Sunday, February 5, 2023

လောင်းကစားဝိုင်း

တန့်ယန်းမြို့နယ်တွင်း ဆယ်ကျော်သက် ကလေးများပါ လောင်းကစားဝိုင်းကစားနေ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲတွင် ဆယ်ကျော်သက် ကလေးများ လောင်းကစားဝိုင်းတွင်းသို့ ဝင်ရောက် ဆော့ကစားနေကြောင်း စုံစမ်းသိရှိရသည်။ တရုတ်နှစ်သစ်ကူးပွဲဟု အကြောင်းပြပြီး တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲ ချယ်ရီတောင်အောက်ဘက်တွင် လောင်းကစားဝိုင်းကို ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက် ကလေးများပါ ဝင်ရောက်ကစားနေကြောင်း သိရသည်။ “ အဲ့ဒီ လောင်းကစားဝိုင်းက ချယ်ရီတောနားမှာပဲရှိတာ။...

လားရှိုးမြို့ စစ်ကောင်စီ ဦးဆောင်ဖွင့်ပေးသည့် လောင်းကစားဝိုင်း ဓားထောက်ဓားပြတိုက်ခံရ

သျှမ်းပြည် လားရှိုးခရိုင် ၊ လားရှိုးမြို့နယ်ထဲတွင် စစ်ကောင်စီ ဗိုလ်ကြီးရာထူးအဆင့်ရှိသည့် ဗိုလ်ကြီး နေမင်းထက် ဦးဆောင်ပြီး ဖွင့်လှစ်ပေးထားသည့် လောင်းကစားဝိုင်းထဲတွင် ဓားထောက်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၅) ရက် ည ၈ နာရီဝန်းကျင်တွင် တရုတ်နှစ်သစ်ကူးအတွက် စစ်ကောင်စီ ဗိုလ်ကြီးနေမင်းထက်...

မူဆယ် လောင်းကစားရုံ ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် (၁) လမ်းတွင် ဖွင့်လှစ်နေသော လောင်းကစားရုံ တစ်ခု၌ ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၉) ရက် ည ၇ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်...

ကျောက်မဲမြို့ စစ်ဘေးရှောင်စခန်းအနီး လောင်းကစား လာရောက်ဖွင့်လှစ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု ခိုအုံကျေးရွာရှိ စစ်ရှောင်စခန်းအနီးတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့နယ် သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်း အတွင်းရှိ စစ်ဘေးရှောင်စခန်း၏ အနီးတွင် ယခု (ဒီဇင်ဘာလ) ဒုတိယပတ်မှစတင်ပြီး လောင်းကစားဝိုင်းကို စည်းကားအောင် သျှမ်းပြဇာတ်များပါထည့်သွင်း ဖွင့်လှစ်ထားနေကြောင်း ကျောက်မဲမြို့ဒေသခံ လူငယ်တစ်ဦးက ပြောသည်။ “လောင်းကစားဝိုင်းက...

ရိုးရာဓလေ့ကို ဖျက်ဆီးတဲ့ ငွေရှာနည်း

တန်ဆောင်မုန်းလကွယ်ည သန်းခေါင်ယံချိန် နတ်တော်လဆန်း အကူးကာလချိန်မှာတော့ သျှမ်းဘာသာနဲ့ “ မိုင်ဆုန် ပီမိုင်ခ” မြန်မာလို” မင်္ဂလာနှစ်သစ်” ဆိုတဲ့ နှုတ်ဆက်မှုတွေ ပြုလုပ်ကြပါတယ်။ သျှမ်းလူမျိုးတွေဟာ သျှမ်းသက္ကရာဇ်အကူးအပြောင်း ညအချိန်မှာတော့ မိတ်ဆွေ၊ မိသားစုတွေ စုပြီး ပျော်ရွှင်စွာ စုပေါင်းစားသောက်ပြီး ကြိုဆိုလေ့ရှိကြပါတယ်။ ဒါ့အပြင် နှစ်တနှစ်သာ လုပ်အားကြောင့် ထွက်ရှိလာတဲ့...

