ပင်လောင်း စစ်ရှောင်လူငယ် မိုင်းနင်းမိ၊ ဆေးဝါးကုသရန် အကူညီလိုအပ်

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့ စစ်ရှောင်လူငယ် အမျိုးသားတစ်ဦး နေရပ်ပြန်သွားစဥ် မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း စုံစမ်းသိရသည်။

မြေမြှုပ်မိုင်း

ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် ပင်လောင်းမြို့နယ် ဝါးလီးစစ်ဘေးရှောင်စခန်းမှ လုံးပျဉ်ကျေးရွာအုပ်စု ပင်ပုံရွာသို့ နေရပ်ပြန်သွားသည့် အသက် ၂၀ အရွယ်ရှိ စစ်ရှောင်လူငယ်တစ်ဦးသည် ရွာအနီးရောက်စဥ် မိုင်းနင်းမိပြီး ညာဖက်ခြေထောက် ကြေမွသွားကြောင်း ပင်လောင်း စစ်ရှောင်ကူညီနေသူ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့ပြင် ပေါက်ကွဲသွားသည့် မိုင်းစများကြောင့် ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ သူက လုံးပျဉ်ဖက်ကို ခဏ ပြန်သွားတာဗျ။ ရွာအနီးအနားက လူသွားတဲ့ လမ်းကြားမှာ မိုင်းနင်းမိတာ။ ညာဖက်ခြေထောက် တစ်ချောင်းတော့ ဖြတ်ရမယ်။ ပြတ်သွားပြီလို့ ပြောတယ်။ ခန္ဓာကိုယ် အနံ့လည်း မိုင်းစကြောင့် ထိခိုက်ဒဏ်ရာတွေ ရထားတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ မိုင်းနင်းမိသူ စစ်ဘေးရှောင်တစ်ဦးသည် အသက် ၂၀ နှစ်ကျော် အမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိမှာ တောင်ကြီးဆေးရုံတစ်ခု၌ ဆေးဝါးကုသမှု ခံယူနေရသလို ကုသမှု ကုန်ကျစရိတ်လည်း အခက်ခဲရှိနေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်သည့် တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ လုံးပျဉ်၊ ပုံပင် စသည့်ကျေးရွာများတွင် မြေမြှုပ်မိုင်းပေါများသည့်အတွက် လက်ရှိအခြေအနေမှာ ပြည်သူများအနေဖြင့် နေရပ်မပြန်သင့်သေးကြောင်း PNDF KK မှ တာဝန်ခံ ခွန်ဗွေဟုန်း ကပြောသည်။

“ပင်လောင်း နဲ့ ဖယ်ခုံဒေသမှာ စစ်ကောင်စီတွေက အင်အားတိုးလာလေ သူတို့ ရောက်တဲ့နေရာ၊ ရွာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တတ်တယ်။ ပြီးတော့ ဒီအချိန်မှာ တိုက်ပွဲဖြစ်တဲ့ဒေသမှာ နေရပ် မပြန်တာ အကောင်းဆုံးပဲ။ အဓိကတော့ ဆင်ခြင်ရမှာပေါ့။ အဲ့လိုကြားရရင် ကျနော်တို့လည်း စိတ်မကောင်းဘူး။ ဘာမှ မလုပ်ပေးနိုင်ဘူး “ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်က စစ်ကောင်စီသည် နိမ့်နိန်းကျေးရွာဘုန်းကြီးကျောင်းတွင်
ခိုလှုံနေသည့် ဘုန်းကြီး ၃ ပါး နှင့် အရပ်သား ၁၈ ဦး သတ်ဖြတ်ခံရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...