ကျောက်မဲမြို့နယ် လောင်းကစားဝိုင်းအပြင် ငါးပစ်ဂိမ်းပါ ထပ်မံတိုးလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် လောင်းကစားဝိုင်းများအပြင် ငါးပစ်ဂိမ်းများ ပါ ထပ်မံတိုးလာကြောင်း သတင်းသိရသည်။

လောင်းကစားဝိုင်း

ယခုရက်သတ္တပတ်အတွင်း ကျောက်မဲမြို့ ရပ်ကွက် ၈ နှင့် တခြားရပ်ကွက်များအတွင်း မူလ ရှိနေပြီးသည့် လောင်းကစားဝိုင်းရုံများအပြင် ငါးပစ်ဂိမ်းများပါ ထပ်မံတိုးချဲ့ဖွင့်လှစ်လာကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က လေးကောင်ဂျင်တို့၊ ကုံးကင်းတို့ပဲ ရှိတာ ဒါပေမဲ့ ဒီတစ်ပတ်ထဲမှာ ငါးပစ်ဂိမ်းတွေပါ တိုးလာပြီး ဆော့တဲ့သူတွေလည်း ပိုပြီးစည်လာတယ်၊ တချို့က သွားတုန်းက ကားအကောင်း ပိုက်ဆံအိတ်အပြည့်နဲ့ သွားကြပေမဲ့ ပြန်ထွက်လာတဲ့အခါကျရင် အဝတ်တစ်ထည်ကိုယ်တစ်ခုကျန်ခဲ့လောက်အောင်ရှုံးခဲ့ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ပေါ် ရပ်ကွက် ၇ ၊ ၈ နှင့် ပိန္နဲကုန်းတို့တွင် လောင်းကစားဝိုင်း နှင့် ငါးပစ်ဂိမ်းများ ဖွင့်လှစ်နေလျက်ရှိပြီး တစ်နေရာပြီး တစ်နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ လောင်းကစားဝိုင်းများ ပွင့်လင်းမြင်သာစွာ ပေါများလာမှုကြောင့် ဒေသအတွင်း ကား၊ ဆိုင်ကယ် ပျောက်ဆုံးမှု ၊ ပစ္စည်းများခိုးယူခံရမှုများလည်း တစ်နေ့ထက် တစ်နေ့ အခြေအနေဆိုးရွားလာကြောင်း ကျောက်မဲမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကားတွေ ဆိုင်ကယ်တွေ ပျောက်တာနေ့တိုင်းနီးပါးလောက်ရှိနေတယ်၊ တခြား ဖုန်းတို့ လုယက်ခံရတာတို့လည်း ရပ်ကွက်တိုင်းမှာ ကြားနေရတယ်၊ လောင်းကစားဝိုင်းတွေမှာ အရှုံးပေါ်တဲ့သူရယ်၊ လောင်းကစားဝိုင်းနဲ့ အတူ လာတဲ့ မူးယစ်ဆေးတွေကြောင့်ရယ် ဒီလောက်ထိ သူခိုးတွေ သောင်းကျန်းနေတာလို့ မြင်တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ စတင်ကာ ကျောက်မဲမြို့နယ် ခုံအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ အသံမစဲ ပဌာန်းပြုလုပ်နေမှုကို အခွင့်ကောင်းယူပြီး လူတစ်စုက လောင်းကစားဝိုင်းလာရောက် ဖွင့်လှစ်နေရာမှ လောင်းကစားဝိုင်းများသည် ကျောက်မဲမြို့အတွင်း တစ်နေရာပြီးတစ်နေရာပြောင်းရွှေ့ဖွင့်နေကြောင်းသိရသည်။

ယခင် NLD အစိုးရလက်ထက်က ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ဖွင့်ခွင့်မရှိပဲ ယခု စစ်ကောင်စီ လက်ထက်တွင် ပွဲတိုင်းနီးပါး လောင်းကစားဝိုင်းများပါရှိပြီး သျှမ်းပြည်တစ်ဝှမ်းရှိ မြို့နယ်တိုင်း လောင်းကစား ဝိုင်းများ ယခင်ထက် ပိုမို များပြားစွာရှိလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...