လောက်ကိုင်မြို့အတွင်း ပစ်ခတ်မှုဖြစ်ပွား၊ ထိခိုက်သေဆုံးမှုများ ရှိနေ

သျှမ်းပြည် လောက်ကိုင်မြို့ အတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း စုံစမ်း သိရသည်။

လောက်ကိုင်မြို့

ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့လယ် ကျင်ဟိုင်ဟိုတယ် အနီး၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား တစ်ဦးက သေနတ်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

“ဘာကြောင့် ပစ်ခတ်မှုဖြစ်တာလဲတော့ မသိဘူး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ သေနတ်တွေနဲ့ အပြိုင်ပစ်ကြတာ၊ ဗုံး အသံတွေ လည်း ကြားရတယ်၊ သေနတ်တွေကတော့ အတိုရော အရှည်ရောပဲ၊ အမျိုးသားတစ်ဦးကတော့ ခါးနားမှာ သေနတ်မှန်တယ်၊ ကျောဘက်မှန်တယ်၊ သေသွားပြီတဲ့” ဟု ပစ်ခတ်မှု အနီးပတ်ဝန်းကျင် နေထိုင်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အဆိုပါ ပစ်ခတ်မှုကြောင့် အနီးပတ်ဝန်းကျင်တွင် ရပ်ထားသည့် ကားများ၊ ဆိုင်ခန်းများ နှင့် ဆိုင်ခန်း အုတ်နံရံများကိုလည်း ကျည်ဆန် သေနတ်ထိမှန်ကြောင်းလည်း သိရသည်။

သေဆုံးသူ ရုပ်အလောင်း

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာသည် လူစည်ကားသည့်နေရာ ဖြစ်သည့်အတွက် ထိခိုက်မှုများပြားကြောင်း နှင့် ထိခိုက်သေဆုံးသူလည်း တစ်ဦးထက်မက ရှိနိုင်ကြောင်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“လူစည်ကားတဲ့နေရာမှာ ရုတ်တရက်ကြီး ထဖြစ်တော့ အားလုံးလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်၊ သေဆုံးသူ အတိအကျတော့ မသိရသေးဘူး၊ ဒီတစ်ခေါက် ပစ်ခတ်မှုက တော်တော်ကြမ်းတာပဲ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

အလားတူ ယမန်နေ့ ည အတွင်းမှာပင် သျှမ်းပြည် လားရှိုးမြို့၊ မူဆယ်မြို့တို့မှာလည်း ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ မူဆယ်မြို့၊ လားရှိုးမြို့တို့မှ ပစ်ခတ်မှုများသည် မည်သည့်အဖွဲ့အစည်း၊ မည်သည့်နေရာများတွင် ဖြစ်ပွားကြောင်းကို သျှမ်းသံဝောာ်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

လောက်ကိုင်မြို့၊ လားရှိုးမြို့ နှင့် မူဆယ်မြို့တို့သည် စစ်ကောင်စီ တပ်ဖွဲ့ အပြင် လက်နက်ကိုင်တပ်ဖွဲ့များစွာ သွားလာ လှုပ်ရှားသည့်အတွက် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တစ်နိုင်ငံလုံး နီးပါး နိုင်ငံရေး မငြိမ်မသက်မှု ဖြစ်ပေါ်လာပြီး ပစ်ခတ် သတ်ဖြတ်မှုများ၊ ခိုးဆိုးလုယက်မှုများ ပေါများလာကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး၊ နေရာအချို့ ထပ်မံတပ်ဆုတ်ခိုင်းဟုဆို

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ...