ဆီဆိုင်မြို့နယ်မှ ကျောင်းပညာရေး ဝန်ထမ်းများ ကျောင်းအပ်ချိန် လောင်းကစားဝိုင်းရောက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုမှ ကျောင်းပညာရေးဝန်ထမ်းများသည် ကျောင်းအပ်နှံချိန် ကျောင်းတွင်မရှိဘဲ လောင်းကစားဝိုင်း ရောက်ရှိနေကြောင်း စုံစမ်းသိရသည်။

ကျောင်းအုပ်ဆရာ/ဆရာမ

အဆိုပါ ကျောင်းပညာရေးဝန်ထမ်းများမှာ ဆီဆိုင်မြို့နယ် ဘန်းယဥ်ကျေးရွာအုပ်စု ဖိုင်ကွမ်းကျောင်းအုပ် ဆရာကြီး နှင့် နောင်မွန်ကျေးရွာအုပ်စု လီမွန်ကျေးရွာ ကျောင်းအုပ်ဆရာမများဖြစ်ကြပြီး ကျောင်းအပ်နှံချိန်တွင် လောင်းကစားဝိုင်းရောက် ရှိနေကြောင်း သိရသည်။

“ ပြီးခဲ့တဲ့ ၂၆ ရက်နေ့က ကျောင်းအပ်တဲ့နေ့ဆို ကျောင်းအုပ်ဆရာတွေက ကျောင်းမှာမရှိဘဲ လောင်းကစားဝိုင်းတွေ မှာရှိနေတာ။ သူတို့ လုပ်နေတာကတော့ အမြင်မတော်ဘူးလေ။ ဒီနေ့တော့ ကျောင်းတက်နေပြီ။ လီမွန်ကျေးရွာကျောင်းအုပ်ဆရာမ ကတော့ အရက်ဘီယာတွေကို လိုက်ရောင်းနေတာ” ဟု နောင်မွန်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဖိုင်ကွမ်းကျောင်းအုပ်ဆရာ နှင့် လီမွန်ကျေးရွာကျောင်းအုပ်ဆရာမတို့သည် လင်မယားဖြစ်ကြပြီး၊ ထိုကျောင်းပညာရေးဝန်ထမ်းများ လောင်းကစားဝိုင်း၌ ပါဝင်နေသည့်အတွက်ကြောင့် ကျောင်းသား ၊ သူများအတွက် ပညာသင်ကြားရန်အတွက် ဆုံးရှုံးနိုင်ကြောင်း သိရသည်။

“ အခုချိန်မှာ ကျောင်းသားတွေကလည်း ပညာကောင်းကောင်းတတ်တာမဟုတ်ဘူး။ ဆရာတွေက ဒီလိုလုပ်နေမှတော့ ကလေးတွေကလည်း ဘယ်လိုပညာတတ်တော့မှာလဲ။ ရှေ့ဆက်ဖြစ်လာမဲ့ဟာကို ကျမတို့ပြောတာ။ နောက်ပိုင်းဆိုရင် သူတို့ ကလေးတွေကိုလည်း မကြည့်နိုင်ဘူး။ သူတို့ စီးပွားရေးအတွက်တွေပဲ လုပ်လာတော့မယ်လေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တစ်ဝှမ်း လောင်းကစားဝိုင်းများ ပိုမို များပြားလာခဲ့သည်။

ထို့အပြင် လောင်းကစားဝိုင်းများကို စာသင်ကျောင်း နှင့် အနီးတွင် ဖွင့်လှစ်ထားခြင်း၊ လူအဝင်ကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာ ကစားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...