တစ်ကိုယ်ရေ သန့်ရှင်းဖို့ ဘယ်လောက်ထိ အရေးကြီးလဲ

သျှမ်း – ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံမြို့နယ်တွင်းရှိ ကျေးရွာဒေသခံ အပါအဝင် စစ်ရှောင်ပြည်သူများ အရပြားရောဂါ ယားယံတာတွေ ဖြစ်ပွားပြီး အဲ့ဒီ ယားယံမှုတွေက ဘယ်ချိန်ကတည်းက စတင်ဖြစ်ပွားပြီးတော့ ဘယ်လိုတွေ ပြုစုနေရတာလဲဆိုတာကို သျှမ်းသံတော်ဆင့် ကနေ ကျန်းမာရေးပိုင်းမှာ လိုက်လံ ကူညီပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်း တစ်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ ဖယ်ခုံမြို့နယ်က စစ်ဘေးရှောင်ကလေးတွေမှာ အရေပြားရောဂါက ဘယ်လိုကနေ စပြီး ဖြစ်လာတာလဲ။

ဖြေ။     ။ ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကပဲပေါ့နော်၊ ဒေသခံ ကျန်းမာရေးအဖွဲ့တွေနဲ့ ကျွန်မတို့ သွားကြည့်ဖြစ်တာ ရှိတယ်။ အဲ့မှာ သွားစစ်ကြည့်တော့ အဓိက ကတော့ ယားယံတာပေါ့။ ယားယံတာကနေပြီးတော့မှ တစ်ကိုယ်ရေ သန့်ရှင်းမှုအပိုင်းမှာ အားနည်းတာလဲ ဖြစ်တယ်ပေါ့နော်။ ပထမကတော့ အဲ့လိုဖြစ်လိမ့်မယ်။

ပြီးကျတော့ သူတို့ Hygiene (တစ်ကိုယ်ရေ သန့်ရှင်းရေး) အပိုင်းပေါ့နော်။ ဆပ်ပြာသုံးစွဲမှုက တချို့လူတွေအတွက် အခက်အခဲဖြစ်တော့ မသုံးနိုင်ဘဲ အဲ့ကနေ စဖြစ်တာမျိုးတွေလဲ ရှိတယ်ပေါ့။ သူက ယားယံပြီး အနာတွေ ပေါက်သွားတာမျိုးပေါ့နော်။ ပြီးတော့ အရည်ကနေ ကူးတယ်ပေါ့ တဆင့်ပြီး တဆင့်  ဒီလိုကူးတာမျိုးတွေ တွေ့ရတယ်ပေါ့နော်။

တချို့ ကျန်းမာရေးဆရာမတွေ သုံးသပ်ချက်အရတော့ ရေယုန် ပုံစံမျိုးလဲ ပြောလို့ရတယ် ဆိုတဲ့ဟာမျိုးလဲ သူတို့သုံးသပ်တာတစ်ခုရှိတယ်။ နောက်ပြီးတော့ Outbreak ဖြစ်တယ်ပေါ့နော်။ ကျတော်တို့ သွားပြီး ကုသပေးတာတောင်မှ ကူးစက်ခံရသူ ၃၅ ယောက်ကို ကုသဖြစ်တယ်။

ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

မေး။    ။ သူတို့ဖြစ်တာက အဓိက ယားယံတာကနေ စဖြစ်တာ အဲ့လိုဟုတ်လား။

ဖြေ။     ။ ဟုတ်တယ်၊ အရင်ဆုံး ယားယံပြီး ကုပ်ခြစ်ရာကနေ ဖြစ်လာတာ။

မေး။    ။ ဒီလို ယားယံမှုဖြစ်တာက သူတို့နားမှာ ဘယ်လိုဖြစ်လာတာလဲ။

ဖြေ။     ။ မူရင်းက ကျွန်မတို့လဲ လက်လှမ်းမမှီဘူး ဖြစ်နေတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု လိုအပ်ချက်ကနေ စဖြစ်မယ်လို့တော့ ထင်ပါတယ်။

မေး။    ။ အခုနက ဆရာမပြောသွားတဲ့အထဲမှာ ဆပ်ပြာလိုအပ်ချက်တွေလဲ ပါတယ်ပေါ့နော်။ သူတို့ဆီမှာ အသုံးပြုနေတဲ့ ဆပ်ပြာက ဘယ်လိုဆပ်ပြာတွေ ဖြစ်မလဲ။

