သိန္နီမြို့နယ် SSPPတပ်ဖွဲ့က ရွာသားများကို ဗုံးခိုကျင်းတူးရန် သတိပေးလာ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ ကျေးရွာများကို ဗုံးခိုကျင်းတူးထားရန် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့က သတိပေးလာသည်ဟု သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရသည်။

သိန္နီမြို့

စစ်ကောင်စီတပ်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦးTNLA နှင့် ကိုးကန့် MNDAAတပ်တို့ကို ရုတ်တရက် စစ်ဆင်ရေးပြုလုပ်လာလျှင် ပြည်သူတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် မိမိနေအိမ်ခြံဝင်းအတွင်း ဗုံးခိုကျင်းတူးထားရန် သတိလာပေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်က ရုတ်တရက် စစ်ဆင်ရေးလုပ်လာခဲ့ရင် ရှောင်ဖို့ တူးထားခိုင်းတယ်လို့ ပြောတယ်။ နားပိန်းကျေးရွာကနေ စပြီးတော့ သိန္နီမြို့ အရှေ့ဘက်က ပန်လော့ကျေးရွာတွေအထိ တူးခိုင်းထားတယ်လို့တော့ ကြားတယ်။ စစ်တပ်က လက်နက်ကြီးနဲ့ လျှောက်ပစ်ရင် ပြည်သူတွေကို ထိမှာ။ ရုတ်တရက် စစ်ဖြစ်လာရင် ပြေးစရာမရှိမှာ စိုးရိမ်တယ်။ သေနတ်သံ ဗုံးသံတွေကြားရင် ဗုံးခိုကျင်းထဲမှာ ဝင်ပုန်းလို့ရအောင် တူးခိုင်းတာ”ဟု သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာမှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ရွာသားများ မိမိအိမ်ခြံဝင်းအတွင်း ဗုံးခိုကျင်းတူးရန်ကို SSPP တပ်ဖွဲ့၏ မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူ အရာရှိတစ်ဦးကိုယ်တိုင် လာရောက်ပြောဆိုသည်ဟုလည်း ၎င်းဒေသခံက ဆက်ပြောသည်။

သိန္နီမြို့နယ် မန္တလေး-မူဆယ်ကားလမ်းမကြီးပေါ်တွင် နေရာယူထားသော ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA အဖွဲ့မှ ကုန်တင်ကားကြီးများထံ အခွန်(ဆက်ကြေး) ဆက်တိုက်ကောက်ခံနေသည်ဟုလည်း သိရသည်။

ယခုလဆန်းပိုင်းတွင် ကွန်ကောက်ကျေးရွာအတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲကြောင့် ဒေသခံ (၅၀၀) နီးပါးက ဘုန်းကြီးကျောင်းနှင့် အနီးအနား ကျေးရွာရှိ ဆွေမျိုးများထံ ထွက်ပြေးခဲ့ရပြီး အောက်တိုဘာလ ၁၂ရက်တွင် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားကြရသော်လည်း မြေမြှုပ်မိုင်အန္တရာယ်ကို စိုးရိမ်နေကြရသည်။

အောက်တိုဘာ ၉ ရက်တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကောင်းချိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲရာ နေအိမ်အဆောက်အဦးနှင့် ဘုန်းကြီးကျောင်းဆောင်များလည်း ပျက်စီးခဲ့ရသည်။

လက်ရှိ သိန္နီမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) တို့ စစ်ရေးတင်းမာမှု ရှိနေသေးသဖြင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...