စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ နှင့် လူကယ်ဝန်ကြီး လားရှိုးရောက်၊ လောင်းကစားဝိုင်းများ ပိတ်ထား

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ်တွင်း စစ်ကောင်စီ ဒုတိယ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချူပ် ဇော်မင်းထွန်း နှင့် လူမှုကယ်ဆယ်ရေး ဝန်ကြီးဌာန ဒေါ်သက်သက်ခိုင် တို့က လားရှိုးမြို့နယ်တွင်း ရောက်ရှိနေသည့် အတွက်ကြောင့် လောင်းကစားဝိုင်းများ ပိတ်သိမ်းထားကြောင်း စုံစမ်းသိရှိရသည်။

လားရှိုးမြို့

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်မှစပြီး ဗိုလ်ချုပ် ဇော်မင်းထွန်း နှင့် လူမှုကယ်ဆယ်ရေးဝန်ကြီး ဌာန ဒေါ်သက်သက်ခိုင် တို့ လားရှိုးမြို့သို့ ရောက်ရှိလာသဖြင့် ယခုပတ်အတွင်း လောင်းကစားဝိုင်းများကို သက်ဆိုင်ရာများက ယာယီ ပိတ်သိမ်းထားရန် ညွှန်ကြားထားကြောင်း သိရသည်။

“ သူတို့ အစည်းဝေးလာတယ်လို့ ကြားတယ်။ မြောက်ပိုင်းလက်နက်ကိုင်တွေနဲ့ တွေ့ဖို့ အစည်းဝေးလာတာ၊ တရုတ် နဲ့ ရထား စီမံကိန်းအတွက်လာတာလား မသိဘူး။ မသေချာဘူး။ သူတို့တော့ ရောက်နေတယ်။ လာတာ ၅ ရက်လောက်ရှိနေပြီ။ သူတို့ လာလို့ လောင်းကစားဝိုင်းတွေကို ပိတ်ထားတယ် ” ဟု လားရှိုးမြို့အတွင်း တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း နှင့် ဒေါ်သက်သက်ခိုင်တို့သည် လားရှိုးမြို့နယ်အတွင်းသို့ လျှို့ဝှက်စွာရောက်ရှိ လာခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိ လားရှိုးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ဆေးရေး တင်းကြပ်နေပြီး ၂၄ နာရီ စောင့်ကြည့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

“ လုံခြုံရေးတွေကလည်း တင်းကြပ်နေတယ်။ အရင်ကထက် တင်းကြပ်တယ်။ ရပ်ကွက်တိုင်း နေရာတိုင်းမှာ စစ်သားတွေက ရှိထားတယ်။ မြို့ဝင်မြို့ထွက်တွေဆိုလည်း ပိုပြီး စောင့်ကြည့်ထားတယ်။ ၂၄ နာရီလုံးစောင့်ကြည့်နေကြတာ။ ည အသွားလာတွေဆိုရင် စစ်ဆေးမေးမြန်းနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဒေသခံတစ်ချို့မှာလည်း လားရှိုးမြို့နယ် တိုင်းမှူးပြောင်းလဲမှု အခြေအနေကြောင့် လောင်းကစားဝိုင်းများကို တစ်ပတ် ပိတ်သိမ်းထားကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်း ၂ နှစ်သာ ကာလအတွင်းတွင် သျှမ်းပြည်တွင်း လောင်းကစားဝိုင်း ၊ မူးယစ်ဆေးဝါး နှင့် ခိုးယူလုယက်မှုလည်း များပြားလာခဲ့သည်။

ထိုအပြင် လားရှိုးမြို့နယ်သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ သွားလာလှုပ်ရှားသည့် နေမြေဒေသတစ်ခုလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...