မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှု

နိဒါန်း

“လေယာဉ်နဲ့ပဲ ကြဲချကြဲချ ၊ အဝေးကပဲ လှမ်းပစ်လှမ်းပစ် ၊အမှန်တရားဟာ အိပ်မောကျနေတဲ့ အရပ်သားပြည်သူတွေရဲ့ အသက်တွေကို နှုတ်ယူသွားခဲ့တယ်။ ဘဝတွေကို ဖြိုဖျက်ပစ်ခဲ့တယ်။ သေဆုံးသူတွေအထဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေက အများဆုံး”။

ယခုတစ်ပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် လိုင်ဇာမြို့အနီးရှိ မုန် လိုင်ခက်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် ကျင်းနက်ကြီးများနှင့် ကလေးငယ်များ၊ အမျိုးသမီးများ အပါ အဝင် အရပ်သားပြည်သူ ၂၉ ဦး၏ အသက်ကို သေဆုံးစေခဲ့သည့် ဖြစ်စဉ်အပေါ် မြေပြင်သတင်းအချက်အ လက်များကို အခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။

ဖြစ်စဉ်

၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်၊ ညသန်းခေါင်အချိန် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လိုင်ဇာမြို့အနီးရှိ မုန် လိုင်ခက် (Munglai Hkyet) စစ်ရှောင်စခန်းမှ အရွယ်မရောက်သေးသည့် ကလေးငယ် (၁၁) ဦး၊ အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၃) ဦး စုစုပေါင်း အရပ်သားပြည်သူ (၂၉) ဦး သေဆုံးခဲ့ရသည်။

သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများကိုတော့ အောက်တိုဘာ ၁၀ ရက်တွင်ပင် လိုင်ဇာမြို့နယ် အင်ခရွတ်ကောင်တွင် မြေမြှုပ် သဂြိုလ်ခဲ့သည်။

ဖြစ်စဉ်အတွင်း ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၅၇) ဦးအထိ ရှိခဲ့ပြီး လိုင်ဇာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူခဲ့ရသည်။ ယခုအခါ ဒဏ်ရာရရှိသူအများစုသည် ဆေးရုံမှ ဆင်းနိုင်ခဲ့ပြီဖြစ်သော်လည်း ကလေးငယ် (၈) ဦးအပါအဝင် (၂၀) ဦးသည် ဆက်လက်ကုသမှုခံယူနေဆဲဖြစ်ကြောင်း BNI-Myanmar Peace Monitor ၏ မြေပြင်သတင်းထောက်က အောက်တိုဘာလ ၁၂ ရက် မွန်းလွဲပိုင်းတွင် အတည်ပြုနိုင်ခဲ့သည်။

မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာ

မုန်လိုင်ခက်စစ်ရှောင်စခန်းသည် စစ်ရှောင်စခန်းတစ်ခုထက် ပိုသည်။ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ထိန်းချုပ် ရာ လိုင်ဇာမြို့နယ်ထဲမှ အိမ်ထောင်စုပေါင်း ၁၆၈ စုရှိသော ကျေးရွာတစ်ရွာ ဖြစ်သည်။ စစ်ဘေးရှောင်ပြည် သူများနှင့် ဒေသခံပြည်သူပေါင်း ၆၅၈ ဦး နေထိုင်ရာ မုန်လိုင်ခက်စစ်ရှောင်စခန်းသည် KIO ထိန်းချုပ်နယ်မြေ အတွင်းရှိ နန်ဆန်ယန် – လိုင်ဇာ ကားလမ်းမကြီးဘေးတွင် ရှိသည်။

“ပေါက်ကွဲအား တအားပြင်းတော့ လေယာဉ်နဲ့ ကြဲချသွားတယ်လို့ ထင်ကြတာ။ ဒါပေမယ့် ဒေသခံ ဘယ်နှစ်ယောက်ကို မေးမေး လေယာဉ်သံကို ဘယ်သူမှ မကြားရဘူးလို့ ဖြေတယ်။ အုန်း..အုန်း.. အုန်း..ဆိုပြီး ပေါက်ကွဲသံသုံးကြိမ် ကြားရတယ်လို့ ဖြေပါတယ်။ တရွာလုံး အိမ်တွေပျက်စီးသွားတယ်။ မပျက်စီးတဲ့အိမ် မရှိ သလောက်ပဲ”ဟု BNI-Myanmar Peace Monitor ၏ မြေပြင်သတင်းထောက်က ပြန်ပြောပြသည်။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နယ်အတွင်း ၂ နှစ်ကျော်နေထိုင်ကာ သတင်းရယူခဲ့သည့် သူ့အတွေ့အကြုံ အရ နန့်ဆန်ယန် – လိုင်ဇာ ကားလမ်းမဘေးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းတည်ရှိရာ ပတ်ဝန်းကျင်တွင် မည် သည့်ပေါက်ကွဲစေနိုင်သည့် အရာမျိုးကိုမှ မြင်တွေ့ခဲ့ရခြင်းမရှိကြောင်း မြေပြင်သတင်းထောက်က ဆိုပါသည်။

