ဖောင်တော်ဦးဘုရားပွဲလာသူများ စစ်တပ်ကျောထောက်နောက်ခံ ဟိုတယ်မတည်းခိုရန် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ပြော

အင်းလေးဖောင်တော်ဦးဘုရားပွဲကို လာရောက်ကြမည့် ဧည့်သည်များအနေဖြင့် စစ်တပ်ကျောထောက်နောက်ခံ မရဏဟိုတယ်တွေမှာ မတည်းခိုကြဖို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖောင်တော်ဦး စကစ ကျောထောက်နောက်ခံ ဟိုတယ်မတည်ဖို့ လှုပ်ရှားမှု

အင်းလေးဖောင်တော်ဦး ဘုရားပွဲသည် ယမန်နေ့ (အောက်တိုဘာ ၁၅)ရက်တွင် စတင်ကျင်းပကြောင်း သိရသည်။

“အိပ်စက်ခြင်းကနေ လက်နက်တွေ၊ ကျည်ဆံတွေ မဖြစ်ဖို့ မရဏဟိုတယ်များကို ငြင်းပယ်ကြပြီး ခရီးသွားနဲ့ ဟိုတယ်လုပ်ငန်းကို မီးခိုးမထွက်တဲ့ စက်ရုံလို့ခေါ်ရင် မီးခိုးမထွက်စက်ရုံနဲ့ လူသတ်အားပေးစက်ရုံ ခွဲခြားကြမယ်လို့ ပြောချင်ပါတယ်။ သွေးစွန်းမရဏဟိုတယ်များကို ငြင်းပယ်ကြပါ”ဟု အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသော ဗွီဒီယိုဖိုင်တွင် ပြောကြားထားသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်အစိုးရအဖွဲ့က ဘုရားကြွမည့် ဌာနတိုင်းကို ရောက်ရှိလာသည့် ဧည့်သည်တော်၊ ဘုရားလူကြီး(ဂေါပက)တွေကို ကျွေးမွေးဧည့်ခံရာ၌ သုံးရန်အတွက် ဖောင်တော်ဦးဘုရားကြွချီမည့် ကျေးရွာ ၂၁ ရွာသို့လည်း တစ်ဌာနကို ၂၁ သိန်းစီ ပေးထားရကြောင်း အင်းလေးအမျိုးသမီးသမဂ္ဂမှ အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စကစ ကျောထောက်နောက်ခံ ဟိုတယ်မတည်ရန် လှုပ်ရှားမှု

“ကျမတို့ကတော့ ဒီနိုင်ငံရေးအခြေအနေနဲ့ဖြစ်နေတဲ့အတွက် ကိုယ့်ဒေသမှာ စစ်ကောင်စီက ဒီလိုမျိုးလုပ်တာကို မဖြစ်စေချင်ဘူး၊ အားမပေးဘူး။ အဲ့ဒီအတွက် ဆန့်ကျင်တာတွေ၊ ထုတ်ပြန်ချက်တွေ ဆန္ဒပြတာတွေ၊ လှုံ့ဆော်ပြီးပြီ။ အခုလက်ရှိမှာ ပြည်သူတွေက သိပ်မပူးပေါင်းဘဲ စစ်ကောင်စီက ဘုရားပွဲကို ဖြစ်မြောက်ဖို့ ဆိုတဲ့ပုံစံနဲ့ အတင်းကြီးလုပ်နေတာ ဖြစ်တယ်”ဟု အင်းလေး အမျိုးသမီးသမဂ္ဂမှ အမည်မဖော်လိုသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အင်းလေးဖောင်တော်ဦးဘုရားပွဲကို စစ်တပ်အသုံးချခံမဖြစ်ဖို့၊ မပူးပေါင်း မပါဝင်ဖို့နဲ့ လောင်းကစားပွဲ၊ မူးယစ်ဆေးဝါးနဲ့ စစ်တပ်ထုတ်ကုန်တွေကို ဆန့်ကျင်ကြဖို့ လိုအပ်ကြောင်းကိုလည်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)၊ အင်းလေးအမျိုးသမီးသမဂ္ဂ(IWU)နှင့် အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့(IFDM)တို့၏ သဘောထားထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

“ကျနော်တို့ အင်းသားရိုးရာပွဲဆိုတော့ ဘယ်သူမှလဲ မနှောက်ယှက်ဘူး။ သွားတဲ့လူကတော့ သွားနေကြတာပဲ၊ ဖွင့်ပွဲနေ့ကတော့ လူများတာပေါ့”ဟု ယမန်နေ့ ဖွင့်ပွဲအခြေအနေကို အင်းလေးဒေသခံ ကိုစိုးမင်းက ပြောသည်။

ယခုနှစ် စက်လှေငှားရမ်းသည့် ဈေးနှုန်းမှာ အနည်းဆုံး ၄သောင်းကျပ် မှ အများဆုံး ၇သောင်းကျပ်အထိ ဈေးပေါက်ကြောင်း သိရသည်။

စစ်ကောင်စီက ပြန်လည်ကျင်းပလာသည့် ဖောင်တော်ဦးဘုရားပွဲမှာ စားဝတ်နေရေးအတွက် ဝင်ငွေနှင့်ပတ်သက်ပြီး အင်းလေးဒေသခံများက စိုးရိမ်နေကြသည်။

“ဒီနှစ်ဘုရားပွဲကို ဝင်ငွေကတော့ အများကြီး မမျှော်မှန်းထားဘူးဗျ၊ ခါတိုင်းနှစ်လောက်တော့ မမျှော်မှန်းထားဘူး။ ခါတိုင်းနှစ်ရဲ့ သုံးပုံနှစ်ပုံလောက်ပဲ မှန်းထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်က ဒီဇယ်ဈေးလဲ တအားကြီး တက်တယ်။၊ ပြီးတော့ ခရီးသည်ကလည်း အခုလောလောဆယ်မှာ သိပ်မကျသေးဘူး”ဟု အင်းလေးမှ စက်လှေသမား ကိုရဲက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်-၁၉ နှင့် နိုင်ငံရေးအခြေအနေကြောင့် ၃ နှစ်ကြာ မကျင်းပခဲ့ရသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲကို အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီက ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...