နေရပ်ပြန်သည့် စစ်ရှောင်များ တောင်ယာသို့သွားရန် မြေမြုပ်မိုင်းစိုးရိမ်နေရ

သျှမ်းပြည် သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုမှ ကျေးရွာအတွင်း နေရပ်ပြန်သွားသည့် စစ်ရှောင်များသည် တောင်ယာသို့သွားရန်အတွက် မြေမြုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

သိန္နီမြို့မှ စစ်ဘေးရှောင်များ

အောက်တိုဘာလ (၆) ရက်မှစတင်၍ ကွန်ကောက်ကျေးရွာအတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့တို့အကြား လက်နက်ဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခဲ့ရာ ဒေသခံ (၅၀၀) နီးပါးက ဘုန်းကြီးကျောင်း၊ ကျေးရွာနှင့် ဆွေမျိုးမိတ်ဆွေများထံ ထွက်ပြေးခဲ့ရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များသည် အောက်တိုဘာလ ၁၂ရက်တွင် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားကြသည်။

ထို့ကြောင့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသွားလာခဲ့သည့် လမ်းကြောင်းနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့် နေရာသည် ၎င်းတို့၏ တောင်ယာစိုက်ခင်းအနီးတွင် ဖြစ်ခဲ့သဖြင့် တောင်ယာသွားရန် မြေမြုပ်မိုင်း အန္တရာယ်ကို စိုးရိမ် နေရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကွန်ကောက်ကျေးရွာအုပ်စု စစ်ရှောင်များ

“ အခုထိ တောင်ယာသွားရင် မြေမြုပ်မိုင်းတွေ စိုးရိမ်နေရသေးတယ်။ ဘယ်နေရာမှာ မြုပ်မှန်းမသိဘူးလေ။ တိုက်ပွဲဖြစ်ပွားခဲ့နေရာတွေ၊ ရွာနဲ့အရမ်းတဲ့ နေရာတွေဆို သွားရမှာကို ကြောက်နေရတယ်။ တောတောင်ထဲမှာ နွားတွေ၊ ကျွဲတွေ သွားကျောင်းမှာလည်း စိတ်မလုံမခြုံခံစားနေရတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ရှောင်များ ထွက်ပြေးတိမ်းရှောင်နေစဉ် ကာလအတွင်း ပြောင်းချိုးရာသီဖြစ်သော်လည်း လက်ရှိမှာ မချိုးရသေးသည့် ပြောင်းခင်းဧက အများအပြားကျန်ရှိသေးကြောင်း ၎င်းကဆက်ပြောသည်။


သိန္နီမြို့နယ်အတွင်း တိုက်ပွဲသည် ငြိမ်သက်နေသော်လည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဘက်မှ အခွန် (ဆက်ကြေး) ဆက်တိုက်ကောက်ခံနေသေးကြောင်း ဒေသခံတောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

သိန္နီမြို့နယ်အတွင်း လက်နက်ကြီးထိ ဘုန်းကြီးကျောင်း

“ တိုက်ပွဲကတော့ ငြိမ်နေတယ်ဆိုပေမယ့် အခွန် (ဆက်ကြေး) ကတော့ ဆက်တိုက်ကောက်ခံနေတုန်းပဲ။ ကားတွေ ရပ်ခိုင်းပြီး ကားသော့သိမ်းတာ၊ လိုင်စင်ကားသိမ်းတာ လုပ်နေတယ်။ အိမ်ပြန်လာရတော့လည်း တမျိုးတမျိုး စိတ်ပူနေရတယ် “ ဟု ဒေသခံတောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ အောက်တိုဘာလ ၁၀ ရက်တွင်လည်း သိန္နီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီသည် ကွန်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ နေရာယူပြီး တောင်ပေါ်တွင် နေရာယူထားသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် (အောက်တိုဘာ ၉ )ရက်တွင် ကောင်းချိုကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲရာ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာခဲ့သလို၊ နှစ်ဖက်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် နေအိမ်အဆောက်အဦး၊ ဘုန်းကြီးကျောင်းဆောင်များလည်း ပျက်စီးခဲ့ရသည်။

လက်ရှိ သိန္နီမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ စစ်ရေးလှုပ်ရှားမှု တင်းမာမှုရှိနေသေးသဖြင့် အချိန်မရွှေးတိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...