Wednesday, April 24, 2024

လောင်းကစားဝိုင်း

တာချီလိတ်မြို့ အွန်လိုင်းဂိမ်းလုပ်ကိုင်သူများ ဖမ်းဆီးခံရ

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ စွမ်းမိုတယ်တွင် ဇူလိုင် (၁၁) ရက် ညနေပိုင်း၌ စစ်ကောင်စီမှ ဧည့်စာရင်းဝင်စစ်ပြီး အွန်လိုင်းဂိမ်းလုပ်ကိုင်သူ လူငယ် (၂၅) ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။ ထိုဖမ်းခံရသောသူများမှာ အွန်လိုင်းလုပ်ကိုင်သူများဖြစ်ပြီး၊ ထိုမိုတယ်တွင် အခွန်ဆောင်ထားခြင်းမရှိသဖြင့် ယခုလို...

RCSS/SSA စစ်အင်အားပြ လင်းခေးမြို့ လောင်းကစားဝိုင်း ပိတ်သိမ်းလိုက်ရ

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့မှ လောင်းကစားဝိုင်းအတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ စစ်အင်အား လာရောက်ပြပြီးနောက် ပိတ်သိမ်းသွားရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင် (RCSS/SSA) တပ်ဖွဲ့တို့မှ စစ်အင်အားလာရောက်ပြသပြီးနောက် လောင်းကစားဝိုင်းများ အားလုံး ပိတ်သိမ်းရန်လည်း ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “RCSS/SSA...

ကျောက်မဲမြို့ လောင်းကစား တလနီးပါး ဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ တွင် တစ်လနီးပါးဖွင့်လှစ်သည့် လောင်းကစားကြောင့် လူငယ်များ အကျင့်စရိုက် ပျက်စီးလာကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့အတွင်း ရပ်ကွက် (၆) ရှိ စစ်အာဏာရှင် လက်အောက်ခံ အရာရှိများက လောင်းကစားရုံများကို စိတ်ကြိုက်ဖွင့်လှစ်ပေးပြီး လူငယ်များက လောင်းကစား သွားရောက်ကာ မူးယစ်ဆေးဝါးများသုံးစွဲလာပြီး အကျင့်စရိုက်များ ပျက်စီးလာသဖြင့်...

ကွတ်ခိုင်မြို့ပေါ် လောင်းကစားလာဆော့သူများကို လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းသွား

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှ လောင်းကစားဝိုင်းသို့ လာရောက်ဆော့သည့် သူများကို လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ကွတ်ခိုင်မြို့ပေါ်ရှိ အိမ်ခန်းများ ဆိုင်ခန်းများနှင့် တွဲလျှက်ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်များ လောင်းကစားဝိုင်းများတွင် သွားရောက်ဆော့ကစားနေသည့် ဒေသခံ အမျိုးသားလူငယ်အများစုတို့ကို လက်နက်ကိုင်တပ်ဖွဲ့ တို့မှ လာရောက်ဖမ်းဆီးမှုများရှိနေကြောင်း သတင်းသိရသည်။ “ဂိမ်းဆိုင်တွေက ရပ်ကွက်တိုင်းလိုလို ရှိနေပါတယ်၊ ဂိမ်းဆိုင်ရှိတဲ့နေရာ...

နမ့်စန်မြို့ ညလောင်းကစားပွဲမှ သီချင်းကျယ်လောင်စွာဖွင့်လှစ် ပြည်သူများ ညအိပ်ရန်ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင်ဖွင့်လှစ်ထားသည့် ညလောင်းကစားဝိုင်းများမှ Song Box (အသံချဲ့စက်) သည် အသံကျယ်လောင်စွာ ဖွင့်လှစ်သဖြင့် သက်ကြီးရွယ်အို နှင့် ပြည်သူများ အိပ်စက်ရန်ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ မနက် ၂ နာရီဝန်းကျင်အထိ အသံချဲ့စက်နဲ့ သီချင်းများကို ကျယ်လောင်စွာအော်ဆိုသောကြောင့် ဘေးပတ်ဝန်းကျင်က...

