Tuesday, January 27, 2026

လင်းခေးမြို့နယ် ဝမ်ဟက်ရွာမှာ မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး

သျှမ်းပြည် လင်းခေးမြို့နယ် ဝမ်ဟတ်ရွာတွင် မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

လင်းခေးမြို့နယ် ဝမ်ဟက်ရွာမှာ မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး

ယနေ့(အောက်တိုဘာ ၁၈ ရက်) နံနက် ၉ နာရီခန့်တွင် လင်းခေးမြို့နယ် ဝမ်ဟတ်ရွာ၌ နေထိုင်သည့် စိုင်းဆိုင်လင်း ဆိုသူသည် နံနက်ဈေးရောင်းပြီး နေအိမ်သို့ ရောက်ရှိသော်လည်း သုံးဘီးဆိုင်ကယ်ပေါ် မီးရှူးမီးပန်းများ ဆက်တင်ထားသည်။

ထိုသုံးဘီးဆိုင်ကယ်သည် ဝါယာရှောခ့်ကြောင့် မီးရှူးမီးပန်းရှိ ယမ်းများသို့ ကူးစက်ပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အသက် (၄၀)အရွယ် စိုင်းဆိုင်လင်း နှင့် အသက် (၆၀)အရွယ် ဒေါ်လမ်တို့ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လင်းခေးမြို့နယ် ဝမ်ဟက်ရွာမှာ မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး

“သုံးဘီးဆိုင်ကယ်က ဝါယာရှော့ခ်ဖြစ်ပြီး မီးရှူးမီးပန်းက ယမ်းကို သွားထိတာ။ အဲ့မှာ နေအိမ်ကိုလည်း ကူးတော့ စိုင်းဆိုင်လင်းရဲ့ ခြေထောက်တစ်ဖက် ပြတ်ပြီး သေဆုံးသွားတယ်။ နောက်ပေါက်ကွဲမှုကြောင့် သူ့အိမ်နီးချင်း နန်းလမ် ကလဲ ထိတ်လန့်ပြီးသေသွားတယ်” ဟု ၎င်းကဆိုသည်။

ယခုအချိန်သည် သီတင်းကျွတ်ကာလ ရောက်ရှိပြီဖြစ်တာကြောင့် လူကြီးလူငယ်များအနေဖြင့် မီးရှူးမီးပန်းနှင့် ဗျောက်အိုးများကို ဆော့ကစားလျှင် သတိထားကြရန်ဖြစ်သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတွင် မီးရှူးမီးပန်းလုပ်ရာမှ ယမ်းပေါက်ကွဲမှုဖြစ် အမျိုးသမီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ယမ်းပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရှိရသည်။ ယနေ့ အောက်တိုဘာလ ၂၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင် တောင်ကြီးမြို့နယ် ဖါမွန်းကျေးရွာအုပ်စု ကောင်ရွေးရွာတွင် မီးရှူးမီးပန်းများ ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီး ၁...

လင်းခေးမြို့နယ် စစ်ကောင်စီမှ စစ်မှုထမ်းရန် ဆင့်ခေါ်နေ

0
သျှမ်းပြည် လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ပထမအကြိမ် ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်မှုများရှိလာကြောင်း စုံစမ်းသိရသည်။ မတ်လ ပထမပတ်မှ စတင်၍ လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ကာ ပြည်သူ့စစ်မှုထမ်း စတင်ကောက်ယူမည်ဟု ပြောဆိုခဲ့ကြောင်း လင်းခေးမြို့ ဒေသခံ...

လင်းခေးမြို့နယ် ရေကြီး၊ နေအိမ် တစ်ထောင်ဝန်းကျင်နှင့် လယ်ယာ ဧက ၃၀၀၀ ခန့် နစ်မြှုပ်

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင် မိုးရွာသွန်းပြီး နမ့်တိန်းချောင်းရေ မြင့်တက်မှုကြောင့် ပြည်သူနေအိမ် တစ်ထောင်ဝန်းကျင်နှင့် လယ်ယာစိုက်ခင်းများ ဧက ၃၀၀၀ ခန့် ရေနစ်မြှုပ်နေကြောင်း‌ေသတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စတင်၍ နမ့်တိန်းချောင်း ရေမြင့်တက်လာပြီး ယနေ့ (သြဂုတ်လ ၂၇ ရက်) အထိ ရေများ...

သျှမ်းတောင် ဒေသခံလူထုနှင့် ဆက်တိုက်တွေ့ဆုံလာသည့် RCSS ဥက္ကဋ္ဌ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ ဒေသခံလူထုကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌက ဆက်တိုက်တွေ့ဆုံလာကြောင်း စုံစမ်းသိရသည်။ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး လင်းခေးခရိုင်အတွင်းရှိ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ မိုးနဲနှင့် နမ့်စန်မြို့နယ်များရှိ ဒေသခံပြည်သူများကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က လူထုတွေ့ဆုံပွဲများ...

လင်းခေးမြို့နယ်အတွင်း မိုးကြီး ရေကြီးမှုကြောင့် တံတားတစ်စင်း ပျက်

0
သျှမ်းပြည် လင်းခေးမြို့နယ်အတွင်း မိုးကြီးရေကြီးမှုကြောင့် တံတားတစ်စင်း ပျက်စီးရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်း ၁ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ ချောင်းရေများ မြင့်တက်လာရာ လင်းခေးမြို့နယ်မှ မက်ကျန်းမွန်းကျေးရွာ နှင့် နမ့်ဆိုင်းကျေးရွာကြားရှိ ပန်နမ့်ဟူးချောင်းကူး တံတား ပျက်စီးရကြောင်း...