Friday, February 13, 2026

စစ်ကောင်စီ

ကလေး “စာမရတာ” ညိုမဲထိ ရိုက်နှက်ခွင့်ရှိလား

ကျောင်း ဝတ်စုံ အဖြူ၊ အစိမ်း ဝတ်ဆင်ပြီး ကုတင်ပေါ်မှာ လဲလှောင်းကာ နာကျင်တဲ့ ဝေဒနာကို ကြိတ်ခံရင်း နှုတ်ကနေ  တချက်ချက် တိုးတိတ်စွာ ငြီးငြူနေပါတယ်။ အဲ့ဒီ နာကျင်မှုတွေနဲ့ ငြီးငြူနေတဲ့သူကတော့ အသက် ၇ နှစ်အရွယ် သာရှိပြီး  မိုင်းရှူးမြို့နယ် ဟိုနမ့်ကျေးရွာက အခြေခံ မူလတန်းကျောင်းမှာ ပထမတန်းကျောင်းတက်နေသူဖြစ်ပါတယ်။  လွန်ခဲ့တဲ့ အောက်တိုဘာ ၉ရက်မှာ ကျောင်းမှာ...

NCA (၈) နှစ်ပြည့် အခမ်းအနားတက်ရန် RCSS ဥက္ကဌ နေပြည်တော်ရောက်ရှိ

NCA (၈) နှစ်ပြည့် အခမ်းအနားတက်ရန် အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ယနေ့ (အောက်တိုဘာ ၁၃)ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်...

ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ဒေသခံများသည် အရေပြားရောဂါ ကူးစက်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်. ထို အရေပြားရောဂါ ကူးစက်ခံရသူအများစုသည် လသားအရွယ် ကလေးငယ်များ ဖြစ်ကြပြီး၊ ကူးစက်မှုသည် လနှင့်ချီကြာမြင့်လာပြီ ဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ဖြစ်တာကတော့...

လားရှိုးမြို့ နိုင်ငံကူးလက်မှတ် ကို ၁၀ သိန်းအထက်ဈေးပေါက်

သျှမ်းပြည် မြောက်ဘက် လားရှိုးမြို့ တွင် နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာ၌ ၁၀ သိန်းအထက် ဈေးပေါက်နေကြောင်း ပြည်သူများက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပထွက် အလုပ်လုပ် မည့်သူ များပြားလာသဖြင့် နိုင်ငံကူးလက်မှတ်များကို အလုအယက်ပြုလုပ်နေကြသည်။ ထို့ကြောင့်လားရှိုးမြို့ပေါ်တွင် နိုင်ငံကူးလက်မှတ်များကို ပွဲစားများနှင့် ပြုလုပ်ရာတွင် ၁၀...

စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု နိုင်ငံတကာသိအောင် သရုပ်ဖော်ပြ

မြန်မာပြည်သူများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ကို နိုင်ငံတကာ သိအောင် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တာ့ဖဲဂိတ်တွင် ယမန်နေ့ (အောက်တိုဘာ ၁၂)ရက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ သရုပ်ပြမှုကို ချင်းမိုင်မြို့ရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် လူငယ်အနုပညာရှင် ၆ ဦး ပါဝင်သည့် အဖွဲ့မှ Deadly...

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၅ ဦးထက်မနည်းသေဆုံး

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း သေဆုံးကာ ကားတစ်စီးလည်း ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် လားရှိုးမြို့မှ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည်...

သိန္နီမြို့နယ် စစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ရ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ် ဟိုမိန်းဘုန်းကြီးကျောင်းရောက် စစ်ရှောင်များသည့် ယနေ့ (အောက်တိုဘာ ၁၂)ရက်တွင် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ လက်နက်ကြီးဖြင့် အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုကြောင့် ဟိုမိန်းကျောင်းသို့...

မူဆယ်မြို့နယ် နမ့်ပေါ့တံတားပေါ် မပေါက်ကွဲသေးသည့် မိုင်းများတွေ့ရှိ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် ခူးဝိန်းနယ်မြေ နှင့် ဝိန်းနန်းကျေးရွာသို့ ဆက်သွယ်သွားသည့် နမ့်ပေါ့တံတားပေါ်တွင် မပေါက်ကွဲသေးသည့် မိုင်းများတွေ့ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက်ပိုင်းတွင် မူဆယ်မြို့နယ် ခူးဝိန်းကျေးရွာနှင့် ဝိန်းနန်းကျေးရွာ အကြား ဆက်သွယ်ထားသော နမ့်ပေါ့တံတားပေါ်တွင် မပေါက်ကွဲသေးသည့် (ထောင်မိုင်း) များ စုစုပေါင်း...

စစ်ကောင်စီ အဖွဲ့ဝင် အရာရှိ ၂ဦး ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရ

အာဏာသိမ်းစစ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ ကို ရာထူးလုပ်ပိုင်ခွင့်အား အသုံးပြု၍ လာဘ်စားမှုနှင့် စစ်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့ညမှာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လိုက်သည်။ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းစကတည်းက စစ်ကောင်စီၑ...

လားရှိုးမြို့ အမျိုးသား၂ဦး ဘဏ်ငွေထုတ်ပြီးအပြန်လမ်း ဓားပြတိုက်ခံရ

သျှမ်းပြည် လားရှိုးမြို့ရှိ CB ဘဏ်မှ ပိုက်ဆံထုတ်ပြီး ပြန်လာသည့် အမျိုးသား ၂ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။ ယခု အောက်တိုဘာ ပထမပတ်အတွင်း လားရှိုးမြို့ ရပ်ကွက်(၇)တွင်နေထိုင်သည့် အမျိုးသား ၂ဦးသည် CB ဘဏ်မှ ငွေသွားထုတ်ပြီး အိမ်အပြန်လမ်းတွင် အမည်မသိ...

Latest news