ကလေး “စာမရတာ” ညိုမဲထိ ရိုက်နှက်ခွင့်ရှိလား

ကျောင်း ဝတ်စုံ အဖြူ၊ အစိမ်း ဝတ်ဆင်ပြီး ကုတင်ပေါ်မှာ လဲလှောင်းကာ နာကျင်တဲ့ ဝေဒနာကို ကြိတ်ခံရင်း နှုတ်ကနေ  တချက်ချက် တိုးတိတ်စွာ ငြီးငြူနေပါတယ်။

ညိုမဲစွာ ရိုက်နှက်ခံရတဲ့ကလေးငယ်

အဲ့ဒီ နာကျင်မှုတွေနဲ့ ငြီးငြူနေတဲ့သူကတော့ အသက် ၇ နှစ်အရွယ် သာရှိပြီး  မိုင်းရှူးမြို့နယ် ဟိုနမ့်ကျေးရွာက အခြေခံ မူလတန်းကျောင်းမှာ ပထမတန်းကျောင်းတက်နေသူဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ အောက်တိုဘာ ၉ရက်မှာ ကျောင်းမှာ စာမေးပွဲဖြေဆိုရန် အတွက် “ စာမရသေးဘူး”လို့ ဆရာမကို ပြောဆိုမိခဲ့ရာမှ ဆရာမရဲ့ ရိုက်နှက်မှုကြောင့် ဦးခေါင်း၊ မျက်နှာတပြင်လုံး ညိုမဲစွဲနေတဲ့ ဒဏ်ရာဟာ ရစရာ မရှိအောင်ပါပဲ။

“ကလေးကို ရိုက်နှက်ပြီးမှာ ကလေးက အော်ငိုလို့ သူ့ရဲ့ အဖွားက ကျောင်းထိ သွားကြိုတယ်။ အဲ့တုန်းကလည်း သတိမေ့တဲ့ အခြေအနေထိ ဖြစ်တယ်။ အရေးပေါ် အခြေအနေနဲ့ မိုင်းရှူး ဆေးရုံကို ညတွင်းချင်း ပို့လိုက်တယ်” လို့ ရိုက်နှက်ခံရတဲ့ နန်းငင်းနွံရဲ့ ဆွေမျိုးတော်စပ်သူ နန်းဆိုင် က စိတ်မကောင်းစွာ ပြောပြပါတယ်။

ကလေးရဲ့ ဒဏ်ရာတွေဟာ ပြင်းထန်မှုတွေကြောင့် မိုင်းရှူးမြို့က ဆရာဝန်တွေကတော့ လက်မခံရဲဘဲ တောင်ကြီးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန် ညွှန်ကြားခဲ့ပါတယ်။ ဒါပေမယ့် နန်းငင်းနွံ ရဲ့ မိသားစုဝင်တွေဟာ ငွေကြေး အခက်အခဲတွေကြောင့်  ခိုလမ်မြို့ရဲ့ စစ်ဆေးရုံကိုသာ ပို့ဆောင်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ 

လက်ရှိမှာ ခိုလမ်မြို့ ကုတင် (၈၀) စစ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ 

သူမရဲ့ အတန်းထဲက ကလေးတွေပြောပြချက်အရ “ဆရာမက သူ့ကို ခြေထောက်နဲ့ ကန်တာတွေ၊ တုတ် နဲ့ ဦးခေါင်းကို ဦးတည်ပြီး ရိုက်တာတွေလုပ်တယ်” လို့ ကြားသိရပါတယ်။ 

နန်းငင်းနွံရဲ့ မိဘတွေဟာ နိုင်ငံရေး အခြေအနေရှုပ်ထွေးမှု၊ စီးပွားရေး ရှာဖွေစားသောက်ရ ခက်ခဲမှုတွေကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရတဲ့အတွက် အဘိုး၊ အဘွား နဲ့ အတူနေထိုင်ရတဲ့ ကလေးတစ်ဦးလည်း ဖြစ်ပါတယ်။ 

ညိုမဲအောင်ရိုက်နှက်ခဲရတဲ့ ကလေးငယ်

“သူ့ (နန်းငင်းနွံ) ရဲ့ အဘွားကတော့ ငိုပြီး စိတ်မကောင်း ဖြစ်နေတယ်။ သူလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ဖြစ်နေတယ်” လို့ နန်းဆိုင် က ဆိုပြန်ပါတယ်။

