Wednesday, January 28, 2026

ဖောင်တော်ဦးဘုရားပွဲလာသူများ စစ်တပ်ကျောထောက်နောက်ခံ ဟိုတယ်မတည်းခိုရန် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ပြော

အင်းလေးဖောင်တော်ဦးဘုရားပွဲကို လာရောက်ကြမည့် ဧည့်သည်များအနေဖြင့် စစ်တပ်ကျောထောက်နောက်ခံ မရဏဟိုတယ်တွေမှာ မတည်းခိုကြဖို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖောင်တော်ဦး စကစ ကျောထောက်နောက်ခံ ဟိုတယ်မတည်ဖို့ လှုပ်ရှားမှု

အင်းလေးဖောင်တော်ဦး ဘုရားပွဲသည် ယမန်နေ့ (အောက်တိုဘာ ၁၅)ရက်တွင် စတင်ကျင်းပကြောင်း သိရသည်။

“အိပ်စက်ခြင်းကနေ လက်နက်တွေ၊ ကျည်ဆံတွေ မဖြစ်ဖို့ မရဏဟိုတယ်များကို ငြင်းပယ်ကြပြီး ခရီးသွားနဲ့ ဟိုတယ်လုပ်ငန်းကို မီးခိုးမထွက်တဲ့ စက်ရုံလို့ခေါ်ရင် မီးခိုးမထွက်စက်ရုံနဲ့ လူသတ်အားပေးစက်ရုံ ခွဲခြားကြမယ်လို့ ပြောချင်ပါတယ်။ သွေးစွန်းမရဏဟိုတယ်များကို ငြင်းပယ်ကြပါ”ဟု အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသော ဗွီဒီယိုဖိုင်တွင် ပြောကြားထားသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်အစိုးရအဖွဲ့က ဘုရားကြွမည့် ဌာနတိုင်းကို ရောက်ရှိလာသည့် ဧည့်သည်တော်၊ ဘုရားလူကြီး(ဂေါပက)တွေကို ကျွေးမွေးဧည့်ခံရာ၌ သုံးရန်အတွက် ဖောင်တော်ဦးဘုရားကြွချီမည့် ကျေးရွာ ၂၁ ရွာသို့လည်း တစ်ဌာနကို ၂၁ သိန်းစီ ပေးထားရကြောင်း အင်းလေးအမျိုးသမီးသမဂ္ဂမှ အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စကစ ကျောထောက်နောက်ခံ ဟိုတယ်မတည်ရန် လှုပ်ရှားမှု

“ကျမတို့ကတော့ ဒီနိုင်ငံရေးအခြေအနေနဲ့ဖြစ်နေတဲ့အတွက် ကိုယ့်ဒေသမှာ စစ်ကောင်စီက ဒီလိုမျိုးလုပ်တာကို မဖြစ်စေချင်ဘူး၊ အားမပေးဘူး။ အဲ့ဒီအတွက် ဆန့်ကျင်တာတွေ၊ ထုတ်ပြန်ချက်တွေ ဆန္ဒပြတာတွေ၊ လှုံ့ဆော်ပြီးပြီ။ အခုလက်ရှိမှာ ပြည်သူတွေက သိပ်မပူးပေါင်းဘဲ စစ်ကောင်စီက ဘုရားပွဲကို ဖြစ်မြောက်ဖို့ ဆိုတဲ့ပုံစံနဲ့ အတင်းကြီးလုပ်နေတာ ဖြစ်တယ်”ဟု အင်းလေး အမျိုးသမီးသမဂ္ဂမှ အမည်မဖော်လိုသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အင်းလေးဖောင်တော်ဦးဘုရားပွဲကို စစ်တပ်အသုံးချခံမဖြစ်ဖို့၊ မပူးပေါင်း မပါဝင်ဖို့နဲ့ လောင်းကစားပွဲ၊ မူးယစ်ဆေးဝါးနဲ့ စစ်တပ်ထုတ်ကုန်တွေကို ဆန့်ကျင်ကြဖို့ လိုအပ်ကြောင်းကိုလည်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)၊ အင်းလေးအမျိုးသမီးသမဂ္ဂ(IWU)နှင့် အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့(IFDM)တို့၏ သဘောထားထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

“ကျနော်တို့ အင်းသားရိုးရာပွဲဆိုတော့ ဘယ်သူမှလဲ မနှောက်ယှက်ဘူး။ သွားတဲ့လူကတော့ သွားနေကြတာပဲ၊ ဖွင့်ပွဲနေ့ကတော့ လူများတာပေါ့”ဟု ယမန်နေ့ ဖွင့်ပွဲအခြေအနေကို အင်းလေးဒေသခံ ကိုစိုးမင်းက ပြောသည်။

ယခုနှစ် စက်လှေငှားရမ်းသည့် ဈေးနှုန်းမှာ အနည်းဆုံး ၄သောင်းကျပ် မှ အများဆုံး ၇သောင်းကျပ်အထိ ဈေးပေါက်ကြောင်း သိရသည်။

စစ်ကောင်စီက ပြန်လည်ကျင်းပလာသည့် ဖောင်တော်ဦးဘုရားပွဲမှာ စားဝတ်နေရေးအတွက် ဝင်ငွေနှင့်ပတ်သက်ပြီး အင်းလေးဒေသခံများက စိုးရိမ်နေကြသည်။

“ဒီနှစ်ဘုရားပွဲကို ဝင်ငွေကတော့ အများကြီး မမျှော်မှန်းထားဘူးဗျ၊ ခါတိုင်းနှစ်လောက်တော့ မမျှော်မှန်းထားဘူး။ ခါတိုင်းနှစ်ရဲ့ သုံးပုံနှစ်ပုံလောက်ပဲ မှန်းထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်က ဒီဇယ်ဈေးလဲ တအားကြီး တက်တယ်။၊ ပြီးတော့ ခရီးသည်ကလည်း အခုလောလောဆယ်မှာ သိပ်မကျသေးဘူး”ဟု အင်းလေးမှ စက်လှေသမား ကိုရဲက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်-၁၉ နှင့် နိုင်ငံရေးအခြေအနေကြောင့် ၃ နှစ်ကြာ မကျင်းပခဲ့ရသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲကို အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီက ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...