အိမ်ခန်းအတွင်း အမျိုးသမီးငယ် တစ်ဦး သေဆုံး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင်း အိမ်ခန်းငှားနေထိုင်သည့် အမျိုးသမီးငယ်တစ်ဦး နေအိမ်အတွင်း သေဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၄) ရက်နေ့က အသက် (၁၇) နှစ်အရွယ် နန်းအွန်ပင်းသည် သူမ ငှားရမ်းနေထိုင်သည့် အခန်းတွင်း ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့ကြောင်း ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအသင်း က...

ကျောက်မဲမြို့နယ် သျှမ်းနှစ်သစ်ကူးပွဲတော်ထဲ လောင်းကစားဝိုင်းများပါရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာတွင် ပြုလုပ်သည့် ၂၁၁၇ သျှမ်းနှစ်သစ်ကူးပွဲတော်တွင် လောင်းကစားဝိုင်းများ ပါဝင်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှစပြီး လက်ရှိအချိန်ထိ ကုန်းသာကျေးရွာထဲတွင် သျှမ်းနှစ်သစ်ကူးပွဲ ပြုလုပ်နေပြီး လောင်းကစားပါရှိကြောင်း ကျောက်မဲ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ သူတို့ သျှမ်းနှစ်သစ်ကူးနဲ့ပွဲထဲမှာ လောင်းကစားဝိုင်းတွေထည့်ပြီးလုပ်နေတာ။...

မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်း ပြန်ပေးဆွဲမှု ပိုများပြားလာနိုင်

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး နှင့်လောင်းကစားဝိုင်း များပြားလာသောကြောင့် ပြန်ပေးဆွဲမှု ပိုမိုများပြားလာနိုင်ကြောင်း ဒေသခံများထံ စုံစမ်း သိရှိရသည်။ လောင်းကစားဝိုင်းများကို စစ်ကောင်စီသည် ပြည်သူ့စစ် နှင့် ပူးပေါင်းပြီး လွတ်လပ်စွာ ဖွင့်ခွင့်ပေးထားသောကြောင့် သူခိုး၊ ဓားပြ နှင့် ပြန်ပေးဆွဲမှု ပိုများပြားလာနိုင်ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက...

စစ်ကောင်စီ၏ ဌာနဆိုင်ရာများထံ ကျပ်သိန်းရာဂဏန်းပေးပြီး လောင်းကစားဝိုင်းဖွင့်လှစ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း ဖွင့်လှစ်သည့် လောင်းကစားဝိုင်းများသည် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများထံ တစ်လ ကျပ်သိန်းပေါင်းများစွာပေးပြီး ဖွင့်လှစ်နေကြသည်ဟု စုံစမ်းသိရှိ ရသည်။ ကျောက်မဲမြို့မှ သီပေါမြို့ အဝင် ပြည်ထောင်စုလမ်းမ ပေါ်ရှိ စံဖိတ်ကျေးရွာအုပ်စု စံဖိတ်ရွာမ တွင်ဖွင့်လှစ် ထားသည့် လောင်းကစားဝိုင်း၊...

လားရှိုး လောင်းကစားဝိုင်းထဲ လာဆော့သူများ ဒိုင်က ထမင်းကျွေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၆) တွင်းရှိ လောင်းကစားဝိုင်းအတွင်း လာရောက် ဆော့ကစားသူများကို ထမင်းခေါ်ကျွေးနေကြောင်း စုံစမ်း သိရှိရသည်။ အောက်တိုဘာလတွင်းမှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ မန်နားပြည်သူ့စစ်ခေါင်း ဦးဆောင်ကာ လောင်းကစားဝိုင်းထဲသို့ လာရောက် ဆော့ကစားသူများတိုင်း အိမ်ပြန်စရာမလိုရန် ဒိုင်မှ ထမင်းခေါ်ကျွေးနေကြောင်း လားရှိုးမြို့ဒေသခံ...

Latest news