောက်လုပ်ရန်အတွက် သောက်ရေ၊ အစားအစာ၊ လျှပ်စစ်မီး၊ ဆေးဝါး နှင့် ငွေကြေး ထောက်ပံ့မှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

နေရပ်ပြန် စစ်ရှောင်ပြည်သူများအနေဖြင့် မိုးတွင်းကာလရောက်လာသည့်အတွက် နေအိမ်ခက်ခဲမှု ဖြေရှင်းချင် သော်လည်း ကူညီထောက်ပံ့မှုများ မရရှိသောကြောင့် အခက်ခဲများစွာ ရှိနေကြောင်း သိရသည်။

လက်ရှိ မန်လုံ‌ကျေးရွာတွင် အိမ်ထောင်စု ၃၂ စု နှင့် လူဦးရေ ၁၆၀ ရှိပြီး ကောင်းလိန်ကျေးရွာတွင် အိမ်ထောင်စု ၁၅ စု နှင့် လူဦးရေ ၁၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...