လင်းခေးမြို့နယ် ရေကြီး၊ နေအိမ် တစ်ထောင်ဝန်းကျင်နှင့် လယ်ယာ ဧက ၃၀၀၀ ခန့် နစ်မြှုပ်

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင် မိုးရွာသွန်းပြီး နမ့်တိန်းချောင်းရေ မြင့်တက်မှုကြောင့် ပြည်သူနေအိမ် တစ်ထောင်ဝန်းကျင်နှင့် လယ်ယာစိုက်ခင်းများ ဧက ၃၀၀၀ ခန့် ရေနစ်မြှုပ်နေကြောင်း‌ေသတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စတင်၍ နမ့်တိန်းချောင်း ရေမြင့်တက်လာပြီး ယနေ့ (သြဂုတ်လ ၂၇ ရက်) အထိ ရေများ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။

နမ့်တိန်းချောင်းရေကြီးမှုကြောင့် လမ်းမပေါ်ရေတက်

ထို့ကြောင့် နမ့်တိန်းချောင်း အနီးတဝိုက်ရှိ ဈေးတန်းရပ်ကွက်၊ ရွာမ အရှေ့ရပ်ကွက်၊ ဒါးဆိပ်ရွာ၊ နမ့်အွန်ရွာ၊ ပင်ထနောင်းရွာ၊ ဝမ်မပျဉ်းရွာ၊ တောင်ရွာရပ်ကွက်နှင့် ကမ္မဌာန်းကျောင်း အပြင် လင်းခေးမြို့ တောင်ဘက် မအွန်လောင်းရွာ၊ နားကုန်းရွာ၊ စလောင်းရွာ စသည့် ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံ နေအိမ် (၁၀၀၀) ဝန်းကျင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေကြောင်း ဒေသခံများက ပြောသည်။

“မိုးတွေလည်း ရွာနေတုန်းပဲ။ ဒီနေ့ထိ ရေတွေ ဆက်တက်နေတုန်း၊ တချို့တွေလည်း ပြောင်းရွှေ့နေရတယ်။ ကျောင်းတွေကလည်း ပိတ်ထားရတယ်။ ဒီနေ့ထိ မိုးတွေ ဆက်ရွာနေတော့ ခါးလောက်ရှိတယ်။ တချို့နေရာဆို ၃ ပေ လောက် ရေတက်လာတယ်။ အိမ်ခြေတွေဆိုရင်တော့ ထောင်ဂဏန်း ဝန်းကျင်လောက်ရှိမယ်”ဟု လင်းခေးဒေသခံတစ်ဦးက ပြောသည်။

နမ့်တိန်းချောင်းရေ ဆက်လက်မြင့်တက်မှုကြောင့် လယ်ယာစိုက်ခင်း ဧက ၃၀၀၀ ဝန်းကျင်ခန့် ရေနစ်မြှုပ်နေပြီး၊ ကားလမ်းမကြီးပေါ်တွင်လည်း ရေလျှံနေကာ သွားလာရန်လည်း ခက်ခဲနေကြောင်း လင်းခေးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

နမ့်တိန်းချောင်းရေကြီးမှုကြောင့် လမ်းမပေါ်ရေတက်

“ရေတွေက ဆက်တက်နေတော့ လယ်တွေ၊ စပါးခင်းတွေ၊ ပြောင်းဖူးခင်း နှမ်းခင်းတွေကလည်း ရေတွေ မြှုပ်ကုန်ပြီ။ ဘယ်သူမှလည်း လယ်ထဲသွားလို့ မရတော့ဘူး။ ဒေသခံတွေ အတွက်ကတော့ စားဖို့သောက်ဖို့က ရှာစားရခက်ပြီ”ဟု လင်းခေးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ရေဘေးသင့်နေသော ဒေသခံများကို နီးစပ်ရာ ရွာနှင့် ကုန်းမြင့်ပိုင်းသို့ ပြောင်း‌ရွှေ့ပေးထားပြီး ကျန်ရှိနေသော ဒေသခံအတွက် စားသောက်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေရပြီး လှေဖြင့် သွားလာနေရကြောင်း သိရသည်။

နမ့်တိန်းချောင်းရေကြီးမှုကြောင့် လမ်းမပေါ်ရေတက်

“တချို့တွေလည်း အိမ်အကြီးတွေ မြင့်တဲ့အိမ်တွေမှာ ပြောင်းရွှေ့နေကြရတယ်။ ချက်စားဖို့က ခက်တော့ အချင်းချင်းပဲ ပြန်ကူညီပြီး ပြန်လှူနေရတယ်။ သောက်ဖို့ ရေတွေ၊ ဆေးတွေလည်း အခက်အခဲတွေ ဖြစ်နေတယ်”ဟု ၎င်းက ဆက်ပြောသည်။

လင်းခေးမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်တွင်လည်း ရေကြီးမှုဒဏ်ကို ဆိုးရွာစွာ ကြုံတွေ့ခဲ့ရပြီး ရေ‌ဘေးကြောင့် လူသေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...