တာချီလိတ် လိုင်စင်မဲ့ ယာဉ်များအတွက် လမ်းဘေး၌ ဖောင်းကြွနံပါတ်ပြားအတု ရောင်းချပေးနေ

မြန်မာ – ထိုင်းနယ်စပ်ဒေသဖြစ်သည့် သျှမ်းပြည် တာချီလိတ်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအတွက် လမ်းဘေး၌ ဖောင်းကြွနံပါတ်ပြားအတု ရောင်းချပေးမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။

ပုံ – တာချီလိတ် မဏ္ဍိုင်

စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ၏ ထုတ်ပြန်ကြေညာချက် အရ မေလ ၈ ရက်နေ့မှ စ၍ ၁၅ ရက် ကာလအတွင်း ဖောင်းကြွနံပါတ်ပြား မလဲရသေးသည့် ယာဉ်များကို စတင်အရေးယူမည်ဟု ကြေညာထားသည်။

တာချီလိတ်မြို့တွင် မေလ ၁၆ ရက်မှ စတင်ပြီး ဖောင်းကြွမလဲရသေးသည့် မော်တော်ယာဉ်များကို စတင်စစ်ဆေး နေလျက်ရှိပြီး ယမန်နေ့ မေလ ၁၇ ရက်၌ တာချီလိတ်မြို့နယ် အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ကညန၊ ပို့ဆက်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး စစ်ဆေးနေကြောင်း တာချီလိတ် ဒေသခံတစ်ဦးက ပြောသည်။

“ မနေ့ကတော့ တံတားမှာ စစ်ဆေးနေတာ တွေ့တယ်၊ မြို့ထဲမှာတော့ ဝင်မစစ်ဘူး။ လိုင်စင်ရှိတဲ့ကားမှ တံတားကို ဖြတ်လို့ရတာလေ။ အဲ့ကြောင့် သူတို့က အဲ့တံတားမှာ သွားစောင့်ပြီး စစ်ဆေးတာ။ မြို့ထဲ၊ လမ်းထဲမှာ ဖောင်းကြွနံပါတ်ပြားတွေ မလဲရသေးတဲ့ကားတွေ အများကြီးပဲ။ သူတို့က ဒါတွေ အကုန်လုံး လိုက်ပြီး မစစ်နိုင်ပါဘူး “ ဟု ၎င်းက ပြောသည်။

ပုံ – တာချီလိတ် မဏ္ဍိုင်

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့သို့ ရွှေ့ပြောင်းပြီး အလုပ်လုပ်ကိုင်နေသော အလုပ်သမား၊ လူနေထူထပ် များလာသည်နှင့်အမျှ လိုင်စင်မဲ့မော်တော်ကား၊ ဆိုင်ကယ်များကို အသုံးပြုနေသူ ပျှမ်းမျှ ၈၀ ရာခိုင်နှုန်းရှိနေကြောင်းလည်း သိရသည်။

အဆိုပါ ဖောင်းကြွနံပါတ်ပြားအသစ် မလဲရသေးသည့် ယာဉ်များကို ဖမ်းဆီးအရေးယူမည်ဆိုသည့် သတင်းကြောင့် တာချီလိတ်မြို့တွင် လိုင်စင်မဲ့ယာဉ်များအတွက် လမ်းဘေး၌ ဖောင်းကြွနံပါတ်ပြားအတု ရောင်းချပေးမှု ရှိနေကြောင်း သိရသည်။

“ ဝစ်တောက် (လိုင်စင်မဲ့ကား) ကားတွေက အတုပေး လုပ်ပေးတာပေါ့။ အတုလုပ်ပြီး လမ်းဘေးမှာ ရောင်းနေတာလည်း ရှိတယ်။ တကယ်တော့ ဖောင်းကြွနံပါတ်ပြားတွေက လိုင်စင်ရှိတဲ့ကားတွေကို လုပ်ပေးတာ။ ဝစ်တောက် ကားတွေကို လုပ်ပေးမယ်ဆိုလည်း အတုတွေဘဲ လုပ်ပေးနိုင်မှာပေါ့။ တာချီလိတ်မှာ ဝစ်တောက် ကားတွေဘဲ စီးကြတာများတယ်။ တမြို့လုံးမှာ ဝစ်တောက် ကားတွေက ၈၀ ရာခိုင်နှုန်းလောက် ရှိတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ပုံ – တာချီလိတ် မဏ္ဍိုင်

ယင်း ဖောင်းကြွနံပါတ်ပြားအတု ရောင်းချမှုသည် တာချီလိတ်မြို့အပြင် တောင်ကြီးမြို့နယ် အေးသာယာမြို့တွင်လည်း ဖောင်းကြွနံပါတ်ပြားအတု ရောင်းချမှုရှိနေပြီး ဖောင်းကြွနံပါတ်ပြား တစ်ချပ်ကို ကျပ်ငွေ ၅၀,၀၀၀ ကျပ်ဖြင့် လုပ်ပေးနေကြောင်း သိရသည်။

ထို့အပြင် ဖောင်းကြွနံပါတ်ပြား မလဲရသေးသည့် ယာဉ်များကို ဖမ်းမိပါက တစ်စီးကို ဒဏ်ငွေ ၅,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ၁၅ ရက်အတွင်း မလဲရသေးပါက ကား၏ သက်သေခံလက်မှတ် (ဝှီးတက်)ကို သိမ်းမည်ဟု ထုတ်ပြန်ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

အလားတူ တာချီလိတ်မြို့တွင် ဖောင်းကြွနံပါတ်ပြား မတပ်ရသေးသည့် ကားတွေကို လတ်တလော၌ ဖမ်းပြီး ဝှီးတက်တွေကို သိမ်းယူထားမိကြောင်း၊ ဖောင်းကြွနံပါတ်ပြား တပ်ဆင်ထားပြီးမှသာ ပြန်ပေးမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီ လက်အောက်ခံ တာချီလိတ် မဏ္ဍိုင်သတင်းမှ ထုတ်ဖော်ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...