Tuesday, January 27, 2026

အင်းလေး ဖမ်းခံရသည့် ဒေသခံ ၆ ဦးမှ ၄ ဦးပြန်လွှတ်လာ၊ ၂ ဦးသတင်းမရ ပျောက်ဆုံးနေ

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ လင်းကင်းကျေးရွာအုပ်စု ကံရွာကျေးရွာမှ လောင်းကစားဝိုင်းအနီး ဗုံးကွဲမှုကြောင့် ဖမ်းဆီးခံရသည့် ဒေသခံ ၆ ဦးထဲမှ ၄ ဦးပြန်လည်လွှတ်မြောက်လာပြီး၊ ၂ ဦးမှာ အဆက်အသွယ်ပြတ်နေကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တခု

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် အင်းလေးဒေသ ကံရွာရှိ လောင်းကစားဝိုင်းအနီးတွင် ဗုံးပေါက်ကွဲမှုဟုဆိုပြီး အမျိုးသား ၆ဦးကို စွပ်စွဲကာ စစ်ကောင်စီ က ဖမ်းဆီးသွားခဲ့သည်။

ထိုထဲတွင် အင်းလေးဒေသအရှေ့ဘက်ရှိ ပေါနော်ရွာမှ ဒေသခံ ၂ ဦးနှင့် သပြေပင်ရွာမှ လူငယ် ၄ ဦးတို့ကို စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးသွားခဲ့ပြီးနောက် သပြေပင်ရွာမှ လူငယ် ၄ ဦးကို အောက်တိုဘာလ ၁၃ ရက်တွင် ပြန်လွှတ်လာပြီး ကျန်သည့် ဒေသခံ ၂ ဦးသည် ယနေ့ အချိန်ထိ သတင်းအချက်အလက်မရဘဲ ပျောက်ဆုံးနေကြောင်း ၎င်းကဆက်ပြောသည်။

“ ဖမ်းသွားတဲ့ လူငယ်တော့ ပြန်လွတ်လာပြီ။ ဖမ်းသွားပြီး နောက်နေ့မှာပဲ ပြန်လွတ်လာတယ်။ ပိုက်ဆံ တော့မပေးရဘူး။ ကျန်တဲ့ ၂ ယောက်ကတော့ မသိရသေးဘူး “ ဟု ၎င်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ အင်းလေးဒေသတွင် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပူဇော်ပွဲ ပြုလုပ်နေရာ စစ်ကောင်စီဘက်မှ လုံခြုံရေးယူပြီး စစ်ဆေးမှု တင်းကြပ်နေသည်။

“ ဘုရားပွဲကို ၁၈ ရက် လုပ်မယ်လို့တော့ ကြားတယ်။ ညောင်ရွှေမှာလည်း သူတို့အကပွဲတွေရှိတယ်။ ဆိုတော့ လောင်းကစားဝိုင်းလည်း ထဲမှာပေါ့။ အခုပွဲက လောင်းကစားတွေပါတယ်။ စစ်ကောင်စီ လက်အောက်က ပြည်သူ့စစ်နဲ့ ဗျုစောထီးတွေက လုံခြုံရေး လုပ်ပေးနေတယ် “ ဟု အင်းလေးဒေသမှ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၃ နှစ်ကြာ ရပ်ဆိုင်းထားသည့် အင်းလေးဖောင်တော်ဦး ဒေသစာရီကြွချီပူ ဇော်ပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ရာ လူအများလာရောက်ပြီး ဘုရားဖူးပူဇော်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...