လူငယ်များကို နိုင်ငံရေးစိတ်၀င်စားမှုလျော့နည်းလာစေရန် လောင်းကစားဝိုင်းများ ပိုမိုဖွင့်လာ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ လူငယ်များ နိုင်ငံရေး စိတ်ဝင်စားမှုမရှိစေရန် နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲ ပါဝင်လာမှုမရှိစေရန်အတွက် လောင်းကစားပွဲများ ပိုမိုဖွင့်လာနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။နမ့်စန်မြို့အနီး၀န်းကျင်ရှိ လူငယ်များ နိုင်ငံရေး နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့  (PDF) ထဲ ၀င်ရောက်လာမှုမရှိစေရန်အတွက် လောင်းကစား၀ိုင်းများကို တွင်ကျယ်စွာ...

ကျိုင်းတုံမြို့  ဈေးဖွင့်သည့်နေရာ လောင်းကစားဝိုင်းလာရောက်ဖွင့်လှစ်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ နယ် မိုင်းလန်းကျေးရွာအုပ်စုအတွင်းရှိ ဝမ်ဝိုးကျေးရွာစျေးထဲတွင် ညနေတိုင်း လောင်းကစား၀ိုင်းများ လာရောက်ဖွင့်လှစ်ကြောင်း စုံစမ်းသိရသည်။အဆိုပါ လောင်းကစား၀ိုင်းသည် ကျေးရွာစျေးပိတ်ချိန် ညနေပိုင်းတွင် လာရောက်ဖွင့်လှစ်သည်မှာ တလနီးပါး ကြာပြီဖြစ်ကြောင်း၊ ထိုနေရာတွင် လူသွားလူလာများသည့်နေရာ ဖြစ်သဖြင့် အမျိုးသမီးများအတွက် ခက်ခဲကြောင်း အသက် ၃၀ အရွယ်ရှိ ဒေသခံလူငယ်တစ်ဦးက...

စစ်ခေါင်းဆောင် ရောက်သည့်ကာလအတွင်း တာချီလိတ်မှ လောင်းကစားဝိုင်းများ ပိတ်ထားခိုင်း

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ဟောင်းတစ်ဦးထံမှ မူးယစ်ဆေးဝါးများ စစ်ဆေးဖမ်းဆီးမိခြင်း နှင့် ပက်သက်ပြီး နေပြည်တော်မှ စစ်ခေါင်းဆောင်တစ်ဦး လာရောက်စစ်ဆေးမည်ဖြစ်သဖြင့် လောင်းကစား၀ိုင်းများ ပိတ်ခိုင်းထားကြောင်း စုံစမ်းသိရသည်။ထို နေပြည်တော်မှ စစ်ခေါင်းဆောင်ရောက်ရှိလာသည့် ကာလအတွင်းတွင် တာချီလိတ်မြို့အတွင်းရှိ ကာစီနိုဝိုင်းများအပါအဝင် လောင်းကစားဝိုင်းများ အားလုံးပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်ကောင်စီဘက်က အရာရှိကြီး...

လောင်းကစားဝိုင်းပိတ်ပင်ရှင်းလင်းရေးအဆို သျှမ်းပြည်နယ်လွှတ်တော်အတည်ပြု

သျှမ်းပြည်မြောက်ပိုင်းတွင် များပြားကျယ်ပြန့်လာသော လောင်းကစားဝိုင်းပြသနာ ကွင်းဆင်း ရှင်းလင်းပိတ်ပင် အရေးယူပေးရန် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သိန္နီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အဆိုပြုတင်သွင်းရာ ထောက်ခံဆွေးနွေးသူများဖြင့် လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်းသိရသည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး တတိယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင်  သိန္နီမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီက...

Latest news