တန်းတူရေးထက် ခေါ်ယူ ဗိုလ်ကျ အမြတ်ထုတ်နေလား NCA ?

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်မြောက် အခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် ရဲ့ဖိတ်ကြားချက်အရ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များသည် အောက်တိုဘာ ၁၃ ရက်တွင် နေပြည်တော်သို့ ချီတက်သွားကြသည်။

NCA (၈)နှစ်မြောက် အခမ်းအနားကို အောက်တိုဘာ ၁၅ရက် (တနင်္ဂနွေနေ့)တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ( MICC ) ခန်းမတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။

NCA (၈) နှစ်မြောက် အခမ်းအနားမကျင်းပမည် ၆ ရက်အလို (အောက်တိုဘာ ၉)ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာနယ်မြေ လိုင်ဇာမြို့နယ် အနီးတွင် လက်နက်ကြီးပေါက်ကွဲမှုဖြစ်ပြီး စစ်ရှောင် ကလေး အပါအဝင် အရပ်သား ၂၉ ဦး သေဆုံးခဲ့ပြီး၊ စစ်ရှောင် စခန်းတစ်ခုလုံး ရစရာမရှိအောင် ပျက်စီးခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် မြန်မာတဝှမ်း အရပ်သားနေအိမ် (၆၀၀,၄၅၉) ကျော် မီးရှို့ဖျက်ဆီးပြီး Data for Myanmar စာရင်းအရ သိရသည်။

ထို့ပြင် ၂၀၂၁ ခုနစ် အာဏာသိမ်းပြီးနောက် အရပ်သား သေဆုံးမှု အောက်တိုဘာ ၁၇ ရက်ထိ စုစုပေါင်း (၄၁၄၉) ဦး ရှိကြောင်း နိုင်ငံရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) စာရင်းတွင် ဖော်ပြထားသည်။

သို့ပေမယ့် တစ်ချိန်က တန်းတူညီမျှရေး အမျိုးသားရေး၊ အာဏာရှင်ဖျက်သိမ်းရေး ကြွေးကြော်ခဲ့သော တိုင်းရင်းသားခေါင်းဆောင် အချို့သည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးစီးကျင်းပသည့် NCA ကို မျှော်လင့်ချက်နှင့် တပျော်တပါး သွားရောက်ခဲ့ကြသည်။

NCA ပွဲသို့ သွားတက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်များမှာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA )၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)နဲ့ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (PNLO) တို့ဖြစ်ကြသည်။

NCA ၈နှစ်မြောက်

အခမ်းအနားကိုကြည့်ချင်းအားဖြင့်ခမ်းနားထည်ဝါမှုရှိပြီး တန်းတူညီမျှရေးဟု ပြောဆိုနေသည့် စစ်အာဏာရှင်ဟာ တိုင်းရင်းသားခေါင်းဆောင်များနှင့် တန်းတူ မထိုင်နိုင်ဘဲ သီးသန့်ခုံဖြင့် ခန့်ခန့်ကြီး တစ်ကိုယ်တည်း ထိုင်နေခြင်းဟာ မေးခွန်းထုတ်စရာဖြစ်လာသည်။

ထိုပွဲကို တက်ရောက်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များသည် စစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်မှုအရ သွားသော်လည်း စစ်ကောင်စီထုတ် အောက်တိုဘာ ၁၆ ရက် မြန်မာ့အလင်း သတင်းစာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များက လာရောက်ဂါရဝပြု တွေ့ဆုံ” ဟု အမြတ်ထုတ် ရေးသားထားသည်။

စစ်ဝါဒဖြန့် သတင်းစာတွင်ရေးသားထားသည့်စာ

“နိုင်ငံရေးလိုအပ်ချက်အရ သူတို့လုပ်ရတာနေမှာပါ။ ကိုယ်စားလှယ်တွေ သူ့ကို ဂါရဝပြု ကန်တော့တဲ့ ပုံတွေတော့မတွေ့မိ ဘူးမဟုတ်လား” – ဟု NCA လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တစ်ဉီးကပြောသည်။

အာဏာသိမ်းခေါင်းဆောင်ရဲ့ဖိတ်ကြားချက်အရ တိုင်းရင်းသားလက်နက်ကိုင်များက ပြုံးပြုံးရွှင်ရွှင်နဲ့ သွားတက်ခဲ့သော်လည်း တဖက်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ရေးသားချက်သည် အလွန်ပင် အံ့သြစရာဖြစ်စေသည်။

ထို့အချက်ကိုလည်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက သတိမမူကြပေ။ ယင်းကိစ္စများကို ကြည့်ချင်းအာဖြင့် စစ်တပ်အုပ်ချုပ်သူများသည် တိုင်းရင်းသားများကို တန်းတူညီမျှမှုမဆက်ဆံဘဲ တဆစ်ချိုးနိမ့်ထားကြောင်း နိုင်ငံရေး အသိုင်းအဝန်းကလည်း သုံးသပ်ပြောဆိုသည်။

ထို့အပြင် စစ်အာဏာရှင်ခေါင်းဆောင်ရဲ့ ပါးစပ်ဖျားတွင် “ဖက်ဒရယ် ဒီမိုကရေစီ” ဖော်ဆောင်ရေးဟု ပြောဆိုခဲ့သော်လည်း လက်တွေ့မှာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ၄င်းမကျွမ်းကျင်သည့် မြန်မာစကားဖြင့် မိန့်ခွန်းပြောဆိုခိုင်းသည့်ကိစ္စလည်း ဟာသတစ်ခုကဲ့သို့ လူမှုကွန်ရက်စာမျက်နှာပေါ် အများ ကဲ့ရဲ့လာစေခဲ့သည်။

NCA ၈နှစ်မြောက်

သို့ရာတွင် အာဏာသိမ်း ခေါင်းဆောင်သည် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဘေးချင်းကပ် လမ်းလျှောက်ပြီး ခန်းမထဲဝင်လာခြင်းကို ကြည့်ပါက RCSS ဦးစားပေးသည့် သဘောရှိသည်။

ယခုနှစ်ကျင်းပတဲ့ NCA (၈)နှစ်မြောက်နေ့ တွင် စစ်ခေါင်းဆောင်က ( NCA) လက်မှတ်ထိုးထားသည့် အဖွဲ့အားလုံးနှင့် လက်မှတ်မထိုးထားသည့် အဖွဲ့များကို ဖိတ်ကြားခဲ့သည်။ သို့သော် ထူးခြားမှုမှာ “ဝ” တပ်ဖွဲ့ ( UWSA) ၊ မိုင်းလားတပ်ဖွဲ (NDAA )နှင့် SSPP ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ မတက်ရောက်ခဲ့ပေ။

နောက်ဆုံးအနေနဲ့ တခေတ်တချိန်က လူမျိုးရေး၊ အမျိုးသားရေး တန်းတူညီမျှရေးဟု ကြွေးကြော်နေသူများသည် “ ငြိမ်းချမ်းရေး” ကို စစ်ကောင်စီ ထံ သွားရောက်တောင်းဆိုနေခြင်းသည် မေးခွန်းထုတ်စရာဖြစ်ပြီး၊ အများဝေဖန်မှု မျိုးစုံမြင့်တက်လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...