စယ်လန့်ကျေးရွာ စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်၊ ကလေးများကျောင်းပြန်ပိတ်ရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ရွာတွင် စစ်ကောင်စီသည် ဆုတောင်းပြည့်တောင်ပေါ် စခန်းချမှနေပြီး လွိုင်တေးမိန်းတောင်ပေါ် ဘုရားသို့ လက်နက်ကြီးဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၁၉) ရက် နံနက်ပိုင်းအချိန်မှစပြီး ဆုတောင်းပြည့်တောင်ပေါ် ဘုရားနေမှနေ၍ စစ်ကောင်စီသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ရှိရာ ယူဆသည့် လွိုင်တေးမိန်း တောင်ပေါ်ဘုရားသို့ လက်နက်ကြီးဖြင့် ၂ လုံးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း စယ်လန့်ဒေသခံ တစ်ဦးက ပြောသည်။

“ ဆုတောင်းတောင်ပေါ်ကနေ လက်နက်ကြီး ၂ လုံးနဲ့ လွိုင်တေးမိန်းတောင်ပေါ်ကို စပစ်တယ်။ အဲ့အနီး တောင်ကုန်းကိုလည်း ပစ်တယ်။ လူထိခိုက်ဒဏ်ရာရတာတော့ မသိရသေးဘူး။ တစ်နေ့ကုန် နီးပါးလောက် ပစ်နေတာ အလုံး ၁၀ လုံးလောက် ရှိနေပြီ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

စယ်လန့်ကျေးရွာ

စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးအသံသည် တစ်ဖက်သက်သာ ကြားနေရပြီး နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်တာမျိုး မကြားရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက်ကြားနေရသောကြောင့် ယမန်နေ့ (အောက်တိုဘာ ၁၉)ရက်မှ ပြန်လည်ဖွင့်လှစ်သော စယ်လန့်ကျေးရွာ (အ.ထ.က) ကျောင်းမှ ကျောင်းသား/ကျောင်းသူများ ထိတ်လန့်မှုဖြစ်ပြီး ချက်ချင်း ကျောင်းပြန်ပိတ်ပြီး အိမ်သို့ ပြန်ရသည်။

Photo – Credit ( စယ်လန့်ကျေးရွာက ကျောင်းသား/သူများ တိုက်ပွဲကြောင့် စာသင်ကြားခွင့်ဆုံးရှုံး)

“ လက်နက်ကြီးပစ်ခတ်သံ စကြားပြီဆိုတာနဲ့ မိဘတွေကလည်း ကျောင်းက ကလေးတွေ ပြေးကြိုလာရတယ်။ ကလေးတွေလည်း လန့်နေကြတာ။ စယ်လန့်ကကျောင်းနဲ့ အနီးနားက အပြင်ကျောင်းတွေလည်း ချက်ချင်း ပိတ်လိုက်ရတယ်။ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေရတယ် “ ဟု စယ်လန့်ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲကြောင့် ပိတ်ထားသည့် စယ်လန့်ကျေးရွာမှ စာသင်ကျောင်းကို ယမန့် (အောက်တိုဘာ ၁၉)ရက်မှစ၍ ပြန်လည်ဖွင့်လှစ်နိုင်သော်လည်း စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် ထိတ်လန်မှုဖြစ်ပြီး ပြန်လည်ပိတ်လိုက် ရသဖြင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေသည်။

ထို့အပြင် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲသည် (စက်တင်ဘာလ နောက်ဆုံးပတ်) ၌ နောက်ဆုံးဖြစ်ပွားခဲ့ပြီး ယနေ့မှာ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခြင်း ပြုလုပ်လာလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...