လားရှိုးမြို့တွင် လောင်းကစားဝိုင်းများပြားလာ၊ ဒေသခံအတွက် လုံခြုံရေးစိုးရိမ်မှုရှိ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်မှု များပြားလာသည့်နောက် ခိုးဆိုးလုယက်မှု များနေသဖြင့် ဒေသခံများအတွက် လုံခြုံရေး စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်မှ စတင်၍ တရုတ်နှစ်သစ်ကူး အ‌ကြောင်းပြကာ မြို့ပေါ်ရပ်ကွက်အတွင်းနှင့် နမ့်အွန်ကျေးရွာတို့တွင် လောင်းကစားဝိုင်းများကို ဖေဖော်ဝါရီ လကုန်ပိုင်းအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လောင်းကစားဝိုင်းများ ပေါများလာသည့်အပြင် ခိုးဆိုးလုယက်မှုများလည်း ရှိလာခြင်းကြောင့် ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိလာကြောင်း အသက် ၄၀ ဝန်းကျင်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မောဝ်စတားမှာဆို လောင်းကစားဝိုင်းက တစ်လလောက် ဖွင့်မယ်လို့ ပြောတယ်။ သူတို့ဖွင့်လာတာက‌တော့ နှစ်သစ်ကူးကတည်းကပဲ။ လောင်းကစားဝိုင်းတွေ များလာတော့ သူခိုးတွေ၊ လုယက်မှုတွေ၊ ဆိုင်ကယ်ခိုးတာတွေ၊ ဓားနဲ့ လိုက်ခုတ်တဲ့အထိ ရှိတယ်။ တိုက်ပွဲတွေဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်နေတာတောင် ပြန်လည်ထူထောင်ဖို့ မကူညီတဲ့အပြင် သူတို့အကျိုးစီးပွား အတွက်ပဲ လုပ်နေတာ”ဟု ၎င်းဒေသခံအမျိုးသမီးက ပြောဆိုသည်။

လားရှိုးမြို့တွင် ဂုံးဂင်းဝိုင်း၊ ရှမ်းကိုးမီး ဖဲဝိုင်း၊ ငါးပစ်ဝိုင်း စသည့် လောင်းကစားဝိုင်း အမျိုးမျိုးကို ဖွင့်လှစ်ထားပြီး၊ ထိုလောင်းကစားဖွင့်လှစ်ထားသော ဒိုင်များသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထံ အခွန်ပေးဆောင်ရကြောင်း အသက် ၄၀ ဝန်းကျင်ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

“လောင်းကစားဝိုင်းတွေကတော့ အမျိုးမျိုးပါ။ ဒိုင်အသေးတွေကအစ တစ်ဝိုင်းကို ၁၀ သိန်း၊ အဲ့တာက ၁ ညစာ‌အတွက်ပဲ။ ပြီးတော့ လောင်းကစားဝိုင်းမှာ အလုပ်လုပ်တဲ့ လူတွေကလည်း တစ်ညကို တစ်သိန်းရတယ်။ တချို့ လောင်းကစားဒိုင်တွေက တစ်လစာကို သိန်း ၂၀၀ လောက် ပေးထားရတယ်”ဟု အသက် ၄၀ ဝန်းကျင် ဒေသခံ အမျိုးသမီးက ပြောသည်။

အလားတူ သိန္နီမြို့တွင်လည်း တရုတ်နှစ်သစ်ကူးမှ စတင်၍ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လောင်းကစားဝိုင်းများ ဖွင့်လှစ်ရန် ခွင့်ပြုထားပြီး သိန္နီမြို့လယ်နှင့် မိုင်းပါးကျေးရွာ၊ စယ်အူကျေးရွာ၊ ပန်လော့ကျေးရွာ၊ နမ့်စလပ်ကျေးရွာ စသည့်ကျေးရွာများတွင် ဖွင့်လှစ်ထားကြောင်း ဒေသခံများက ပြောသည်။

“သိန္နီမှာလည်း လားရှိုးလိုပါပဲ၊ လောင်းကစား အမျိုးမျိုးရှိတယ်။ သူတို့ကတော့ တစ်ဝိုင်းကို လောင်းကစားလုပ်တဲ့ ဒိုင်တွေက ၆ သိန်း ကိုးကန့်တပ်ဆီ အခွန်ဆောင်ရတယ် တစ်လ စာပေါ့။ သူတို့ သိန္နီမှာတော့ တစ်နှစ်လုံး ဖွင့်သွားမယ်လို့တော့ ပြောတယ်”ဟု ၎င်းသိန္နီဒေသခံက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများသည် လားရှိုးမြို့၊ သိန္နီမြို့တွင်းတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေပြီး MNDAA ထံ အခွန်ပေးဆောင်ကာ ဖွင့်လှစ်ထားပြီး၊ လက်ရှိ MNDAA ထိန်းချုပ်ထားသော ဒေသများတွင် လောင်းကစားဝိုင်းများအပြင် KTV နှင့် မာဆက် အနှိပ်ဆိုင်များ ပိုမိုပေါများလာကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားဟု စစ်တပ်ခန့်ဒုဝန်ကြီး ရွေးတုလွှတ်တော်တွင် ဖြေကြား

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားခြင်းဖြစ်ကြောင်း စစ်တပ်ခန့် ပြည်ထဲရေးဒုဝန်ကြီးက ရွေးတုလွှတ်တော်တွင် ဖြေကြားခဲ့သည်။ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်တွင် ယနေ့ (ဇူလိုင်လ ၂၈ ရက်) ကျင်းပသည့် အစည်းအဝေး၌ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ တင်ပြထားသည့် သီပေါတံတားကိစ္စ...