ဆက်စပ်တွေ့ရှိချက်များ

“လေယာဉ်သံတော့ မကြားရဘူးဆိုပေမယ့် တိုက်ခိုက်ခံရတဲ့အခြေအနေက လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒါမှမဟုတ်ရင် ဒရုန်းနဲ့ ပစ်ခံရတာဖြစ်တယ်။ နောက်တခုက အဝေးပစ် Rocket နဲ့လည်း ဖြစ်နိုင်တယ်” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြေပြင်လေ့လာတွေ့ရှိချက်ကို အခြေခံကာ သုံးသပ်ပြောဆိုပါသည်။ ၎င်းတို့အနေဖြင့် အခြေအနေ အသေးစိတ် ကို သိရှိနိုင်ဖို့အတွက် စုံစမ်းဖော်ထုတ်ရေးကော်မတီဖွဲ့စည်းထားပြီဟုလည်း ဆိုပါသည်။

အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဖြစ်စဉ်ဖြစ်ပွားရာ မုန်လိုင်ခက်စစ် ရှောင်စခန်းတည်နေရာသည် နယ်စပ်ဒေသနှင့် နီးသည့်အတွက် ညသန်းခေါင်ချိန် ၎င်းတို့အနေဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းတို့သည် ဖြစ်နိုင်ချေ ရှိ၊ မရှိ စဉ်းစားစေလိုကြောင်း ငြင်း ဆိုထားသည်။ ထို့အပြင် ယခုဖြစ်စဉ်သည် KIO ၏ ဒရော့ဗုံးများပေါက်ကွဲခြင်းသာ ဖြစ်နိုင်ကြောင်း ပြန်လည် စွပ်စွဲထားပါသည်။

ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုစတင်စဉ်ကတည်းက အာဏာသိမ်းစစ်ကောင်စီတပ်၏ လုပ်ဆောင်နေကျပုံစံအတိုင်း ဖြစ်နေပြီး အရပ်သားပြည်သူများအပေါ် ဆိုးဝါးပြင်းထန်သည့်တိုက်ခိုက်မှုများ ကျူးလွန်ပြီးတိုင်း ၎င်းတို့တွင် တာဝန်မရှိကြောင်း အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်နေခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးက ရှုမြင်ပါသည်။

“ဒီလိုတိုက်ခိုက်မှုတွေ လုပ်ပြီးတိုင်း သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုတာ၊ အကြောင်းပြချက် အမျိုးမျိုးပေး တတ်တာ မြန်မာစစ်ခေါင်းဆောင်တွေ လုပ်နေကျအပြုအမူ ဖြစ်ပါတယ်။ အခုကိစ္စမှာလဲ တာဝန်မခံဘဲ အခြား သူတွေကို အပြစ်ပုံချတာလည်း သူတို့လုပ်နေကျ ပုံစံအတိုင်းပါပဲ”။

အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ငြင်းဆိုသကဲ့သို့ နယ်စပ်ဒေသနှင့် နီးသည့်နေရာ များကို ၎င်းတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်သည်ဆိုရာတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်၊ ၁၁ ရက်နေ့များ အတွင်း အိန္ဒိယ-မြန်မာနယ်စပ်အနီးတည်ရှိရာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဌာနချုပ်အား တိုက်လေ ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကို သတိရစေပါသည်။ အိန္ဒိယနိုင်ငံဘက်ခြမ်း ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့သဖြင့် အိန္ဒိယစစ်တပ်မှ ကွင်းဆင်းစစ်ဆေးခဲ့ရဖူးသည်။

အလားတူ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်မှု၊ ဗုံးသီးကျရောက်မှု ဖြစ်စဉ်များကို တွေ့မြင်နေရပြီးဖြစ်ပါသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာ

