Saturday, March 25, 2023

လောင်းကစားဝိုင်း

အိမ်ခန်းအတွင်း အမျိုးသမီးငယ် တစ်ဦး သေဆုံး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင်း အိမ်ခန်းငှားနေထိုင်သည့် အမျိုးသမီးငယ်တစ်ဦး နေအိမ်အတွင်း သေဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၄) ရက်နေ့က အသက် (၁၇) နှစ်အရွယ် နန်းအွန်ပင်းသည် သူမ ငှားရမ်းနေထိုင်သည့် အခန်းတွင်း ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့ကြောင်း ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအသင်း က...

ကျောက်မဲမြို့နယ် သျှမ်းနှစ်သစ်ကူးပွဲတော်ထဲ လောင်းကစားဝိုင်းများပါရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာတွင် ပြုလုပ်သည့် ၂၁၁၇ သျှမ်းနှစ်သစ်ကူးပွဲတော်တွင် လောင်းကစားဝိုင်းများ ပါဝင်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှစပြီး လက်ရှိအချိန်ထိ ကုန်းသာကျေးရွာထဲတွင် သျှမ်းနှစ်သစ်ကူးပွဲ ပြုလုပ်နေပြီး လောင်းကစားပါရှိကြောင်း ကျောက်မဲ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ သူတို့ သျှမ်းနှစ်သစ်ကူးနဲ့ပွဲထဲမှာ လောင်းကစားဝိုင်းတွေထည့်ပြီးလုပ်နေတာ။...

မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်း ပြန်ပေးဆွဲမှု ပိုများပြားလာနိုင်

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး နှင့်လောင်းကစားဝိုင်း များပြားလာသောကြောင့် ပြန်ပေးဆွဲမှု ပိုမိုများပြားလာနိုင်ကြောင်း ဒေသခံများထံ စုံစမ်း သိရှိရသည်။ လောင်းကစားဝိုင်းများကို စစ်ကောင်စီသည် ပြည်သူ့စစ် နှင့် ပူးပေါင်းပြီး လွတ်လပ်စွာ ဖွင့်ခွင့်ပေးထားသောကြောင့် သူခိုး၊ ဓားပြ နှင့် ပြန်ပေးဆွဲမှု ပိုများပြားလာနိုင်ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက...

စစ်ကောင်စီ၏ ဌာနဆိုင်ရာများထံ ကျပ်သိန်းရာဂဏန်းပေးပြီး လောင်းကစားဝိုင်းဖွင့်လှစ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း ဖွင့်လှစ်သည့် လောင်းကစားဝိုင်းများသည် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများထံ တစ်လ ကျပ်သိန်းပေါင်းများစွာပေးပြီး ဖွင့်လှစ်နေကြသည်ဟု စုံစမ်းသိရှိ ရသည်။ ကျောက်မဲမြို့မှ သီပေါမြို့ အဝင် ပြည်ထောင်စုလမ်းမ ပေါ်ရှိ စံဖိတ်ကျေးရွာအုပ်စု စံဖိတ်ရွာမ တွင်ဖွင့်လှစ် ထားသည့် လောင်းကစားဝိုင်း၊...

လားရှိုး လောင်းကစားဝိုင်းထဲ လာဆော့သူများ ဒိုင်က ထမင်းကျွေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၆) တွင်းရှိ လောင်းကစားဝိုင်းအတွင်း လာရောက် ဆော့ကစားသူများကို ထမင်းခေါ်ကျွေးနေကြောင်း စုံစမ်း သိရှိရသည်။ အောက်တိုဘာလတွင်းမှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ မန်နားပြည်သူ့စစ်ခေါင်း ဦးဆောင်ကာ လောင်းကစားဝိုင်းထဲသို့ လာရောက် ဆော့ကစားသူများတိုင်း အိမ်ပြန်စရာမလိုရန် ဒိုင်မှ ထမင်းခေါ်ကျွေးနေကြောင်း လားရှိုးမြို့ဒေသခံ...

သီပေါမြို့ စရဖရုံးထဲ အထိ လောင်းကစားဝိုင်းဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ရုံး (စရဖ ရုံး) ထဲတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ခွင့်ပေး နေကြောင်း သတင်းရရှိသည်။ လက်ရှိ သီပေါမြို့ တွင်လည်း သီပေါထောင်အနီးရှိ ပန်ဒါဘုန်းကြီးကျောင်းတွင် လောင်းကစားဝိုင်းကို ပြန်ဖွင့်လှစ်ပေး နေပြီး အောက်တိုဘာ ၅ ရက်တွင် လူကြီးခရီးစဉ်အရ ဘုန်းကြီးကျောင်းက လောင်းကစားဝိုင်းကို ပိတ်ထားပြီး...

ကျောက်မဲမြို့နယ် လောင်းကစားဝိုင်းကြောင့် ပြည်သူများ အိပ်ရေးပျက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင် ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများ အသံဆူညံမှုကြောင့် ဒေသခံ ပြည်သူများ အိပ်ရေးပျက်နေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ် ကုန်းပေါင်းကျေးရွာအနီးရှိ မန္တလေး_ ကျောက်မဲ _ လားရှိုး ကားလမ်းမကြီးတွင် လောင်းကစားဝိုင်းအတွင်း စတိတ်ရှိုးများပါ ဖွင့်လှစ်သည့်အတွက် ပြည်သူများက အိပ်ရေးပျက်နေကြောင်း...

ပင်လုံမြို့တွင် လောင်းကစားဝိုင်းတစ်ဝိုင်း ထပ်မံဖွင့်လှစ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ နောင်ဟူးကျေးရွာအနီးတွင် လောင်းကစားဝိုင်း တစ်ခုကို ယမန်နေ့ စက်တင်ဘာ ၂၃ ရက်မှာ စတင်ဖွင့်လှစ်နေကြောင်း စုံစမ်းသိရှိရသည်။ “လွန်ခဲ့တဲ့ နှစ်ရက်လောက်က ရွာထဲက တချို့လူတွေ လောင်းကစားဝိုင်းကို သွားဖွင့်ဖို့ ပြောကြတယ်။ မနေ့တော့ လောင်းကစားဝိုင်းမှာ သွားဆော့နေကြပြီ။ ငါးမန်းဂိမ်းတွေ၊ ဂျင်တွေ...

သီပေါမြို့နယ် လောင်းကစားဝိုင်း မှာ ဓားခုတ်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင့်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် လောင်းကစားဝိုင်းတစ်ခု၌ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက်တွင် ရွာသစ်ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ လောင်းကစားဝိုင်း တခုတွင် တုံစင့်ကျေးရွာသား တစ်ဦးက...

ညောင်ရွှေမြို့နယ်တွင် လောင်းကစားဝိုင်းများ ရဲ နှင့် ပူးပေါင်းဖွင့်လှစ်နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင်းရှိ လောင်းကစားဝိုင်းသည် ရဲ နှင့် ပူးပေါင်းဖွင့်လှစ်နေသဖြင့် ပြည်သူများ၏ လုံခြုံရေးသည် ပိုမိုစိုးရိမ်လာရကြောင်း စုံစမ်းသိရှိရသည်။ ညောင်ရွှေမြို့နယ်မှ လောင်းကစားဝိုင်းသည် (၁၀) ဝိုင်း ထက်မနည်း ရှိပြီး ရဲတပ်ဖွဲ့များကို ၁ ပတ်လျှင် သိန်း (၃၀) ပေးပြီး လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားကြောင်း...

Latest news