လားရှိုး လောင်းကစားဝိုင်းထဲ လာဆော့သူများ ဒိုင်က ထမင်းကျွေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၆) တွင်းရှိ လောင်းကစားဝိုင်းအတွင်း လာရောက် ဆော့ကစားသူများကို ထမင်းခေါ်ကျွေးနေကြောင်း စုံစမ်း သိရှိရသည်။

အောက်တိုဘာလတွင်းမှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ မန်နားပြည်သူ့စစ်ခေါင်း ဦးဆောင်ကာ လောင်းကစားဝိုင်းထဲသို့ လာရောက် ဆော့ကစားသူများတိုင်း အိမ်ပြန်စရာမလိုရန် ဒိုင်မှ ထမင်းခေါ်ကျွေးနေကြောင်း လားရှိုးမြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောင်းကစားဝိုင်းမှာ လာဆော့တဲ့သူ နဲ့ မဆော့ပဲ အဲ့မှာ အကြာကြီး နေနေရင်တော့ စားချင်ရင်ပြောလိုက် ကျွေးတယ်။ ရိုးရိုးရှင်းရှင်းပဲ ဆော့နေရင်း ထမင်းကြော်၊ ကြက်၊ ဝက်ဟင်းနဲ့ ပန်းကန်ထဲထည့်လာပေးပြီး လာပေးတယ်။ ဘယ်နှစ်နပ် ကျွေးတယ်ဆိုတာ မရှိဘူး၊ ဆာတဲ့ အချိန်စားလို့ရတယ်။ သူတို့က ခြံနဲ့ဝင်းနဲ့အစောင့်တွေနဲ့ ဖွင့်တာပါ။ အဲ့ထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိဘူး CCTV တပ်ထားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

သျှမ်းပြည်တွင်းရှိ လောင်းကစားဝိုင်း တစ်နေရာ

လောင်းကစားဝိုင်းထဲတွင် ဖဲဝိုင်း နှင့် ကြက်ဝိုင်းများ ရှိပြီး လာရောက် ဆော့ကစားသူများလည်း စည်ကားနေလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်ကလည်း ကျွေးရင် ကျွေးမှာပေ့ါနော်။ ကျနော်တို့ မသိရဘူး။ ခုက ထမင်းကျွေးတယ်လို့ နာမည်ကြီးပြီး လာရောက် ဆော့ကစားတဲ့သူတွေ စည်မှ စည်ပဲ” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

ထို့အပြင် လားရှိုးမြို့တွင် လောင်းကစားဝိုင်းများ ပေါများလာခြင်းကြောင့် ခိုးယူလုယက်မှုများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများလာပြီး ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။

“အရင်က ဒီလောင်းကစားဝိုင်း ပိတ်သွားပြီ၊ အခုမှ ပြန်ပြီးစဖွင့်လာတာ။ ခုတော့ ဘယ်သူမှ မတိုင်ရဲ၊ မပြောရဲပဲ ပိုပြီးပွင့်လင်းလာတဲ့ သဘောပါ။ ခိုးဆိုးလုနှိုက်တွေပါမယ်၊ မူးယစ်ဆေးဝါး သုံးတဲ့သူတွေပေါလာတယ်။ အဲ့သူတွေက လူသတ်ဖို့ ဝန်မလေးဘူး။ လောင်းကစားဝိုင်း ထမင်းခေါ်ကျွေးတယ်ဆိုတော့ ပိုဆိုးလာတော့မှာပေါ့။ “ ဟု ၎င်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီး ၂ နှစ်ကာလ နီးပါးအချိန်တွင် လားရှိုးမြို့ အပါအဝင် သျှမ်းပြည်တစ်ပြည်လုံးရှိ မြို့နယ်အလိုက် လောင်းကစားဝိုင်းများ ပေါများလာခြင်းကြောင့် အိမ်ထောင်ရေး ပြိုကွဲခြင်း၊ သူခိုး၊ ဓားပြ ပေါများလာခြင်း လူသတ်သည့် အဆင့်ထိ ဖြစ်ပေါ်လာကြောင်း ဒေသခံများကဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...