လားရှိုးမြို့တွင် ယာဥ်ထိန်းရဲများ ဆိုင်ကယ်သိမ်းသည်အထိ ဖမ်းဆီးမှု ကြမ်းနေ

သျှမ်းပြည် လားရှိုးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ ပိုမိုတင်းကျပ်လာပြီး ဆိုင်ကယ်များကို ဖမ်းဆီးစစ်ဆေးမှု ကြမ်းနေကြောင်း သတင်းရရှိသည်။

လားရှိုး ယာဥ်ထိန်းရဲ စစ်ဆေးမှု

အောက်တိုဘာလ ၁၃ ရက် နေ့လည်ပိုင်းတွင် ယာဉ်ထိန်းများမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်ပြီး တင်းကျပ်စစ်ဆေးမည်ဆိုသည်ကို လားရှိုးမြို့ တက္ကသိုလ်ရှေ့တွင် ကြေညာခဲ့ပြီး ရပ်ကွက်များ၊ လမ်းကြားများထဲထိ ဝင်ရောက်ကြေညာမှုမျိုး မရှိကြောင်း ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကာလသည် အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုသည့် အချိန်ဖြစ်ပြီး၊ လားရှိုးမြို့သို့ အခြားမြို့နယ်အသီးသီးမှ ကျောင်းသား/သူများ လာရောက်ကျောင်းတက်နေသော အချိန်ဖြစ်သည်။

ထိုကျောင်းလာတက်သည့်သူများသည် ယာဥ်မောင်းလိုင်စင်မရှိသည့်အပြင် ဆိုင်ကယ်လိုင်စင်လည်း မရှိကြကြောင်း၊ ဆိုင်ကယ်မောင်းနှင်သည့်အခါတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း မပြုလုပ်ပါက ဒဏ်ကြေးငွေ ကောက်ယူခဲ့ပြီး ဆိုင်ကယ် နံပါတ်ပြားမပါလျှင် ဆိုင်ကယ် သိမ်းဆည်းသည်အထိ ပြုလုပ်ကြောင်း လားရှိုးမြို့တွင် အဝေးသင်တက္ကသိုလ်တက်နေသည့် ကျောင်းသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လားရှိုး ယာဥ်ထိန်းရဲ စစ်ဆေးမှု တင်းကြပ်

“ဖမ်းတာက နံပါတ်ပြားမပါတဲ့ဆိုင်ကယ်တွေဆိုရင် အပိုင်သိမ်းခံရတာတွေ ရှိတယ်။ ဒဏ်‌ငွေတွေကိုတော့ ၃သောင်းက စတာပေါ့နော်၊ အကြောင်းအရာ ဘယ်နှမျိုးဆိုပြီး အဲ့လိုမျိုး ဒဏ်ငွေရိုက်တာရှိတယ်၊ ဒါတွေက ဒဏ်ငွေရိုက်ပြီးရင်တော့ ပြန်လွှတ်တယ်” ဟု ၎င်းက ဆိုသည်။

အဝေးသင်တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ အများစုသည် နယ်မှ လာရောက် ကျောင်းတက်သူများဖြစ်ကြပြီး ကျောင်းနှင့်ဝေးသော အဆောင်များတွင် ငှားရမ်းနေသူအတွက် အစားအသောက်နှင့် သွားလာရေးအတွက် အခက်အခဲများရှိကြောင်း အဝေးသင်တက္ကသိုလ် ကျောင်းသူတစ်ဦးက ပြောသည်။

“ကျမတို့လို နယ်ကလာပြီး ကျောင်းလာတက်တာတို့ဖြစ်ဖြစ်၊ သင်တန်းလာတက်တာတို့ဖြစ်ဖြစ် ဆိုရင် အရမ်းအခက်အခဲ ဖြစ်တယ်ပေါ့နော်။ ဆိုင်ကယ်မောင်းဖို့ ယာဉ်မောင်းလိုင်စင် တကူးတက သွားလုပ်တာတို့ဆို အခက်အခဲတွေဖြစ်တယ်၊ အဲ့ဒီယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်လိုင်စင်ကျတော့ အခက်အခဲဖြစ်တယ်”ဟု သူက ဆက်ပြောသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို အောက်တိုဘာ ၁၄ ရက်မှ စတင်စစ်ဆေးပြီး ဆိုင်ကယ်မောင်းလျှင် မောင်းသူ၏ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်၊ ဆိုင်ကယ်ဦးထုပ်၊ ယာဉ်နံပါတ်ပြား စသည့်အကြောင်းအရာတွေ ယခင်ကထက် ပိုများပြီး ဖမ်းတာကြောင့် အဖမ်းခံရသူ၊ ဒဏ်ငွေပေးဆောင်ရသူ များနေကြောင်း လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် လားရှိုးမြို့ ယာဥ်ထိန်းရဲတပ်ဖွဲ့သည် နည်းမျိုးစုံသုံးကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို ပိုမိုတင်းကျပ်လာပြီး စည်းကမ်းချိုးဖောက်သူများကို ဒဏ်ငွေအမြောက်အမြား ကောက်ယူကြောင်း သိရသည်။

လားရှိုးမြို့တွင် နေ့စဥ်နီးပါး ယာဥ်တိုက်မှု ဖြစ်ပွားပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...