ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ပိုက်ဆံအဆမတန်ကောက်ယူပြီး လောင်းကစားဝိုင်းဖွင့်လှစ်နေ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ အုပ်ချုပ်ရေးမှူးသည် ပြည်သူများထံ ပိုက်ဆံ အဆမတန်ကောက်ယူပြီး လောင်းကစားဝိုင်းများ ပေါ်တင်ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။

ပင်လုံမြို့

ပင်လုံမြို့ထဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင် နှင့် ပအိုဝ်းအဖွဲ့အစည်း တချို့တို့ ပူးပေါင်းပြီး ရပ်ကွက် (၂) လေးဆူကုန်းဘောလုံးကွင်းရှိ လောင်းကစားဝိုင်းများသည် ၂၄ နာရီလုံး ဖွင့်လှစ်ထားပြီး၊ စတိတ်စင် အသံချဲ့စက်တို့ပါ ဖွင့်လှစ်သဖြင့် ပြည်သူများ ကောင်းမွန်စွာ မအိပ်စက်ရကြောင်း ပင်လုံမြို့ ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။

“ ည ရောက်ပြီဆိုရင် ဖွင့်ပြီ ၊ မနက်မိုးလင်းတဲ့ အချိန်ထိ ဖွင့်နေတာပဲ။ အသံကလည်း အကျယ်ကြီးပဲ။ တစ်မြို့လုံး ကြားရတယ်။ ညတိုင်း ဆူညံနေတာ တမြို့လုံး ကြားနေရတယ်။ ပြည်သူတွေလည်း စိတ်ဒုက္ခရောက်တယ်။ ညကောင်းကောင်း မအိပ်ရဘူး” ဟု လုံခြုံရေးအရအမည် နှင့် နေရာ မဖော်ပြလိုသည့် ဒေသခံ အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုလောင်းကစားဝိုင်းတွင် ဖွင့်လှစ်ထားသည့် သီးချင်သံများကြောင့် အသက်ကြီးသူများအတွက် ကျန်းမာရေး ထိခိုက်မှုရှိနေကြောင်း ၊ လက်ရှိတွင်လည်း အထက်တန်းကျောင်းသားများ စာမေးပွဲ ဖြေဆိုရန် ဖြစ်သည့်အတွက်ကြောင့် ကျောင်းသားများ စာမကျက်နိုင်ကြောင်း သိရသည်။

“အသက်ကြီးတဲ့ သူတွေလည်း ကောင်းကောင်း မအိပ်ရဘူးလေ။ ပြီးတော့ အခုက ကျနော်တို့ ကျောင်းသားတွေ စာမေးပွဲ ဖြေဖို့ အချိန်လည်းနီးပြီ။ အဲ့အသံတွေကြောင့် စာတွေ ကောင်းကောင်းမကျက်နိုင်ဘူး” ဟု ပင်လုံမြို့တွင်းရှိ ကျောင်းသားတစ်ဦးက ပြောသည်။

ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်သည် လောင်းကစားဝိုင်းများကို တညလျှင် ကျပ်ငွေ တစ်သိန်း အခွန်ကောက်ယူမှုရှိနေသည့် အပြင် ပင်လုံမြို့ရှိ ဓာတ်ဆီဆိုင် ၊ ပရိဘောဂဆိုင် နှင့် ကြက်ခြံ ၊ ကုန်စုံဆိုင်များထံလည်း ကောက်ယူမှုရှိကြောင်း နှင့် ထောက်ခံစာ အိမ်ထောင်စု ပြောင်းရန်အတွက်လည်း ငွေတောင်းခံကြောင်း ဒေသခံများထံမှ သိရသည်။

“သူက ပင်လုံမြို့ထဲမှာ ပိုက်ဆံကောက်ယူတာ အကြမ်းဆုံးပဲ။ ပင်လုံမြို့ အုပ်ချုပ်ရေးမှူးတွေထဲမှာ ပိုက်ဆံကောက်အကြမ်းဆုံးက သူပဲ။ လောင်းကစားဝိုင်းတွေမှာလည်း ယူတယ်။ ကုန်စုံဆိုင်၊ ဓာတ်ဆီဆိုင်တွေမှာလည်း ကောက်တယ်။ ပြီးတော့ ထောက်ခံစာတွေ လာယူရင်လည်း သူတောင်းတယ်။ ၅ သောင်း ကနေ ၁ သိန်းအထိ ပေးရတယ်။ သူ့ကြောင့် ပြည်သူတွေ ဒုက္ခ ရောက်တာ အများကြီးပဲ။ အရင်က အိမ်ဆောက်ဖို့ ကောက်တာလည်း သူပဲ” ဟု ဒေသခံများက ပြောသည်။

သို့သော် မြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်က ဒေသခံ ပြည်သူများထံ ငွေကောက်ယူမှု မရှိခဲ့ဖူးကြောင်း သျှမ်းသံတော်ဆင့် ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းအချိန်က ဖြေကြားဖူးခဲ့သည်။

အဆိုပါ မြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်သည် ပင်လုံမြို့သို့ (၇) လကျော်ကြာ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ပင်လုံမြို့ထဲတွင် စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ သွားလာလှုပ်ရှားသည့် နယ်မြေ ဒေသဖြစ်သည်။

စစ်တပ် အာဏာသိမ်း ၂ နှစ်ကာလအတွင်း သျှမ်းပြည်အတွင်း လောင်းကစားဝိုင်း ၊ မူးယစ်ဆေးဝါး ၊ ခိုးယူမှုများ တစ်နေ့ထက်တစ်နေ့ များပြားလာခဲ့ပြီး ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်ကို နေရာပြောင်းရွှေ့ ပေးရန်လည်း ပင်လုံဒေသခံများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...