သီပေါမြို့ စရဖရုံးထဲ အထိ လောင်းကစားဝိုင်းဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ရုံး (စရဖ ရုံး) ထဲတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ခွင့်ပေး နေကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တွင်း လောင်းကစားဝိုင်း

လက်ရှိ သီပေါမြို့ တွင်လည်း သီပေါထောင်အနီးရှိ ပန်ဒါဘုန်းကြီးကျောင်းတွင် လောင်းကစားဝိုင်းကို ပြန်ဖွင့်လှစ်ပေး နေပြီး အောက်တိုဘာ ၅ ရက်တွင် လူကြီးခရီးစဉ်အရ ဘုန်းကြီးကျောင်းက လောင်းကစားဝိုင်းကို ပိတ်ထားပြီး စရဖ ရုံးထဲ ဖဲရိုက်နေကြောင်း မျက်မြင်တွေ့ခဲ့သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ပန်ဒါကျောင်းမှာ အခုပြန်ဖွင့်ပေးနေတယ်။ သီပေါထောင်နဲ့ နီးတယ်။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်က လူကြီး ခရီးစဉ်ဆိုပြီး ခဏပိတ်ထားတယ်။ ဒါမဲ့ သူတို့ စရဖ ရုံးထဲမှာ သွားဖွင့်ပေးတယ်။ အဲနားမှာ ဖဲတွေရိုက်နေကြတယ်။ ည ၈ နာရီထိ ဖွင့်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ သီပေါမြို့က လောင်းကစားဝိုင်းများသည် ကျောက်မဲမြို့က ပြည်သူတွေ လာရောက်လောင်းစားကြပြီး ကျောက်မဲက လောင်းကစားတွင်လည်း သီပေါပြည်သူများက သွားရောက်ကစားကြောင်း သိရသည်။

အလားတူ လက်ရှိကျောက်မဲမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ကုန်သာကျေးရွာထဲတွင် လောင်းကစားဝိုင်းကို ၂ လ ဆက်တိုက်ဖွင့် ပေးနေကြောင်း သိရသည်။

လောင်းကစားဝိုင်း

“ သီပေါမှာ ဖွင့်ရင်လည်း ကျောက်မဲကလူတွေ လာဆော့တယ်။ ကျောက်မဲမှာဖွင့်ရင်လည်း သီပေါက လူသွားဆော့ကြတယ်။ အခုက ကုန်သာကျေးရွာမှာဆို လောင်းကစားဖွင့်ထားတာ ၂ လလောက်တောင်ရှိနေပြီး ဘယ်သူမှ လာစစ်ဆေးပြီး ပိတ်ခိုင်းတာမရှိဘူး။ လောင်းကစားကြောင့် ပြည်သူတွေလည်း အရမ်းထိခိုက်တယ်” ဟု ကျောက်မဲမြို့ ဒေသခံ တစ်ဦးက ပြောသည်။

လောင်းကစားဝိုင်းကြောင့် သူခိုးများပြားလာပြီး နေ့ခင်းအချိန်လည်း ဝင်ရောက်ခိုးယူနေကြောင်း၊ လက်ရှိ ပြောင်းဖူးဈေးကောင်းရရှိချိန်တွင် သူခိုးများ ခြံထဲတွင် ပြောင်းဖူးဝင်ခိုးမှုများလည်းရှိနေကြောင်း သိရသည်။

“ ဟိုညက ကျနော်ပြောင်းဖူးခြံမှာ လာခိုးသွားတာ။ သူတို့ည အချိန်မှာလာခိုးတာ။ ခြံရဲ့ အတွင်းထဲမှာရှိတဲ့ ပြောင်းဖူးတွေကို လာချိုးပြီးခိုးသွားတာ။ အခုက ပြောင်းဖူးဈေးကောင်းနေတယ်လေ” ဟု ခိုးခံရသည့် ပြောင်းဖူးပိုင်ရှင်တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီး လောင်းကစားဝိုင်းများပြားလာသော်လည်း စစ်ကောင်စီဘက်မှ ဖမ်းဆီး အရေးယူမှုလည်း မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...