Wednesday, January 28, 2026

စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့၏ တိုက်ပွဲကြောင့် နောင်ချိုဒေသခံများ လုံခြုံရေးစိုးရိမ်

သျှမ်းပြည် နောင်ချိုမြို့နယ် ဒိုးပင်ရွာအနီး ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် စစ်ကောင်စီတပ်နှင့် မန္တလေးPDFတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများက လုံခြုံရေးအခြေအနေ စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာလ ၉ ရက်တွင် ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ ဒိုးပင်ကျေးရွာအနီး စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၅၂ စစ်ကြောင်းနှင့် မန္တလေးPDF တို့ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ ယောက် သေဆုံးကာ ၃၀ ခန့်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

သျှမ်းပြည် နောင်ချိုမြို့နယ် ဒိုးပင်ရွာအနီး ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် စစ်ကောင်စီတပ်နှင့် မန္တလေးPDFတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများက လုံခြုံရေးအခြေအနေ စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။ 

အောက်တိုဘာလ ၉ ရက်တွင် ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ ဒိုးပင်ကျေးရွာအနီး စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၅၂ စစ်ကြောင်းနှင့် မန္တလေးPDF တို့ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ ယောက် သေဆုံးကာ ၃၀ ခန့်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့၏ တိုက်ပွဲက

“ကျနော်တို့ကတော့ ဒီ ၂၀၂၃ နှစ်စတည်းက တိုက်ပွဲတွေ အရှိန်မြှင့်ပြီးတော့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ရှေ့လျှောက်လဲ ဒီထက်ပိုပြီးတော့ တိုက်ပွဲအရှိန်ကို မြှင့်တင်ဖို့ပဲ ပြင်ဆင်နေပါတယ်”ဟု လက်ရှိတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး မန္တလေးPDFတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွန်ခဲ့သောရက်ပိုင်းက ပြင်ဦးလွင်-မိုးကုတ်ကားလမ်းပေါ်ရှိ ဟိုခိုကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်မှ ကင်းလှည့်သွားလာနေပြီး ဟိုခိုနှင့်ဒိုးပင်ရွာသည် ၇ မိုင်ခန့်သာ ကွာဝေးသဖြင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရသည်ဟု နောင်ချိုမြို့ ဟိုခိုရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့၏ တိုက်ပွဲက

“တိုက်ပွဲဖြစ်တုန်းက ရွာထဲ အထိအခိုက်တော့ မရှိဘူး။ ကျွန်တော်တို့ရွာကတော့ ဘုန်းကြီးကျောင်းကိုပဲ စစ်ရှောင်သွားကြတယ်။ ၃ ရက်လောက်တော့ ရှောင်ရတယ်ဗျ။ တိုက်ပွဲထပ်ဖြစ်မှာတော့ စိုးရိမ်ရတယ်။ ဘာဖြစ်လို့ဆိုရင် အခုအခြေအနေက သိပ်မတည်ငြိမ်သေးတော့ စိုးရိမ်ရတယ်။ ကဆုန်လမှာ ပထမ စဖြစ်တုန်းကအချိန်လိုပဲ ပြန်စိုးရိမ်ရတယ်”ဟု နောင်ချိုမြို့ ဟိုခိုရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ‌ဒေသခံများမှာ လုံခြုံရေးစိုးရိမ်စိတ်ကြောင့် အခြေအနေစောင့်ကြည့်နေပြီး အချို့ဒေသခံများ၏ ပြောင်းစိုက်ခင်းများမှာ တောကောင်ဖျက်စီးမှုကြောင့် မရိတ်သိမ်းနိုင်ဘဲ ရှိနေသေးသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့၏ တိုက်ပွဲက

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလဆန်းပိုင်းကလည်း စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး ထိုစဉ်က ဒေသခံ ၃ ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...