အင်းလေး ဖမ်းခံရသည့် ဒေသခံ ၆ ဦးမှ ၄ ဦးပြန်လွှတ်လာ၊ ၂ ဦးသတင်းမရ ပျောက်ဆုံးနေ

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ လင်းကင်းကျေးရွာအုပ်စု ကံရွာကျေးရွာမှ လောင်းကစားဝိုင်းအနီး ဗုံးကွဲမှုကြောင့် ဖမ်းဆီးခံရသည့် ဒေသခံ ၆ ဦးထဲမှ ၄ ဦးပြန်လည်လွှတ်မြောက်လာပြီး၊ ၂ ဦးမှာ အဆက်အသွယ်ပြတ်နေကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တခု

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် အင်းလေးဒေသ ကံရွာရှိ လောင်းကစားဝိုင်းအနီးတွင် ဗုံးပေါက်ကွဲမှုဟုဆိုပြီး အမျိုးသား ၆ဦးကို စွပ်စွဲကာ စစ်ကောင်စီ က ဖမ်းဆီးသွားခဲ့သည်။

ထိုထဲတွင် အင်းလေးဒေသအရှေ့ဘက်ရှိ ပေါနော်ရွာမှ ဒေသခံ ၂ ဦးနှင့် သပြေပင်ရွာမှ လူငယ် ၄ ဦးတို့ကို စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးသွားခဲ့ပြီးနောက် သပြေပင်ရွာမှ လူငယ် ၄ ဦးကို အောက်တိုဘာလ ၁၃ ရက်တွင် ပြန်လွှတ်လာပြီး ကျန်သည့် ဒေသခံ ၂ ဦးသည် ယနေ့ အချိန်ထိ သတင်းအချက်အလက်မရဘဲ ပျောက်ဆုံးနေကြောင်း ၎င်းကဆက်ပြောသည်။

“ ဖမ်းသွားတဲ့ လူငယ်တော့ ပြန်လွတ်လာပြီ။ ဖမ်းသွားပြီး နောက်နေ့မှာပဲ ပြန်လွတ်လာတယ်။ ပိုက်ဆံ တော့မပေးရဘူး။ ကျန်တဲ့ ၂ ယောက်ကတော့ မသိရသေးဘူး “ ဟု ၎င်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ အင်းလေးဒေသတွင် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပူဇော်ပွဲ ပြုလုပ်နေရာ စစ်ကောင်စီဘက်မှ လုံခြုံရေးယူပြီး စစ်ဆေးမှု တင်းကြပ်နေသည်။

“ ဘုရားပွဲကို ၁၈ ရက် လုပ်မယ်လို့တော့ ကြားတယ်။ ညောင်ရွှေမှာလည်း သူတို့အကပွဲတွေရှိတယ်။ ဆိုတော့ လောင်းကစားဝိုင်းလည်း ထဲမှာပေါ့။ အခုပွဲက လောင်းကစားတွေပါတယ်။ စစ်ကောင်စီ လက်အောက်က ပြည်သူ့စစ်နဲ့ ဗျုစောထီးတွေက လုံခြုံရေး လုပ်ပေးနေတယ် “ ဟု အင်းလေးဒေသမှ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၃ နှစ်ကြာ ရပ်ဆိုင်းထားသည့် အင်းလေးဖောင်တော်ဦး ဒေသစာရီကြွချီပူ ဇော်ပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ရာ လူအများလာရောက်ပြီး ဘုရားဖူးပူဇော်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...