နန်းငင်းနွံ တစ်ယောက် လက်ရှိမှာ အနည်းငယ် သက်သာလာပြီဖြစ်ပေမယ့် မျက်ခွင်းကတော့ ညိုမဲနေဆဲဖြစ်ပြီး ပုံမှန် အနေအထား မရောက်ရှိသေးပါဘူး။ 

“အခု ကလေးက နည်းနည်းသက်သာလာပြီ၊ ထမင်းတော့ မစားရသေးဘူး။ ဆရာဝန်တွေက ဆန်ပြုတ်ပဲ သောက်ခိုင်း ထားတယ်” လို့ နန်းဆိုင် က လက်ရှိ ကလေးရဲ့ ကျန်းမာရေး အခြေအနေကို ပြောပြပါတယ်။  

သူမဟာ လဲလှောင်းရာကနေ ထနိုင်ပြီဆိုသော်လည်း အကြာကြီး ထထိုင်တာ မရသေးကြောင်း၊ အတွင်းဒဏ်ရာတွေ ကိုက်ခဲနေသေးသဖြင့် ဦးခေါင်းကို သတိထားပြီး လုပ်နေရကြောင်းလည်း ခိုလမ်မြို့ စစ်ဆေးရုံသို့ သွားရောက် ကြည့်ရှု့ကူညီတဲ့ အမျိုးသမီးတစ်ဦးက ပြန်ပြောပြပါတယ်။ 

ညိုမဲစွာအောင်ရိုက်နှက်ခံရတဲ့ကလေးငယ်ကို သွားရောက်ကြည့်ရှုကူညီနေစဥ်

“ဦးခေါင်းက အရမ်းကို နုနယ်တဲ့ နေရာပါ။ အခမသင့်ရင်တောင် အသက်ပါ ဆုံးရှုံးနိုင်ပါတယ်။ နောက် ကလေးတွေ စာမရလို့ ရိုက်တဲ့ခေတ်က ကုန်နေပြီလေ။ စာမရတိုင်းတာ ရိုက်ရင် ကလေးတွေကျောင်းမသွားချင်တဲ့စိတ်ကို လုပ်လိုက်တာပဲ” လို့ ၎င်း အမျိုးသမီး ကဆိုပြန်ပါတယ်။

နန်းငင်းနွံရဲ့  ဦးခေါင်းကို ဒဏ်ရာပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ ကျောင်းဆရာမ နန်းနွန်းကိုတော့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးမှ အရေးယူထားကြောင်း၊ အသေးစိတ်ကိုတော့ မသိရှိရသေးကြောင်း နန်းငင်းနွံ​ရဲ့ အဒေါ် နန်းဆိုင် က ပြောပြပါတယ်။

သျှမ်းပြည်တဝှမ်းရှိ ကျေးလက်ဒေသတွေမှာ နေထိုင်ပြီး ပညာသင်ကြားနေတဲ့ ကလေးငယ်တွေကို ကျောင်းဆရာမတွေက ရိုက်နှက်ဆုံးမနေတာ  ကလေး လူ့အခွင့်အရေးကို ကြီးမားစွာ ချိုးဖောက်နေတာ ယနေ့ထိတိုင် ရှိနေဆဲ ဆိုတာ မီးမောင်းထိုးပြနေပါတယ်။ 

လွန်ခဲ့တဲ့  သြဂုတ်လ ၁၈ ရက်မှာလည်း ကျိုင်းတုံမြို့နယ် အမှတ် (၆) အခြေခံပညာ မူလတန်းကျောင်းသူ တစ်ဦး လက်သည်းမညှပ်ခဲ့တဲ့ကိစ္စ နဲ့ ပတ်သက်ပြီး ကျောင်းအုပ်ဆရာမကြီးက ကလေးငယ်ရဲ့  ဦးခေါင်းကို နာကျင်အောင် ရိုက်နှက်ခဲ့ပါတယ်။ 

“ ကလေးတွေကို နာကျင်အောင် ရိုက်နှက်တာဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေအောင် လုပ်တာပါပဲ။ ကလေးတွေရဲ့စိတ်က ထိလွယ်ရှလွယ်တယ်။ နောက်စိတ်ဒဏ်ရာ ဖြစ်စေတယ်။ ဒီလိုပြုလုပ်တာဟာ ကလေးတွေကို ကျောင်းနဲ့အဝေး တွန်းပို့လိုက်တာပါပဲ” လို့ သျှမ်းပြည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေတဲ့ အသက် ၃၀ ကျော် အမျိုးသမီးက ပြောဆိုလိုက်ပါတယ်။

