လင်းခေးမြို့နယ်အတွင်း မိုးကြီး ရေကြီးမှုကြောင့် တံတားတစ်စင်း ပျက်

သျှမ်းပြည် လင်းခေးမြို့နယ်အတွင်း မိုးကြီးရေကြီးမှုကြောင့် တံတားတစ်စင်း ပျက်စီးရကြောင်း စုံစမ်းသိရသည်။

ရေကြီးမှုကြောင့် လမ်းတံတား ပျက်စီး

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်း ၁ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ ချောင်းရေများ မြင့်တက်လာရာ လင်းခေးမြို့နယ်မှ မက်ကျန်းမွန်းကျေးရွာ နှင့် နမ့်ဆိုင်းကျေးရွာကြားရှိ ပန်နမ့်ဟူးချောင်းကူး တံတား ပျက်စီးရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တံတားကတော့ တော်တော်များများ ပျက်စီးသွားပြီ၊ ဒီချောင်းကလည်း မိုးမရွာရင် ရေက ဟိုတစ်ကွက် ဒီတစ်ကွက် အဲ့လို နည်းနည်းပဲ ရှိကြတယ်၊ မိုးရွာမှ ရေတွေတက်လာပြီး ဟိုဘက်ဒီဘက်ကမ်းကို လျှံထွက်တာ။ ချောင်းကူးတံတား ပျက်သွားတော့ အခု အဲ့လမ်းကနေ ဖြတ်လို့မရသေးဘူး” ဟု လင်းခေးမြို့မှ မဟာဝိဟာရ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အိန္တောဘာသ ကသျှမ်းသံတော်ဆင့်ကို မိန့်သည်။

ချောင်းကူး တံတားပျက်စီးသည့်အတွက် ဒေသခံများအတွက် သွားရေးလာရေးပိုင်း နှင့် ပတ်သက်ပြီး ထိခိုက်မှု၊ အခက်အခဲများ ရှိလာသည့်အတွက် တာဝန်ရှိသူများ အမြန်ဆုံး ပြင်ဆင် တည်ဆောက်ပေးရန် တောင်းဆို လိုကြောင်းလည်း ဒေသခံများ တောင်းဆိုကြကြောင်း သိရသည်။

“ကျနော်တို့ ရွာသားတွေ နေ့စဥ်နီးပါး သုံးနေတဲ့ လမ်းတစ်ခုဖြစ်နေတယ်ဆိုတော့ အခုလို လမ်းပျက်နေတာ အခက်အခဲတော့ ရှိတာပေါ့နော်။ ဟင်းသီးဟင်းရွက်ရောင်းပြီး ဝမ်းစာဖြေရှင်းနေတဲ့ သူတွေလည်း ဒီလမ်းကိုပဲ သုံးကြတာ။ ဒါကြောင့် အကြာကြီးပျက်ရင် ထိခိုက်မှုက ပိုများမှာ။ ရွာသားတွေချည်းပဲ ပြင်မယ်ဆို အချိန်ကြန့်ကြာမှာဆိုတော့ သက်ဆိုင်ရာ ဝာာဝန်ရှိသူတွေ လာရောက် ကူညီပေးစေချင်တယ်” ဟု လင်းခေးမြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ပျက်စီးသွားသည့် တံတားသည် ပြီးခဲ့သည့် ၂၀၁၂ တွင် ဒေသခံများ နှင့် ဒေသအတွင်းမှ သံဃာတော်များ စုပေါင်းပြီး တည်ဆောက်ထားခဲ့သည့် လင်းခေးမြို့အတွက် အဓိက အရေးပါသည့် တံတား တစ်စင်း ဖြစ်ကြောင်း သိရသည်။

ချောင်းကူးတံတားကို မဖြစ်မနေ ဖြတ်သန်းပြီး သွားလာရသည့် ကျေးရွာများ အနေဖြင့် ကန်နားကျေးရွာ၊ နမ့်ဆိုင်းကျေးရွာ နှင့် တိနျုကျေးရွာတို့မှ ဖြစ်ကြကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...