ပင်လောင်း တိုက်ပွဲကြား နမ့်နိန်း ပြည်သူနေအိမ် ၁၃၀ ခန့် မီးလောင်ပြာကျ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းရွာတွင် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားနေအိမ် ၁၃၀ ခန့် မီးလောင်ပြာကျသွားကြောင်း စုံစမ်းသိရှိရသည်။

နမ့်နိန်းကျေးရွာ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှ ယနေ့ မေလ ၁၇ ရက်ထိ သုံးလနီးပါးကြာ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသအသီးသီး၌ စစ်ကောင်စီသည် လေကြောင်းအသုံးပြုပြီး ဆေးရုံ၊ ဆေးခန်း အပါအဝင် ဘုန်းကြီးကျောင်း၊ အရပ်သားနေအိမ်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အလားတူ ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာတွင်လည်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သုံးလအတွင်း အရပ်သားနေအိမ် ၁၃၀ လုံးခန့် မီးလောင်ပြာကျသွားကြောင်း နေရပ်ပြန်သွားသည့် ဒေသခံတစ်ဦးက ပြောသည်။

“ အိမ်ခြေတော့ များတယ်၊ ၃၈၀ လောက်ရှိမယ်။ မီးထဲပါသွားတာ ၁၃၀ လုံးလောက်ရှိတယ်။ ကလေးတွေနဲ့ ရွာကိုစထွက်လာပြီးကတည်းက နောက်ပိုင်းအကြောင်းတွေ သိပ်မသိရတော့ဘူး။ အခုတော့ ပြန်မရနိုင်တော့မယ့် အတူတူ ပျော်ပျော်ဘဲ ရှေ့ဆက်အားတင်းထားရမှာပေါ့ “ ဟု ၎င်းက ပြောသည်။

အဆိုပါ နမ့်နိန်းရွာတွင် စုစုပေါင်း အိမ်ခြေ ၃၈၀ ခန့်ရှိပြီး လက်ရှိ မီးလောင်ပြာကျသွားသည့် အိမ်ခြေဟာ ၁၃၀ လုံးခန့်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် သျှမ်း – ကယားနယ်စပ်ဒေသရှိ ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်း မြို့နယ်တွင် နေ့စဉ်နီးပါး စစ်ကောင်စီ၏ လေယာဉ်ပျံဝဲနေဆဲရှိပြီး စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်း အပါအဝင် အရပ်သားနေအိမ်ကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေလျက်ရှိသောကြောင့် နေရပ်သို့ မပြန်နိုင်သေးကြောင်း ဖယ်ခုံစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ အခုက အိမ်ကို ပြန်သွားလို့ ရပေမယ့်လည်း စစ်ကောင်စီက ဖယ်ခုံမြို့ပေါ်ကနေ အရှေ့ဖက်ခြမ်းက ရွာတွေကို လက်နက်ကြီးနဲ့ထုတယ်။ အခုပြန်သွားရင် ကလေးငယ်တွေလည်း ပါတော့ စိုးရိမ်ရတယ်။ နေအိမ်ပေါ်ကို လက်နက်ကြီး ကျပေါက်ကွဲမလား စိုးရိမ်ရတယ်။ လက်နက်ငယ်တွေပဲ မဟုတ်ဘူး၊ လက်နက်ကြီးတွေပါတော့ စိုးရိမ်ရတာပေါ့ “ ဟု ၎င်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်က စစ်ကောင်စီသည် နိမ့်နိန်းကျေးရွာဘုန်းကြီးကျောင်းတွင်
ခိုလှုံနေသည့် ဘုန်းကြီး ၃ ပါး နှင့် အရပ်သား ၁၈ ဦး သတ်ဖြတ်ခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကယားနယ်စပ်ဒေသ တလျောက်ရှိ ပင်လောင်း၊ ဖယ်ခုံ နှင့် မိုးဗြဲ မြို့နယ်တွင် လက်နက်ကိုင် ခုခံမှုကို စစ်ကောင်စီတပ်ဖွဲ့မှ အပြင်းအထန် နှိမ်နင်းလာမှုကြောင့် ပြီးခဲ့သည့် ၂၆ လအတွင်း အရပ်သား ၄၅၂ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်ထားသည်။

အရပ်သားသေဆုံးမှု ဖြစ်စဉ်တွင် စစ်ကောင်စီမှ လက်နက်ကြီး နှင့် လေကြောင်းဖြင့်ပါ တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို PKPF ၏ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနှစ်တွင် ၂ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၁၈၂ ကြိမ် နှင့် ယခု ၂၀၂၃ ခုနှစ် ပထမ (၄) လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၇၉ ကြိမ် မြင့်တက်လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...