ပညာရေးဝန်ထမ်းတွေဟာ ကလေးတွေအတွက် အလွန်အရေးပါတဲ့ ရှေ့ဆောင်လမ်းပြတွေဖြစ်ပြီး၊ ကလေးတွေကို အကြမ်းမဖက်ဘဲ မှန်ကန်တဲ့နည်းလမ်းနဲ့ သွန်သင်ဆုံးမသင့်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူက ဆိုပြန်ပါတယ်။ 

ကလေးတွေကို ညိုမဲအောင် ရိုက်နှက်မှု ပြုလုပ်နေတာတွေဟာ ကလေးသူငယ်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်ပြီး ပြစ်မှု၊ ပြစ်ဒဏ်များရှိကြောင်း အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက အခုလို ပြောပြထားပါတယ်။ 

“မည်သူမဆို ကလေးသူငယ်တွေကို စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရိုက်နှက် ပြစ်ဒဏ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွက်အနိုင်ကျင့်ခြင်း ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးတစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်း အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည် “ လို့ ရှေ့နေက ပြောပါတယ်။

အဲ့အပြင် ကလေးငယ်တွေကို အရက်၊ ဘီယာ ဝယ်ခိုင်းခြင်း၊ ရောင်းချခြင်း၊ သောက်ရန် တိုက်တွန်းခြင်း (သို့) သောက်ရန် ခွင့်ပြုခြင်း မိဘဆွေမျိုးအပါဘဲ (day club၊ night club)၊ ကာရာအိုကေ (သို့) အနှိပ်ခန်းတွင် ဝင်ရောက်ခွင့်ပြုခြင်း ပြုလုပ်ပါက ဉပဒေအရ အရေးယူနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုများပြားလာပြီး၊ အဲ့ထဲမှာ ပညာရေးဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများကို ကလေးအခွင့်အရေးချိုးဖောက်မှုကလည်း အရင်ကထက် ပိုများလာကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူက မှတ်ချက်ပြုလိုက်သည်။

လက်ရှိ အချိန်ကာလအတွင်း လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး ချိုးဖောက်ခံရပါက သွားရောက်တိုင်ကြားရန် ယန္တယားမရှိသလို ကူညီပေးရန်လည်း အဖွဲ့အစည်းများက အရင်လို အားမကောင်းတော့ပေ။

မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အောက် အရွယ်ရှိသူတွေကို  ကလေးအရွယ်လို့ သတ်မှတ်ထားပါတယ်။ 

အခုလို ကလေးငယ်တစ်ယောက်ကို ရိုက်နှက်တာနဲ့ ပတ်သက်ပြီး အသက် ၃၅ နှစ်အရွယ်ရှိ ကလေးမိခင်တစ်ဦးကလည်း “ ပြောပြမတတ်အောင်ကို ကိုယ်ချင်းစာမိပါတယ်။ ကျမလည်း ကလေး ၄ ယောက် ကျောင်းသား၊ သူ မိခင်တစ်ဦးပါ။ ဒီလိုကိစ္စတွေက ဖြစ်လည်းမဖြစ်သင့်ဘူး။ ဖြစ်ခဲ့မယ်ဆိုရင်လည်း အဆုံးထိ လုပ်နိုင်သလောက် လုပ်မှာပါ “ လို့ ဆိုပါတယ်။

ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ ကလေးငယ်တွေကို ရိုက်နှက်ဆုံးမတဲ့ အကြမ်းဖက် အပြုအမူတွေ ရှောင်ကြဥ်ပြီး ကလေးငယ်တွေ နားလည်သဘောပေါက်အောင် ရှင်းပြပေးပြီး ဆိုဆုံးမတဲ့ ပုံစံတွေကို ပြောင်းလဲသင့်ကြောင်း ကလေးမိခင်တစ်ဦးက ပြောပါတယ်။

“ကလေးတွေကို နာကျင်အောင် ညိုမဲဒဏ်ရာရအောင်ပြုလုပ်တဲ့ ဆရာမတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးစေချင်တယ်။ အဲ့လိုမှ မဟုတ်ရင် ကလေးတွေကို ဆက်ပြီး နှိပ်စက်နေအုံးမှာ” လို့ အသက် ၃၅ နှစ်အရွယ် ကလေးမိခင်က တောင်းဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...