တန့်ယန်းမြို့နယ် ကျောက်မီးသွေး တူးဖော် နမ့်ပန်ချောင်း ထိခိုက်မည်ကို စိုးရိမ်နေ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ် အတွင်း ကျောက်မီးသွေး တူးဖော်မှုကြောင့် နမ့်ပန်ချောင်း ထိခိုက်မှာကို ဒေသခံများက စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ပုံ/ဟောင်း ( တန့်ယန်းမြို့နယ်အတွင်းကျောက်မီးသွေး တူးဖော်မှု)

တန့်ယန်းမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စုရှိ နမ့်ပန်ချောင်း၏ ရေထွက် အရင်းအမြစ်အနီးတွင် AAA (A သုံးလုံး) ကုမ္ပဏီမှ ကျောက်မီးသွေး တူးဖော်မှုကြောင့် နမ့်ပန်ချောင်း ရေထွက်ဦး နေရာထိခိုက်မှု ရှိလာနိုင်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တူးနေတာကတော့ AAA ကုမ္ပဏီက ဖြစ်ပါတယ်၊ တူးလိုက် ရပ်လိုက်လုပ်ပေမဲ့ လုပ်နေတာလည်း နှစ်ပေါင်း ကြာလာပြီဆိုတော့ မြေအောက်ကနေ မြစ်ရဲ့ ရေထွက်ဦး နေရာနားကို နီးလာနေပြီ၊ အခုက ရေနှောက်တာတော့ ဖြစ်တယ်၊ ဆက်လုပ်မယ်ဆိုရင်တော့ မြစ်ကို ထိခိုက်မှာ ကြောက်ရတယ်” ဟု တန့်ယန်းမြို့ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံ/ဟောင်း (တန့်ယန်းမြို့နယ်အတွင်းကျောက်မီးသွေး တူးဖော်မှုကြောင့် ကျေးရွာအတွင်း မြေအက်သွားပုံ)

အဆိုပါ AAA (A သုံးလုံး) ကုမ္ပဏီမှ တူးဖော်နေသည့် ဝမ်ပန်ကျေးရွာအုပ်စုမှ ကျောက်မီးသွေးတွင်းသည် နှစ်ပေါင်း ၁၇/၁၈ နှစ်နီးပါး ကြာခဲ့ပြီဖြစ်သည့်အတွက် လက်ရှိမှာ နမ့်ပန်ချောင်း နှင့် နီးစပ်လာကာ ရေချောင်း တိမ်ကောသွားမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

အလားတူ တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုအတွင်းတွင် ငွေရည်ပုလဲမှ တူးဖော်နေသည့်အနီးတဝှိက် ကျေးရွာများ မြေအက်ကွဲမှုကြောင့် ၂၀၂၀ ခုနှစ်တွင် တန့်ယန်းမြို့နယ် တက်လျက်ကျေးရွာတွင် ပြည်သူနေအိမ် (၁၁) အိမ် မဖြစ်မနေ ပြောင်းရွှေ့ ခဲ့ရကြောင်း သိရသည်။

“မြေတွေ အက်လာတာတွေ၊ ရေတွေ နှောက်ကျိလာတာကတော့ မဖြစ်စဖူး ဖြစ်လာတာပေါ့၊ ဒီအနားနားက ကျေးရွာတွေ ပြောင်းနေရတာတွေလည်း ရှိတယ်၊ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် တခြားရွာကလည်း ထပ်ပြောင်းရမှာ ဖြစ်လာနိုင်တယ်၊ ချောင်းရေ၊ လယ်မြေတွေလည်း ရှားလာတာပေါ့” ဟု ၎င်းက ဆက်ဆိုသည်။

တန့်ယန်းမြို့နယ်အတွင်းတွင် ကျောက်မီးသွေးကုမ္ပဏီ၊ ရာဘာကုမ္ပဏီများမှ ရပ်ရွာ လယ်ယာမြေများအား အဓမ္မ သိမ်းပိုက် ဝယ်ယူခြင်း၊ ဒေသခံများ မွေးမြူရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေ အတွက် အားကိုးအားထားရသည့် ရေထွက်ဦးများ သိမ်းပိုက် ဖျက်ဆီး နေသည့် ပြသာနာများ ၁၀ စု နှစ်ချီ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...