ဖယ်ခုံမြို့နယ် ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်များနှင့် ဒေသခံများ အကူညီလိုအပ်နေ

စိုင်းဟန်လင်း၊ ၂၀၂၃ အောက်တိုဘာလ ၁၈ ရက်

သျှမ်းပြည် ဖယ်ခုံမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဒေသခံနေအိမ်များအပါအဝင် စစ်ရှောင်ယာယီတဲများနစ်မြုပ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်း-ကရင်နီ နယ်စပ်ဒေသ ရေလွှမ်းခံရသည့် စစ်ရှောင်ယာယီတဲ

အောက်တိုဘာလ ပထမပတ်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖယ်ခုံမြို့ရှိ အင်းရေကန် မြင့်တက်လာရာမှ အင်းအနီးတဝိုက်ရှိ လယ်ဧကပေါင်း ထောင်နှင့်ချီ ရေလွှမ်းမိုးခြင်းခံခဲ့ရသည်။

အလားတူ မိုးဗြဲဆည်မှ ဘီးလူးချောင်းရေ အဆမတန် ဖွင့်ချမှုကြောင့် မိုးဗြဲဆည်အောက်ပိုင်းရှိ ရိတ်သိမ်းခါနီး စပါးခင်း ဧကပေါင်း (၅၀၀) ဝန်းကျင်နှင့် မွေးမြူရေးငါးကန် ဧကပေါင်း (၁၀၀) ဝန်းကျင်တို့အပါအဝင် ချောင်းဘေး၌ နေထိုင်ကြသည့် စစ်ဘေးရှောင် တဲအိမ်များနှင့် စိုက်ပျိုးထားသော စပါးများလည်း နှစ်မြှုပ်သွားခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF မှ ထုတ်ပြန်ထားသည်။

သျှမ်း-ကရင်နီ နယ်စပ်ဒေသ ရေလွှမ်းခံရသည့် စစ်ရှောင်ယာယီတဲ

“ ဒီမှာတော့ နှစ်တိုင်းလိုလို ကြုံနေရတာပဲ။ ပျက်စီးမှုကလည်း နှစ်တိုင်းရှိတယ်။ သဘာဝကြောင့် တော့မဟုတ်ပါဘူး။ ဆည်တွေကြောင့် အင်းကန်ထဲ ရေလျှံတာ၊ ရေတွေမြင့်တက်လာလို့ အိမ်တွေမြှုပ်တာ။ ဆည်ရေဖွင့်ချတော့လည်း ဆည်အောက်ကလူတွေ ခံရတာပေါ့ “ ဟု ဖယ်ခုံမြို့တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ ဒေသခံများနှင့် စစ်ရှောင်များသည် စိုက်ပျိုးထားသော စိုက်ခင်းများ၊ နေအိမ်များ ရေလွှမ်းခံရသောကြောင့် အရေးပေါ် အကူညီလိုအပ်နေသည်။

ဖယ်ခုံမြို့ဒေသခံ အသက် (၃၀) ကျော် အမျိုးသားတစ်ဦးက “ တချို့တွေလည်း ရိတ်သိမ်းခါနီးနေပြီ ရေထဲမြှုပ်ကုန်တာ။ ရက်ရှည်ရေထဲနစ်နေတော့ စပါးအညှောင့်ပေါက်ပြီး ပုတ်သိုးကုန်မှာ။ လယ်ယာလုပ်တုန်းက အားအင်တွေစိုက်ပြီး လုပ်ခဲ့ရတာ အခုမှရေထဲမှာ ပါသွားတော့ အရမ်းနှမျောတယ် “ ဟု ၎င်းကထပ်လောင်းပြောသည်။

ထို့အပြင် သျှမ်း-ကရင်နီ (ကယား) နယ်စပ်ဒေသ တလျှောက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားခြင်းကြောင့် စစ်ရှောင်များအခက်အခဲဖြစ်နေသည်။

ထို့အပြင် ပြီးခဲ့သည့် (အောက်တိုဘာလ ၁၅ ရက်) ညအချိန်တွင် မိုးဗြဲမြို့ပေါ် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စည်ကား (၃) ရပ်ကွက်နှင့် ဒုန်းဒူထန်ရပ်ကွက်ရှိ နေအိမ် (၄) လုံးကို ထပ်မံမီးရှို့ခဲ့ ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...