ဖော်ပြပါကြီးမားကျယ်ပြန့်သော ကျင်းနက်ကြီးကို လေ့လာကြည့်ပါက စစ်လက်နက်သိုလှောင်ရာနေရာတစ်ခု ပေါက်ကွဲသည်ဆိုခြင်းထက် ပြင်းထန်သော စစ်လက်နက်ပစ္စည်းတစ်ခုကို အဝေးမှဖြစ်စေ၊ ကောင်းကင်ယံမှ ဖြစ်စေ ပစ်ချသဖြင့် ပေါက်ကွဲခဲ့သည်ဟု တွက်ဆနိုင်ပါသည်။ ထို့အပြင် ပေါက်ကွဲရာ နေရာသည်လည်း လမ်းမ ကြီးဘေးတွင် ဖြစ်သည့်အတွက် စစ်ကောင်စီမှ စွပ်စွဲပြောဆိုမှုသည် ယုတ္တိမရှိဟု ရှုမြင်မိပါသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးဒ်ကလည်း မုန်လိုင်ခက်ရွာ စစ်ဘေး ရှောင်စခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချ ကြောင်း အောက်တိုဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ လူ့အသက်ကို တန်ဖိုးမထား၊ မလေးစားသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် – ၂၆၆၉ ထက်ကျော်လွန် အရေးယူဆောင်ရွက်ရန် လိုအပ်နေကြောင်းကို မီးမောင်းထိုးပြနေသည်ဟု ဆိုပါသည်။

သုံးသပ်တင်ပြချက်

ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ရသည့် မုန်လိုင်ခက် စစ်ရှောင် စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် စစ်အာဏာသိမ်းကာလအတွင်း မြင်တွေ့ခဲ့ရသည့် ကန့်ပလူမြို့နယ် ပဇီကြီးရွာဖြစ်စဉ်၊ ဖားကန့်မြို့နယ် အနန့်ပါဒေသဖြစ်စဉ်၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာဖြစ်စဉ်များကဲ့သို့ အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြန်လည်သတိရစေသည်။

အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ စစ်ရှောင်စခန်းများကို ပစ်မှတ်ထားကာ လေကြောင်း မှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များသည် ကရင်နီ(ကယား)အပါအဝင် နိုင်ငံတဝှမ်းလုံးတွင် တွေ့ရှိနေရပါသည်။

နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်အရှိန်အဟုန် ပြင်းထန်ကျယ်ပြန့်လာသည်နှင့်အမျှ အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းမှတဆင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်လာနေသည်ကို တွေ့ရှိရပါသည်။

BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်များအတွင်း တိုက်ခိုက်မှု များထက် ပိုမိုများပြားလာသည်ကို တွေ့ရပါသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်အ‌ပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုများအပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ CNF စသည့် တိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရေးအဖွဲ့များကလည်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။

စစ်ရေး၊ နိုင်ငံရေးနှင့် အဘက်ဘက်တွင် ရှုံးနှိမ့်နေသည့် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့အား မထောက်ခံသော ပြည်သူလူထုအပေါ် အငြိုးအတေး၊ အာဃာတကြီးစွာဖြင့် လက်နက်ကြီးများနှင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို နိုင်ငံတဝှမ်းလုံးတွင် ဗြောင်ကျကျကျူးလွန်နေကြောင်း မြောက်ပိုင်းညီနောင် (၃) ဖွဲ့က ထုတ်ပြန်ထားသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်သည် အာဏာသိမ်းစစ်အုပ်စု၏ နောက်ဆုံးလုပ်ရပ်မဟုတ် နိုင်ဟု ဆိုရပါမည်။ ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုအောင်မြင်စေရေးအတွက် နွေဦးတော်လှန်ရေး အင်အားစုများအား ထောက်ကူပံ့ပိုးလျက်ရှိသော ပြည်သူလူထုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် အာဏာသိမ်းစစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက်မှုကို အချိန်မရွေးကြုံ တွေ့ရနိုင်ချေ ရှိနေကြောင်း သတိပြုဆင်ခြင်ဖွယ်ရာ ဖြစ်သည်။

စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော၊ လူသားမဆန်သော လုပ်ရပ်တိုင်းကို မှတ်တမ်းပြုထားရန် လိုအပ်သကဲ့သို့ အသက်ဆုံးရှုူံးခဲ့ရသော ကလေးငယ်များ၊ အမျိုးသမီး များနှင့် ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုရရှိရေး အထူးလိုအပ်ပါသည်။

“လေယာဉ်နဲ့ပဲ ကြဲချကြဲချ ၊ အဝေးကပဲ လှမ်းပစ်လှမ်းပစ် ၊ အမှန်တရားဟာ အိပ်မောကျနေတဲ့ အရပ်သားပြည်သူတွေရဲ့ အသက်တွေကို နှုတ်ယူသွားခဲ့တယ်။ ဘဝတွေကို ဖြိုဖျက်ပစ်ခဲ့တယ်။သေဆုံးသူတွေအထဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေက အများဆုံး”။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၂၅ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...