ဖြေ။     ။ သူတို့က သာမာန် ရိုးရိုးဆပ်ပြာတွေပဲ သုံးတယ်။ ရွှေဝါ၊ အမွှေးခဲတွေ သုံးတာတော့ ရှိတယ်။ တချို့လက်လှမ်းမှီတဲ့ အိမ်တွေကတော့ အမွှေးရည်တို့ သုံးတာတော့ ရှိတယ်ပေါ့နော်။ ဒီနောက်ပိုင်း ကလေးကို ကာဘော်လစ်ဆပ်ပြာနဲ့ သုံးပေးတာတော့ ရှိတယ်ပြောတယ်။

မေး။    ။ အခုဖြစ်နေတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေက ဘယ်နားမှာနေတာလဲ။ တောတောင်ထဲမှာ နေတာလား၊ ဒါမှမဟုတ် ကျေးရွာထဲမှာပဲ နေတဲ့ စစ်ဘေးရှောင်တွေလား။

ဖြေ။     ။ ကျွန်မတို့သွားပြီးကြည့်တာက စစ်ဘေးရှောင်ကဖြစ်တာ သိပ်ပြီးမတွေ့ရဘူး။ ဒေသခံတွေပေါ့၊ ရွာခံတွေက ဖြစ်တာများတယ်ပေါ့နော်။ ကျေးရွာထဲက ကလေးငယ်တွေ အရမ်းဖြစ်တယ်။

မေး။    ။ သူတို့ အသုံးပြုတဲ့ ရေတွေကကော ဘယ်ကလာတဲ့ ရေတွေဖြစ်မလဲ။ သူတို့သုံးတဲ့ ရေတွေနဲ့ကော ပတ်သက်မှု ရှိနိုင်မလားဗျ။

ဖြေ။     ။ ကျမတို့တော့ စဉ်းစားဖြစ်တာ တစ်ခုတော့ရှိတယ်။ အကယ်၍ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကနေ သုတေသနလုပ်ပြီး သေချာသုံးသပ်နိုင်ရင်တော့ ကောင်းတယ်ဆိုတဲ့ဟာမျိုး အဲ့လိုစဉ်းစားမိတာ ရှိတယ်ပေါ့နော်။

ရေက တောင်ကျချောင်းကနေ လာတယ်။ သူတို့သုံးတာ တောင်ကျချောင်းရေပဲ ဖြစ်တယ်။ တောင်ကျချောင်းရေကို ရေပိုက်နဲ့ ရွာထိ သွယ်လာပြီး သုံးလာတာရှိတယ်။ အဲ့ကနေပြီးတော့မှ စတာလား၊ ဒါမှမဟုတ်ရင် တစ်ကိုယ်ရေ သန့်ရှင်းမှုပေါ့နော်။ သူတို့ ရေမချိုးတာတို့ အဲ့လိုမျိုးလားပေါ့။ သူတို့ကို မေးကြည့်ရသလောက်တော့ မသိဘူး။ ကျမတို့ သိရသလောက်တော့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကနေ ဖြစ်နိုင်တယ်ပေါ့နော်။

မေး။    ။ အများစုက အရေပြားရောဂါဖြစ်နေတာဆိုတော့ ဘယ်သူတွေက အဖြစ်များနေလဲ။

ဖြေ။     ။ နောက်ပိုင်းက ကလေးတွေမှာ အဖြစ်များတယ်။ တော်တော်များများဖြစ်တယ်။ ကလေးတွေကော လူကြီးတွေကော အကုန်ဖြစ်တယ်။ ကျမတို့သွားတဲ့အချိန်ဆိုရင် ကလေးတွေ တော်တော်များများဖြစ်တာ တွေ့ရတယ်။ လူကြီးတွေကတော့ ခံနိုင်ရည်ရှိတော့ ခနလေးဖြစ်ပြီး ပြန်ပျောက်သွားတာ တွေ့ရတယ်။

