Friday, February 13, 2026

စစ်ကောင်စီ

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စစ်မှန်မည် မဟုတ်ဟု KIA ပြော

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် စစ်မှန်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မဟုတ်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုလိုက်သည်။ လာမည့် အောက်တိုဘာလ ၁၅ ရက်တွင်ကျရောက်သည့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ရန် စစ်ကောင်စီ၏ ဖိတ်ကြားခဲ့သော်လည်း...

သိန္နီမြို့နယ် ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီဝင်နေပြီး လက်နက်ကြီး ပစ်ခတ်နေ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုရှိ ကွန်ကောက်ဘုန်းကြီးကျောင်း ၌ စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက်နေရာယူပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀) ရက် မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် ကွန်ကောက်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ နေရာယူပြီး တောင်ပေါ်တွင်...

မိုးဗြဲမြို့ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းတခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ် မိုးဗြဲမြို့၊ ဒုန်းဒူထန်ရွာရှိ ရထားသံလမ်းအနီး တပ်စွဲထားသော စစ်ကောင်စီ စခန်းတခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DMO-PDF မှ ယနေ့ (အောက်တိုဘာ ၁၀) ရက်တွင် ထုတ်ပြန်ထားသည်။ ယမန်နေ့ (အောက်တိုဘာလ ၉ ရက်)...

မြန်မာစစ်တပ်အပေါ် လက်နက်ပိတ်ပင်ပြီး တိုက်လေယာဉ်ဆီများ တင်ပို့မှုရပ်ဆိုင်းရန် ကုလသမဂ္ဂ၌ တိုက်တွန်းတောင်းဆို

မြန်မာစစ်တပ်၏ ပြည်သူများအပေါ် လူမဆန် သတ်ဖြတ်မှုများကို ရပ်တန့်ရန် အတွက် မြန်မာစစ်တပ် ကို လက်နက်ပိတ်ပင်ပြီး တိုက်လေယာဥ်ဆီများတင်ပို့မှုရပ်ဆိုင်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းတောင်းဆိုလိုက်သည်။ အဆိုပါ တောင်းဆိုမှုသည် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ လက်နက် ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ၏ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင်...

စစ်တပ်နောက်ခံယူပြီး ဖူလီလိုက် လားရှိုးမြို့ပေါ် စီးပွားရေး သောင်းကျန်း

“လားရှိုးမြို့ပေါ်မှာ တရုတ်ပြည်အလား တိုက်လာဆောက်နေတာ အများကြီးရှိပါတယ်။” လို့ လားရှိုးမြို့ ဒေသခံ စိုင်းလိတ်က ပြောပါတယ်။ အဲ့ဒီအဆောက်အဦးကို ကြည့်မယ်ဆိုပါက လားရှိုးမြို့ဟာ ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးကောင်းမွန်နေတဲ့ မြို့တော်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ လားရှိုးမြို့ဟာ တရုတ် - မြန်မာ (၂) နိုင်ငံကြား ကုန်တင်ပို့မှု စီးပွားရေး အချက်အခြားကြတဲ့ မြို့ကြီးတစ်ခုဖြစ်ပြီး၊...

သိန္နီမြို့နယ် စစ်ကောင်စီ အင်အားထပ်ဖြည့်နေ၊ စစ်ရှောင်များက နေရပ်မပြန်နိုင်သေး

သျှမ်းပြည် သိန္နီမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က စစ်အင်အားထပ်မံ ဖြည့်တင်း နေပြီး စစ်ရှောင်များ နေရပ်မပြနိုင်ကြသေးကြောင်း စုံစမ်းသိရသည်။ ယနေ့( စက်တင်ဘာလ ၁၀) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်၊ စယ်အူကျေးရွာ အုပ်စု၊ ဆာမိုင်ရွာ (ဝၢၼ်ႈသႃႇမႂ်ႇ) အတွင်းသို့ စစ်ကောင်စီ...

ညောင်ရွှေမြို့နယ် အင်းလေးဒေသ စစ်ဆေးရေးဂိတ်တွင် ဗျုတပ်ဖွဲ့ဝင်များစောင့်ပြီး ဆက်ကြေးကောက်

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ စစ်ဆေးရေးဂိတ်အချို့တွင် ဗျူစောထီးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းပြီး ဆက်ကြေး ကောက်ခံမှုပြုလုပ်နေသဖြင့် ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း အင်းလေးဒေသ ကျေးပေါခုံကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်းဘုရားမှ စစ်ဆေးရေးဂိတ်တွင် ဗျုစောထီးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းပြီး ကားတစ်စီးလျှင် ကျပ်ငွေ ၅ ထောင်မှ ၁ သောင်းခွဲ...

BRI ပိုးလမ်းမ စီမံကိန်း တိုးမြှင့်လုပ်နေသည့်အပေါ် ရပ်တန့်ရန် KWAT တောင်းဆို

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ BRI-ပိုးလမ်းမ စီမံကိန်းတိုးမြှင့်လုပ်ဆောင်မည့် အစီအစဉ်များကို ရပ်တန့်ရန် ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) က တောင်းဆိုလိုက်သည်။ စစ်ကောင်စီသည် BRI -ပိုးလမ်းမစီမံကိန်းတိုးချဲ့ပြုလုပ်နေသည့်အပေါ်ရပ်တန့်ပေးရန် နှင့် ကချင်ပြည် နှင့် သျှမ်းပြည် မြောက်ပိုင်း အတွင်း စစ်ကောင်စီမှ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုပြင်းထန်လာပြီး KWAT က...

သိန္နီမြို့နယ် ကိုယ်ဝန်သည်တစ်ဦး လက်နက်ကြီး ထိမှန်

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်သည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၉) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ စတင်ကာ သိန္နီမြို့နယ် ကွန်ကောက် ကျေးရွာအုပ်စု (ဢိူင်ႇၵုၼ်ၵွၵ်ႇ)၊...

မိုးဗြဲမြို့ပေါ် စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် သျှမ်းပြည် မိုးဗြဲမြို့ပေါ်ရှိ လူနေအိမ်ရပ်ကွက်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၆ နာရီမှစပြီး မိုးဗြဲမြို့ အခြေစိုက် ခမရ (၄၂၂)၊ ရေကာတာအစောင့်မှ နေ၍ မြို့ပေါ်ရှိ လူနေအိမ်...

Latest news