စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့၏ တိုက်ပွဲကြောင့် နောင်ချိုဒေသခံများ လုံခြုံရေးစိုးရိမ်

သျှမ်းပြည် နောင်ချိုမြို့နယ် ဒိုးပင်ရွာအနီး ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် စစ်ကောင်စီတပ်နှင့် မန္တလေးPDFတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများက လုံခြုံရေးအခြေအနေ စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာလ ၉ ရက်တွင် ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ ဒိုးပင်ကျေးရွာအနီး စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၅၂ စစ်ကြောင်းနှင့် မန္တလေးPDF တို့ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ ယောက် သေဆုံးကာ ၃၀ ခန့်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

သျှမ်းပြည် နောင်ချိုမြို့နယ် ဒိုးပင်ရွာအနီး ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် စစ်ကောင်စီတပ်နှင့် မန္တလေးPDFတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများက လုံခြုံရေးအခြေအနေ စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။ 

အောက်တိုဘာလ ၉ ရက်တွင် ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ ဒိုးပင်ကျေးရွာအနီး စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၅၂ စစ်ကြောင်းနှင့် မန္တလေးPDF တို့ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ ယောက် သေဆုံးကာ ၃၀ ခန့်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့၏ တိုက်ပွဲက

“ကျနော်တို့ကတော့ ဒီ ၂၀၂၃ နှစ်စတည်းက တိုက်ပွဲတွေ အရှိန်မြှင့်ပြီးတော့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ရှေ့လျှောက်လဲ ဒီထက်ပိုပြီးတော့ တိုက်ပွဲအရှိန်ကို မြှင့်တင်ဖို့ပဲ ပြင်ဆင်နေပါတယ်”ဟု လက်ရှိတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး မန္တလေးPDFတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွန်ခဲ့သောရက်ပိုင်းက ပြင်ဦးလွင်-မိုးကုတ်ကားလမ်းပေါ်ရှိ ဟိုခိုကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်မှ ကင်းလှည့်သွားလာနေပြီး ဟိုခိုနှင့်ဒိုးပင်ရွာသည် ၇ မိုင်ခန့်သာ ကွာဝေးသဖြင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရသည်ဟု နောင်ချိုမြို့ ဟိုခိုရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့၏ တိုက်ပွဲက

“တိုက်ပွဲဖြစ်တုန်းက ရွာထဲ အထိအခိုက်တော့ မရှိဘူး။ ကျွန်တော်တို့ရွာကတော့ ဘုန်းကြီးကျောင်းကိုပဲ စစ်ရှောင်သွားကြတယ်။ ၃ ရက်လောက်တော့ ရှောင်ရတယ်ဗျ။ တိုက်ပွဲထပ်ဖြစ်မှာတော့ စိုးရိမ်ရတယ်။ ဘာဖြစ်လို့ဆိုရင် အခုအခြေအနေက သိပ်မတည်ငြိမ်သေးတော့ စိုးရိမ်ရတယ်။ ကဆုန်လမှာ ပထမ စဖြစ်တုန်းကအချိန်လိုပဲ ပြန်စိုးရိမ်ရတယ်”ဟု နောင်ချိုမြို့ ဟိုခိုရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ‌ဒေသခံများမှာ လုံခြုံရေးစိုးရိမ်စိတ်ကြောင့် အခြေအနေစောင့်ကြည့်နေပြီး အချို့ဒေသခံများ၏ ပြောင်းစိုက်ခင်းများမှာ တောကောင်ဖျက်စီးမှုကြောင့် မရိတ်သိမ်းနိုင်ဘဲ ရှိနေသေးသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့၏ တိုက်ပွဲက

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလဆန်းပိုင်းကလည်း စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး ထိုစဉ်က ဒေသခံ ၃ ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...