ညောင်ရွှေမြို့နယ်တွင် လောင်းကစားဝိုင်းများ ရဲ နှင့် ပူးပေါင်းဖွင့်လှစ်နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင်းရှိ လောင်းကစားဝိုင်းသည် ရဲ နှင့် ပူးပေါင်းဖွင့်လှစ်နေသဖြင့် ပြည်သူများ၏ လုံခြုံရေးသည် ပိုမိုစိုးရိမ်လာရကြောင်း စုံစမ်းသိရှိရသည်။

ညောင်ရွှေမြို့နယ်မှ လောင်းကစားဝိုင်းသည် (၁၀) ဝိုင်း ထက်မနည်း ရှိပြီး ရဲတပ်ဖွဲ့များကို ၁ ပတ်လျှင် သိန်း (၃၀) ပေးပြီး လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားကြောင်း ပေါင်းပိုင်းကျေးရွာ ၊ တောင်ပို့ကြီး၊ နန်းသီတာ၊ ကံကောင်းရွာ၊ ရွာမနှင့် နန်းပန် စသည့် ကျေးရွာဒေသတွင် ဖွင့်လှစ်ထားကြောင်း ညောင်ရွှေဒေသခံတစ်ဦးထံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လောင်းကစားဝိုင်း

အဆိုပါ လောင်းကစားဝိုင်းတွင် ဂျင်ဝိုင်း၊ ကြက်ဝိုင်း၊ နှစ်လုံး သုံးလုံးထီ နှင့် ဘောလုံးပွဲ စသည့်လောင်းကစားဝိုင်းများ ဖြစ်သည်။

“လောင်းကစားဝိုင်း က လုပ်တာကြာပြီ။ အာဏာမသိမ်းခင်ကတည်းက ရဲတွေနဲ့ပေါင်းပြီး လောင်းကစား မျိုးစုံရှိခဲ့တာပါ။ စစ်အာဏာသိမ်းပြီးတော့ ပိုဆိုးလာတယ်၊ ပေါ်တင်လာတယ်။ ညောင်ရွှေမြို့နယ်ထဲက စိုက်ပျိုးတောင်သူတွေ၊ သီးနှံပေါ်ချိန်မှာ သီးနှံရောင်းပြီး ရတဲ့ငွေတွေကို လောင်းကစားဝိုင်းထဲကို ရောက်သွားတာ အများကြီးရှိနေပါပြီ။ အခုကုန်သည်တွေ လောင်းကစားသမားဖြစ်သွားတာပေါ့ “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

လောင်းကစားဝိုင်းများတွင် စစ်ကောင်စီ လက်အောက်ခံ တပ်သားများသည် လုံခြုံရေးအတွက် ရှိထားကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လောင်းကစားဝိုင်း

လက်ရှိ ကာလ ကုန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်သူများ ကြပ်တည်းနေချိန်တွင်လောင်းကစားဝိုင်းမှ ထွက်ပေါ်လာသော သူခိုး၊ ဓားမြများလည်း သောင်းကြမ်းနေသဖြင့် ပြည်သူများ လုံခြုံရေးအတွက် မရှိတော့ကြောင်း ညောင်ရွှေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“လောင်းကစားဝိုင်းရှိတော့ ကား၊ ဆိုင်ကယ်၊ ရွှေထည်၊ ဖုန်းတွေ အပေါင်ခံတဲ့သူတွေလည်း မနည်းတော့ဘူး။ လောင်းကစားဝိုင်းမှာ လောင်းတဲ့သူတွေက အရှုံးများလာရင် ရရာခိုးကြတယ်။ လုယက်တဲ့သူတွေလည်း ပေါလာတယ်။ ဘာမှ လုံခြုံရေးမရှိတော့ဘူး “ ဟု ၎င်းအမျိုးသမီး တစ်ဦးကပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို ယခင်က ပြည်သူ့စစ်ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့များက သတိပေးစာများဖြင့် အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း လောင်းကစားဝိုင်းများက တခြားနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားဆဲဟု ညောင်ရွှေဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“ PDF တွေအနေနဲ့ လောင်းကစားမလုပ်ဖို့ သတိပေး တားမြစ်စာထုတ်ထားရုံလောက်နဲ့ မလုံလောက်သလို စံပြအနေနဲ့ လောင်းကစားဝိုင်း တစ်ခုကို ဖောက်ခွဲတာပဲဖြစ်ဖြစ်၊ ဝင်းစီးတာပဲဖြစ်ဖြစ် လုပ်လို့မလွယ်သေးဘူး။ အင်အားလည်း မလုံလောက်ဘူး။ ပြည်သူတွေကလည်း ကြားညှပ်နေမှာလေ။ လောင်းကစားဝိုင်းကလည်း နေရာပြောင်းရွှေ့ပြီး ဆက်ဖွင့်နေတယ်“ ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် ကျောက်မဲမြို့ ရပ်ကွက် (၁) တွင် လောင်းကစားရှုံးပြီး ငွေကြေးလိုသည့် သမီးက ဖခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

စံကားဒေသ နေရပ်ပြန် စစ်ရှောင်များ PNO ကို တစ်လျှင် ငွေကျပ် ၅သိန်းပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသသို့ နေရပ်ပြန် စစ်ဘေးရှောင်များသည် ပအိုဝ်းပြည်သူ့စစ် (PNO)ကို တစ်အိမ်လျှင် တစ်လလျှင် ငွေကျပ်ငါးသိန်းကို ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလပထမ ပတ်တွင် ညောင်‌ရွှေမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လက်နက်ကြိးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့်...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...