Wednesday, January 28, 2026

လားရှိုးမြို့တွင် ယာဥ်ထိန်းရဲများ ဆိုင်ကယ်သိမ်းသည်အထိ ဖမ်းဆီးမှု ကြမ်းနေ

သျှမ်းပြည် လားရှိုးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ ပိုမိုတင်းကျပ်လာပြီး ဆိုင်ကယ်များကို ဖမ်းဆီးစစ်ဆေးမှု ကြမ်းနေကြောင်း သတင်းရရှိသည်။

လားရှိုး ယာဥ်ထိန်းရဲ စစ်ဆေးမှု

အောက်တိုဘာလ ၁၃ ရက် နေ့လည်ပိုင်းတွင် ယာဉ်ထိန်းများမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်ပြီး တင်းကျပ်စစ်ဆေးမည်ဆိုသည်ကို လားရှိုးမြို့ တက္ကသိုလ်ရှေ့တွင် ကြေညာခဲ့ပြီး ရပ်ကွက်များ၊ လမ်းကြားများထဲထိ ဝင်ရောက်ကြေညာမှုမျိုး မရှိကြောင်း ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကာလသည် အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုသည့် အချိန်ဖြစ်ပြီး၊ လားရှိုးမြို့သို့ အခြားမြို့နယ်အသီးသီးမှ ကျောင်းသား/သူများ လာရောက်ကျောင်းတက်နေသော အချိန်ဖြစ်သည်။

ထိုကျောင်းလာတက်သည့်သူများသည် ယာဥ်မောင်းလိုင်စင်မရှိသည့်အပြင် ဆိုင်ကယ်လိုင်စင်လည်း မရှိကြကြောင်း၊ ဆိုင်ကယ်မောင်းနှင်သည့်အခါတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း မပြုလုပ်ပါက ဒဏ်ကြေးငွေ ကောက်ယူခဲ့ပြီး ဆိုင်ကယ် နံပါတ်ပြားမပါလျှင် ဆိုင်ကယ် သိမ်းဆည်းသည်အထိ ပြုလုပ်ကြောင်း လားရှိုးမြို့တွင် အဝေးသင်တက္ကသိုလ်တက်နေသည့် ကျောင်းသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လားရှိုး ယာဥ်ထိန်းရဲ စစ်ဆေးမှု တင်းကြပ်

“ဖမ်းတာက နံပါတ်ပြားမပါတဲ့ဆိုင်ကယ်တွေဆိုရင် အပိုင်သိမ်းခံရတာတွေ ရှိတယ်။ ဒဏ်‌ငွေတွေကိုတော့ ၃သောင်းက စတာပေါ့နော်၊ အကြောင်းအရာ ဘယ်နှမျိုးဆိုပြီး အဲ့လိုမျိုး ဒဏ်ငွေရိုက်တာရှိတယ်၊ ဒါတွေက ဒဏ်ငွေရိုက်ပြီးရင်တော့ ပြန်လွှတ်တယ်” ဟု ၎င်းက ဆိုသည်။

အဝေးသင်တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ အများစုသည် နယ်မှ လာရောက် ကျောင်းတက်သူများဖြစ်ကြပြီး ကျောင်းနှင့်ဝေးသော အဆောင်များတွင် ငှားရမ်းနေသူအတွက် အစားအသောက်နှင့် သွားလာရေးအတွက် အခက်အခဲများရှိကြောင်း အဝေးသင်တက္ကသိုလ် ကျောင်းသူတစ်ဦးက ပြောသည်။

“ကျမတို့လို နယ်ကလာပြီး ကျောင်းလာတက်တာတို့ဖြစ်ဖြစ်၊ သင်တန်းလာတက်တာတို့ဖြစ်ဖြစ် ဆိုရင် အရမ်းအခက်အခဲ ဖြစ်တယ်ပေါ့နော်။ ဆိုင်ကယ်မောင်းဖို့ ယာဉ်မောင်းလိုင်စင် တကူးတက သွားလုပ်တာတို့ဆို အခက်အခဲတွေဖြစ်တယ်၊ အဲ့ဒီယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်လိုင်စင်ကျတော့ အခက်အခဲဖြစ်တယ်”ဟု သူက ဆက်ပြောသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို အောက်တိုဘာ ၁၄ ရက်မှ စတင်စစ်ဆေးပြီး ဆိုင်ကယ်မောင်းလျှင် မောင်းသူ၏ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်၊ ဆိုင်ကယ်ဦးထုပ်၊ ယာဉ်နံပါတ်ပြား စသည့်အကြောင်းအရာတွေ ယခင်ကထက် ပိုများပြီး ဖမ်းတာကြောင့် အဖမ်းခံရသူ၊ ဒဏ်ငွေပေးဆောင်ရသူ များနေကြောင်း လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် လားရှိုးမြို့ ယာဥ်ထိန်းရဲတပ်ဖွဲ့သည် နည်းမျိုးစုံသုံးကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို ပိုမိုတင်းကျပ်လာပြီး စည်းကမ်းချိုးဖောက်သူများကို ဒဏ်ငွေအမြောက်အမြား ကောက်ယူကြောင်း သိရသည်။

လားရှိုးမြို့တွင် နေ့စဥ်နီးပါး ယာဥ်တိုက်မှု ဖြစ်ပွားပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...