မေး။    ။ ကလေးတွေ ဖြစ်တော့ကော အခြေအနေ ဘယ်လောက်ဆိုးလဲ။

ဖြေ။     ။ တော်တော်ဆိုးတယ်။ ကျမကွင်းဆင်းတာ ၂ ခေါက်မှာ တွေ့ရသလောက်ဆိုရင် ကလေးတွေက တော်တော်လေး အရမ်းနာကျင်နေတာ သူက မပြောတတ်လို့လေ။ လည်ပင်းတွေမှာဆိုရင် ပြည်တွေ ပေါက်ခါနီးအချိန်အထိ အဲ့လိုမျိုးတွေ ဖြစ်တာမျိုးတွေ တွေ့ရတယ်။ အနာက တော်တော်လေးကို ပေါက်ပြဲပြီး နာကျင်နေတာမျိုးတွေအထိ ရှိတယ်။ အခုနောက်တစ်ခေါက်ထပ်သွားတော့ အနာတွေက ခြောက်သွားသလိုမျိုးတော့ ရှိတယ်။ အရမ်းဖြစ်တာ တစ်ယောက် နှစ်ယောက်တော့ ကျန်တာပေါ့။

မေး။    ။ ကွင်းဆင်းသွားကြည့်တော့ ရွာသားတွေဖြစ်နေတာက ဘာရောဂါမျိုး ဖြစ်မယ်လို့ သုံးသပ်လဲ။ ရွာသားတွေမှာ ဘယ်လောက်ရာခိုင်နှုန်းလောက် ဖြစ်နေလဲ။

ဖြေ။     ။ သွားတာ နှစ်ရွာ သုံးရွာရှိတာဆိုတော့လေ တချို့ရွာတွေက အမျိုးအစား နည်းနည်းကွဲတဲ့ဟာတွေ ဖြစ်တယ်။ တစ်ချို့ကတော့ ယားယံတာကနေပြီးတော့မှ ရေယုန်ပုံစံလိုမျိုး၊ အနာစိမ်းပုံစံလိုမျိုး ဖြစ်တယ်။ အဲ့ဒီရေယုန်ပုံစံလိုဟာမျိုး ဖြစ်သွားတာကျတော့ အရည်ထွက်ပြီး ဗိုင်းရပ်စ်ပုံစံဖြစ်တာပေါ့နော်၊ တစ်ယောက်ပြီးတစ်ယောက် ကူးတဲ့ဟာမျိုးတွေ ဖြစ်တယ်။

နောက်ပြီးတော့ ဘက်တီးရီးယားဖြစ်ပွားတဲ့ အနာစိမ်းအကြီးကြီးတွေ ခွဲရတော့ ခွဲပြီးသွေးတိတ်ရင် နည်းနည်းသက်သာတာမျိုးတွေ ဖြစ်တယ်။ အချို့ရွာတွေမှာက တစ်ရွာလုံးနီးပါး ဖြစ်တဲ့ဟာတွေရှိတယ်။ တချို့ရွာတွေမှာ အယောက် ၂၀ ကနေ ၃၀ ဝန်းကျင် ဖြစ်တာတွေ ရှိတယ်။ ခန့်မှန်းချက်အရ ၃ ရွာပေါင်းမှာဆိုရင် လူဦးရေ ၇၀၀ ရှိတာမှာ ၂၀% လောက် ဖြစ်တယ်။

ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

မေး။    ။ အဓိက သူတို့ဘယ်ကနေ ဖြစ်လာသလဲဆိုတာ အဖြေမရသေးဘူးပေါ့နော်။ သူတို့ကျေးရွာတွေမှာ အရင်ကကော အခုလိုဖြစ်ဖူးလား။

ဖြေ။     ။ သူတို့ကို မေးကြည့်တာ လွန်ခဲ့တဲ့ လေးငါးနှစ်က တစ်ကြိမ်ဖြစ်ဖူးတယ် ပြောတယ်။ ဟိုအရင်တုန်းက ဘိုးဘွားတွေ ဖြစ်ဖူးတာရှိတယ်။ သူတို့က ဘယ်လိုမျိုးပြောကြလဲဆိုရင် ဒေသမှာ ဓလေ့အရ ပေါက်တဲ့ဟာမျိုးပေါ့။ လေးငါးနှစ်တစ်ကြိမ် ပုံစံမျိုးလဲ ဖြစ်တတ်တယ်ဆိုတဲ့ဟာမျိုး ခန့်မှန်းကြတယ်ပေါ့နော်။ အရင်တုန်းကလဲ ဖြစ်ဖူးတယ်လို့ သူတို့ပြောကြတယ်။

ကျမတို့ ဒီတိုင်းသွားကြည့်တော့ ကြားထဲကလူတွေက အဆင့်ဆင့် ကုသတယ်။ အရည်တွေကို ထိရင် ကူးစက်နိုင်တယ်၊ သတိထားရမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်ရမယ် ဆိုတဲ့ဟာမျိုး ကျမတို့ ပြောဖြစ်တာရှိတယ်။ ကျမတို့ ကယန်းတိုင်းရင်းသား ကျန်းမာရေးကော်မတီကလဲ ကျန်းမာရေး အသိပညာပေးတာ ရှိတယ်။

