ကျောက်မဲမြို့မှာ “နတ်ဆေးရည်” ဆိုတာ တကယ်ရှိလား။

တောင်ကုန်းတွေ ဝိုင်းရံထားတဲ့ လမ်းအကွေ့တစ်နေရာမှာ အမျိုးသား၊ အမျိုးသမီး အရွယ်စုံ ဟာ ကြိတ်ကြိတ်တိုးပြီး အလုအယက် ရေချိုးနေကြပါတယ်။

အဲ့လူတွေ ဟာ စျေးဆိုင်တန်းတွေ ခင်းကျင်းရောင်းချနေသာရှိသလို ဆိုင်ကယ်တွေ၊ ကားတွေနဲ့ကလည်း ပြည့်နှပ်နေပြီး ပွဲစျေးတန်း ပုံစံလိုပါပဲ။

Photo – Credit ( နာမည်ကျော်ကြားနေတဲ့ နတ်ဆေးရည် ရှိသည့် နေရာ)

ဒီနေရာကတော့ ကျောက်မဲ – မိုင်းငေါ့သွားလမ်း ပေါ်မှာရှိတဲ့ နမ့်မန်းရွာအနီးက လမ်းအကွေ့တစ်နေရာမှာ တောင်ကျချောင်းရေကို သွယ်ထားပြီး အရပ်ဒေသ အခေါ် “နတ်ဆေးရည်” ကို ကျောက်မဲမြို့နယ် တဝှိက်က လူတွေ လာရောက် ရေချိုးနေခြင်း ဖြစ်ပါတယ်။

အဲ့ “နတ်ဆေးရည်” လို့ပြောတဲ့ နေရာဟာ ကျောက်မဲမြို့ကနေ သွားမယ်ဆိုရင် ၁၂ မိုင်ကွာဝေးပြီး၊ နမ့်မန်းရွာနှင့် ၂ မိုင်ခန့် ကွာဝေးပါတယ်။

“ အဘွားကြီးတစ်ယောက် ကျောက်မဲဆေးရုံမှာ ဆေးဝါးလာကုရင်း မပျောက်လို့ ဒီရေချိုးရင်း ပျောက်သွားတယ် လို့ ပြောကြတယ်။ အဲ့ကြောင့် လူတွေအများကြီး လာချိုးနေကြတာ “ လို့ ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလမှာ လေဖြတ်ရောဂါ ခံစားနေရဲ့ အမျိုးသမီးတစ်ဦးကနေ တောတောင်မှ ထွက်တဲ့ရေကို လာချိုးရင်း ပျောက်ကင်းသွားတယ်ဆိုတဲ့ သတင်းတစ်ခု ပြန့်နှံ့သွားခဲ့ပါတယ်။

အဲ့ဒီ သတင်းတစ်ခု ပြန့်နှံ့မှုကြောင့် နေ့စဉ်လူတွေ ကြိတ်ကြိတ်တိုးပြီး အလုအယက် ရေလာချိုးနေကြတာပါပဲ။

Photo – Credit ( နာမည်ကျော်ကြားနေတဲ့ နတ်ဆေးရည် ရှိသည့် နေရာ)

“လာချိုးသွားတဲ့သူတွေ ၁၀ ယောက်လောက်က အကိုက်အခဲတွေ ပျောက်တယ်ဆိုပြီး ပြောကြတာ။ အခုလကစပြီး နာမည်ကြီးလာတော့ လူတွေအများကြီး သွားချိုးတော့တာပဲ “ လို့ ကျောက်မဲမြို့ ဒေသခံ စိုင်းမင်း က ပြောပါတယ်။

အဲ့ဒီရေကို ချိုးပြီးသူတိုင်း ခန္ဓာကိုယ်အတွင်း၊ အပြင် ခံစားနေရတဲ့ ဝေဒနာတွေ၊ အကိုက်အခဲတွေ ပျောက်ကင်းတယ် ဆိုပြီးအချင်းချင်း ပြောဆိုနေကြတာပါ။ အဲ့အပြင် မမြင်ရတဲ့ သရဲ၊ တစ္ဆေ တွေကိုလည်း သန့်စင်ပေးတယ်လို့ ဆိုကြပါသေးတယ်။

ဒါပေမယ့် ဒီရေဟာ နတ်ဆေးရည် ဟုတ်၊ မဟုတ်ကိုတော့ အတည်ပြုလို့မရပါဘူး။

ကျေးလက်ဒေသမှာနေထိုင်တဲ့ ပြည်သူတွေဟာ အယုံအကြည်လွန်တာ၊ တလောကလည်း မြန်မာပြည်မှာ “ နဂါးပူး”တယ်ဆိုတဲ့ သတင်းကလည်း လူမှုကွန်ရက်မှာ ခေတ်ထပါသေးတယ်။

မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ ဒီလို အချေအတင်မရှိ သတင်းတွေ ပျံ့နှံ့မှု အားကောင်းတာတွေ၊ နောက်ပြီးလူမှုကွန်ရက်စာမျက်နှာ မဆင်မခြေ သတင်းဖြန့်ချိမှုတွေကြောင့် အယုံလွန်တဲ့ ပြည်သူတွေ အတွက် ဒုက္ခဖြစ်စေတယ်လို့ စိုင်းမင်းက ပြောဆိုလိုက်ပါတယ်။

ကျောက်မဲမြို့ ဦးဇင်းတစ်ပါးက “ နတ်ကပေးပေး၊ ပဒတ်ကပေးပေး၊ အိပ်ြမက်ကဘဲ ပေးပေး မိုးတွင်းအခါမှာ တောင်တန်းဒေသနေရာအစုံမှာ ရေထွက်တာ မထူးဆန်းဘူးထင်ပါရဲ့။ သေချာတာက နဂါးဘာညာ သာရကာ ကလည်း ကျွန်ုပ်တို့ ပြည်ကြီးမှာ ခေတ်စားလာသကိုးဗျ။ အသေချာဆုံးကတော့ စျေးသွားရောင်းသူတွေပေါ့ဗျာ။ လူအလာများတော့ စျေးရောင်းကောင်းမှာ မလွဲဧကန်ပါဘဲဗျာ “ ဟု ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ၌ ရေးသား ဝေဖန်ထားပါတယ်။

တောင်ပေါ်ဒေသဖြစ်တဲ့ အလျှောက် မိုးရာသီ မိုးရွာသွန်းမှုကြောင့် မိုးရေချိန်များတာ၊ ရေထွက်တာဟာ မဆန်းဘူးလို့ ဆိုပါတယ်။ အဲ့ဒီလို ယုံကြည်လို့ ရေးသွားတဲ့သူရှိသလို မယုံကြည်သေးတဲ့လူတွေလည်းရှိပြီး တချို့တွေက မဆန်း၊ ဆန်းအောင် ပြုလုပ်နေတာပဲလို့ ဝေဖန်နေကြပါတယ်။

“ အရင်တုန်းက ဒီနေရာမှာ ရေတွေရှိပါတယ်။ ကျနော်တို့ တောထဲတောင်ထဲ မျှစ်ရှာပြီး မျှစ်လာဆေးတာ ဘာမှမဖြစ်ဘူး။ နောက်ပြီး အဲ့အပေါ်မှာပဲ ဝါးခုတ်ကြတယ်၊ ဘာမှမသိဘူး။ နောက်ပိုင်း ပြောဆိုလာတာ များလာမှ ဆေးရည်လို့ နာမည်ကြီးလာတာ “ ဟု ကျောက်မဲမြို့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲ့ဒီလို နတ်ကပေးတဲ့ ဆေးရည်လို့ နာမည်ကျော်ကြားလာပြီးနောက် နေ့စဉ် ရာနှင့်ချီလူတွေလာရောက် ရေချိုးရာကနေ လက်ရှိမှာ ပွဲဈေးတန်းဖွင့်လှစ်သူတွေနဲ့ စည်းကားနေပါတယ်။

ဒီရေထွက်နေရာကို ၃ လသာကာလအထိ ဖွင့်လှစ်ပေးမည်ဟု သတင်းသိရှိရပြီး၊ အဲ့ဒီမှာရှိတဲ့ နတ်ကို ပူဇော်ပသခြင်းတွေလည်း ပြုလုပ်နေတာတွေလည်းရှိနေပါတယ်။

လာရောက် ပူဇော်ပြီး ရေချိုးကြသူတွေဟာ ကျောက်မဲမြို့အပြင် မိုင်းငေါ့၊ သီပေါ၊ လားရှိုး၊ မိုင်းရယ် စသည့် အနယ်နယ်အရပ်ရပ်မှ ဧည့်သည်တွေ ဖြစ်ကြပါတယ်။

ဒီလို တောင်ကျရေ ဟာ တောင်ပေါ်ဒေသ အတွက် ထူးခြားမှု မဟုတ်ပေမယ့် “နတ်ဆေးရည်”လို့ လွှဲမှား သတင်းဖြန့်ချိသူတွေကတော့ မသိနားမလည်တဲ့ ပြည်သူကို ကြီးလေးတဲ့ ဒုက္ခပေးလိုက်တာပါပဲ လို့ စိုင်းမင်းက မှတ်ချက်ပြုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...