မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် နောင်ချိုဒေသခံများ တောင်ယာသွားရန် ကြောက်ရွံ့နေရ

သျှမ်းပြည် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း ဒေသခံများက တောင်ယာ အလုပ်သွားရန် ကြောက်ရွံ့နေရကြောင်း သတင်းသိရသည်။

(Photo – Local ) နောင်ချိုမြို့နယ်အတွင်း ဆင်ထားသည့် မြေမြှုပ်မိုင်းများအား တွေ့ရစဥ်

ဧပြီလနှောင်းပိုင်းမှ စတင်ကာ နောင်ချိုမြို့နယ် ခေးနင်းကျေးရွာအုပ်စု (ဒိုးပင်) မှ ဒေသခံများသည် လယ်ယာ သွားလမ်းတစ်လျောက် နှင့် လုပ်ငန်းခွင် အနီးပတ်ဝန်းကျင်၌ မိုင်းထောင်ထားသည့် အနေအထားများ တွေ့နေရသဖြင့် တောင်ယာ၊ လုပ်ငန်းခွင်သို့ မသွားရဲကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဝမ်းစာရှာဖွေ စားသောက်ရေး ဖြစ်တယ်ဆိုပေမယ့် အဲ့လို မိုင်းထောင်ထားတာတွေ တွေ့နေရတော့ ကြောက်တာပေါ့၊ မိုင်းနင်းမိမှာ ၊ ပေါက်ကွဲမှာကို ကြောက်တယ်၊ အကြောက်ဆုံးကတော့ အိမ်နား တစ်ဝိုက် မိုင်းတွေပေါက်ကွဲမှာကို ကြောက်တယ်၊ အခုလည်း မိုင်းထောင်ထားတာ တော်တော်များ တွေ့နေရတယ်”ဟု ခေးနင်းကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

(Photo – Local ) နောင်ချိုမြို့နယ်အတွင်း ဆင်ထားသည့် မြေမြှုပ်မိုင်းများအား တွေ့ရစဥ်

ယင်းကဲ့သို့ မိုင်းများထောင်ထားမှုကြောင့် လုပ်ငန်းခွင် မသွားနိုင်ကြသည့်အတွက် ဒေသခံများအနေဖြင့် နောက်နှစ်အတွက် စားဝတ်နေရေး မလုံလောက်မှာကို စိုးရိမ်ရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ရက်သတ္တပတ်အတွင်း ခေးနင်းကျေးရွာအုပ်စု (ဒိုးပင်) မှ တစ်နေ့လျှင် ဗုံး ၂ လုံး ၃ လုံးထက်မနည်း နေ့စဥ်နီးပါး ပေါက်ကွဲမှု ရှိနေကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“နေ့စဥ်နီးပါး မိုင်းပေါက်ကွဲတဲ့ အသံတွေက ၂ – ၃ကြိမ်လောက် ကြားနေရတယ်၊ ကျွဲတွေ နွားတွေက သွားနင်းမိပြီး တော့ ပေါက်ကွဲတာလို့ထင်တယ်၊ အခုချိန်မှာ စားကျက်ထဲ တောထဲကို လွတ်သွားတဲ့ ကျွဲ ၊ နွားတွေ သေဆုံးမှု ဘယ်လောက်ရှိနေမှန်း မသိနိုင်တော့ဘူး၊ ရွာသားတွေကလည်း မသွားကြည့်ရဲဘူး၊ ကိုယ်တိုင်က မိုင်းသွားနင်းမိမှာကြောက်လို့လေ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

(Photo – Local ) နောင်ချိုမြို့နယ်အတွင်း ဆင်ထားသည့် မြေမြှုပ်မိုင်းများအား တွေ့ရစဥ်

မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရသည့် ဒေသခံများ၏ ကျွဲ၊ နွား များတချို့သည် ကုသမှု ခံယူရပြီး ဒဏ်ရာပျောက်ကင်းမှု ရှိသော်လည်း တချို့က တောထဲမှာပင် သေဆုံးမှုလည်း အများအပြား ရှိလာကြောင်း ဒေသခံများက ပြောသည်။

ခေးနင်းကျေးရွာ အုပ်စုမှ ခေးနင်းကျေးရွာ (ဒိုးပင်) ၊ ကုန်းစံရွာ၊ ပိန်းအွယ်ရွာ၊ ခိုင်းမွန်ရွာ၊ လုံခန်ကျေးရွာ နှင့် ပန်ကိတ် (ဝၢၼ်ႈပၢင်ၵိုတ်ႈ) စသဖြင့် ရွာပေါင်း ၆ ရွာရှိနေပြီး ခေးနင်းရွာသား ၂ ဦးက မိုင်းနင်းမိ ဒဏ်ရာရထားကြောင်း သိရသည်။

ယင်းကဲ့သို့ မိုင်းထောင်ထားမှု၊ မိုင်းနင်းမိ ပေါက်ကွဲမှု များပြားနေသဖြင့် ဒေသခံများက လက်နက်ကိုင် တပ်ဖွဲ့များ လာဖြုတ်ပေးရန် တောင်းဆိုသာ်လည်း မည်သည့်လက်နက်ကိုင် တပ်ဖွဲ့မှ လာရောက်ကူညီ လုပ်ဆောင်ပေးခြင်း မရှိကြောင်း အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက ပြောသည်။

(Photo – Local ) နောင်ချိုမြို့နယ်အတွင်း ဆင်ထားသည့် မြေမြှုပ်မိုင်းများအား တွေ့ရစဥ်

“ဗမာစစ်တပ် (စစ်ကောင်စီ) က ရွာတွေထဲ ဝင်ထွက်သွားလာမှု ရှိနေတော့ မိုင်းတွေကို ဖြုတ်ပေးဖို့ ကျနော်တို့ ရွာသားတွေ တောင်းဆိုဖူးတယ်၊ ဒါပေမဲ့ သူတို့က မအားသေးဘူးတဲ့၊ PDF တွေကလည်း စစ်ကောင်စီတွေ ရှိနေရင် လာလို့ အဆင်မပြေဘူး၊ ထိတွေ့မှု ဖြစ်မှာစိုးလို့တဲ့” ဟု အသက် ၄၀ ကျော်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့မှ ၁၂၂ ရက်နေ့အထိ ၁၈ ရက်တာ ကာလအတွင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ PDF တို့က နောင်ချိုမြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့သည် မြေပြင်စစ်အင်အား အများအပြားဖြင့် ၁၂၀ မမ လက်နက်ကြီးဖြင့်သော်လည်းကောင်း လေကြောင်းတိုက်ခိုက်မှု စစ်လေယာဥ်များဖြင့် သော်လည်းကောင်း PDF ပူးပေါင်းတပ်ဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲကြားတွင် နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဧပြီလ ၅ ရက်နေ့တွင် အသက် ၁၁ လအရွယ် စိုင်းဝါဝါထွန်း ၊ အသက် ၁၄ နှစ်အရွယ် နန်းမအေး တို့ သေဆုံးခဲ့ရပြီး၊ ဧပြီလ ၁၁ ရက်နေ့တွင် အသက် ၇၀ ကျော်ရှိ လုင်းစန္ဒိမာလည်း လက်နက်ကြီး ထိမှန်သေဆုံးပြီး၊ ဧပြီ (၂၁) ရက်နေ့မှာ ကုလားကွဲကျေးရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျသဖြင့် အသက် ၅၂ နှစ်အရွယ် ဦးချစ်စိန် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...