မေး။    ။ ဒါတွေ သူတို့ဖြစ်လာတာ ကြာပြီလား။

ဖြေ။     ။ ဒီတစ်ခေါက်ဖြစ်တာက လေးငါးလ ဝန်းကျင်လောက်တော့ ရှိသွားပြီ။ တစ်ရွာနည်းနည်း ဖြစ်တာတွေလဲ ရှိတယ်။ ဆေးခန်းမှာ ပြတဲ့လူလဲရှိတယ်။ ရွာမှာပဲ သူတို့ဘာသူတို့ ဆေးလေးထည့်ပြီး တနိုင်တပိုင် ကုကြရင်း သက်သာသွားတာလဲ ရှိတယ်။

မေး။    ။ အခုဖြစ်တော့ကော ဘယ်လိုမျိုး ဆေးကုသကြလဲ။

ဖြေ။     ။ ပြီးခဲ့တဲ့အချိန်တုန်းက သူတို့နည်း သူတို့ဟန် ကုသတာ ရှိတယ်ပေါ့နော်။ ကယန်းအမျိုးသမီးအစည်းအရုံးက ၃ လပိုင်း ဝန်းကျင်လောက်တုန်းက အခြေခံဆေးဝါးနဲ့ ပတ်သက်ပြီး အဲ့ဒီရွာတွေကို ပံ့ပိုးပေးခဲ့တာ ရှိတယ်။ အဲ့ပံ့ပိုးတဲ့ထဲမှာ အရေပြားလိမ်းဆေးတွေလဲ ပါတော့ သူတို့အဲ့တာတွေလိမ်းပြီး ကုကြတယ်။ နောက်ပြီးတော့ သူတို့လက်လှမ်းမှီတဲ့ ယားနာပျောက်ဆေးတစ်ချို့ကို ဝယ်သုံးကြတာ ရှိတယ်။ မဝယ်သုံးနိုင်တဲ့သူကျတော့ အရက်ပြန်နဲ့ သုပ်လိုက်တဲ့ဟာမျိုးတွေ ရှိတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာပဲ ကယန်းအမျိုးသား ကျန်းမာရေးကောင်စီကနေပြီးတော့ ကုသမှုတွေ လုပ်ပေးခဲ့တာရှိတယ်။

မေး။    ။ အခုနောက်ပိုင်းတော့ အကူအညီတွေ ရရှိလာပြီလား။

ဖြေ။     ။ မီဒီယာကနေတဆင့် ကျမတို့ ဒေသကျန်းမာရေးအဖွဲ့ကနေ ကူညီပေးနေတာရှိတယ်။ အဓိကတော့ ကျန်းမာရေးအဖွဲ့အစည်းတွေက လာကူပေးတာ ရှိတယ်။

မေး။    ။ သူတို့ကို ကူညီပေးတဲ့နေရာမှာ ဆေးဝါးလုံလောက်မှုရှိလား။ သူတို့အနာတွေကော သက်သာသွားလား။

ဖြေ။     ။ လောလောဆယ် ဖြစ်နေတဲ့လူတွေအတွက် လုံလောက်နေသေးတယ် ပြောရမှာပေါ့။ အများကြီးတော့ မဟုတ်ဘူး၊ ကုလို့ရတယ်ဆိုပေမယ့် ထပ်ပြီးကြုံလာရမယ်ဆိုရင်တော့ ကျမတို့ဆေးဝါးက အခက်အခဲ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဒေသဘက်မှာ ဆေးဝါးသယ်ယူဖို့က အရမ်းခက်ခဲတယ်။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းက အခက်အခဲ အရမ်းဖြစ်တော့ ကျန်းမာရေးအဖွဲ့တွေက အဲ့အထိသွားဖို့ အရမ်းခက်ခဲတယ်။ အရမ်းအခက်ခဲဖြစ်တော့ ကျမတို့ ကယန်းအမျိုးသားကျန်းမာရေးကော်မတီကို အကူအညီတောင်းရတာတွေ ရှိတာပေါ့နော်။ ကျမတို့ ဒေသခံ အဖွဲ့အစည်းတွေကနေတဆင့် အကူအညီတွေရရှိဖို့ ကူညီပေးစေချင်တယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...