(၈) နှစ် ကြာမြင့်သည့်တိုင် NCA ကိုအကောင်အထည် မဖော်ဆောင်နိုင်ခဲ့ဟု RCSS ခေါင်းဆောင်ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈) နှစ် တိုင် ကြာမြင့်ခဲ့သော်လည်း အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။

NCA ၈နှစ်မြောက်

အောက်တိုဘာလ (၁၅) ရက်နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC II) ခန်းမ၌ ကျင်းပခဲ့သည့် NCA (၈) နှစ်ပြည့် အခမ်းအနားတွင် ပြောကြာခဲ့ပြီး ယင်းကဲ့သို့ မလုပ်ဆောင် နိုင်မှုကြောင့် ပြည်ထောင်စုကြီးအတွက် များစွာနှမျောမိကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ဆက်ပြောသည်။

“တွေ့ဆုံဆွေးနွေးလမ်းကြောင်းမှ တစ်ဆင့် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း အလျှော့အတင်း မလုပ်နိုင်ခဲ့သဖြင့် NCA အကောင်အထည် ဖော်ဆောင်ခြင်း လုပ်ငန်း ရှေ့မတိုးနိုင် ဖြစ်ခဲ့ရပါတယ်။ (၈) နှစ် တာကာလကြာမြင့်သည့်တိုင် NCA ကို အကောင်အထည် မဖော်နိုင်ခဲ့လို့ ပြည်ထောင်စုကြီးအတွက် များစွာနှမျောမိပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောခဲ့သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ် လာခဲ့ရာ ငြိမ်းချမ်းရေး အတွက် အချိန်များ အလဟဿ ဖြစ်ခဲ့ရကြောင်းလည်း ယခုလို ဆက်လက်ပြောဆို ထားသည်။

NCA ၈နှစ်မြောက်

“၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့ရာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့ကြတဲ့အတွက် NCA အကောင်အထည် ဖော်မှုသည် လည်း ရပ်တန့်သွားခဲ့ရပါတယ်။ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေးအတွက်အချိန်တွေ အလဟဿ ဖြစ်ခဲ့ရပါ တယ်။” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆက်လက်ပြောဆိုခဲ့သည်။

လက်ရှိကာလသည် နိုင်ငံရေးအကျပ်အတည်း ရင်ဆိုင်နေရသည့်အပြင် စီးပွားရေးနှင့် လူမှုရေး ကဏ္ဍများမှာလည်း ဘက်ပေါင်းစုံအခက်အခဲများကို ပြည်သူလူထုတစ်ရပ်လုံး ဒုက္ခများစွာ ရင်ဆိုင်နေရသည့် အတွက် ဝိုင်းဝန်းပြီး အဖြေရှာရမည့်အချိန်ရောက်ပြီလို့ တိုက်တွန်းနှိုးဆော်လို သည့် အကြောင်းလည်း ပြောဆိုထားသည်။

NCA (၈) နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က တက်ရောက်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့်ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က တက်ရောက်မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ၊ ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းတို့သည် အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။

NCA (၈)နှစ်မြောက် မကျင်းပမည် ရက်အနည်းငယ် အောက်တိုဘာ ၉ရက်တွင် ဗုံးကြဲတိုက်ခိုက်ခံရမှု ကြောင့် လိုင်ဇာမြို့အနီးရှိ မုန် လိုင်ခက် (Munglai Hkyet) စစ်ရှောင်စခန်းမှ အရွယ်မရောက်သေးသည့် ကလေးငယ် (၁၁) ဦး၊ အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၃) ဦး စုစုပေါင်း အရပ်သားပြည်သူ (၂၉) ဦး သေဆုံးခဲ့ရပြီး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၅၇) ဦးအထိ ရှိခဲ့ပြီး လိုင်ဇာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူခဲ့ရသည်။

လက်ရှိအချိန်ထိ NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့ ရှိနေပြီး၊ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ် ရေးထိုးရန် ဖိတ်ခေါ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA (၈) နှစ်ပြည့် အခမ်းအနား၌ ပြောကြားခဲ့သည်။

(၈) နှစ်မြောက် NCA အခမ်းအနားကို ကျင်းပပြုလုပ်နေသည့် ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် သျှမ်းပြည် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ နှင့်ထိတွေ့တိုက်ပွဲ ဖြစ်ပွား နေကြောင်း မြေပြင် သတင်းပေးပို့ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...