တာချီလိတ်မြို့ ရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း လောင်းကစားဝိုင်းများပြုလုပ်

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် ဝါတွင်းကာလအတွင်း လောင်းကစားဝိုင်းများ ပြုလုပ်ပြီး ညတိုင်းခိုက်ရန်ဖြစ်ပွားကာ ဆူညံနေကြောင်း စုံစမ်းသိရသည်။

.

လောင်းကစားဝိုင်းများကို စက်တင်ဘာလ ၅ ရက်မှစ၍ တစ်လကြာ ပြုလုပ်မည်ဖြစ်ပြီး ဘုန်းကြီးကျောင်းရှိ ကျောင်းဂေါပက အဖွဲ့ဝင်နှင့် ပွဲကန်ထရိုက်တို့အကြား နှစ်ဖက်သဘောတူညီမှုရပြီး ည ၇ နာရီမှ မနက် ၂ နာရီအထိ သတ်မှတ်၍ ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit ( ဘုန်းကြီးကျောင်းဝန်းအတွင်း တွေ့ရသည့် လောင်းကစားဝိုင်း)

“ဘုန်းကြီးကျောင်းတဝန်းလုံး ပတ်ချာလည် လောင်းကစားခုံ ၅၀ လောက်ရှိတယ်။ အရှေ့ဘက်မှာတော့ အသံဆူညံနေတဲ့ DJ၊ ဘီယာဆိုင်အကြီးတစ်ဆိုင်နဲ့ စားသောက်ဆိုင် ၅ ဆိုင်လောက် ရှိတယ်။ လောင်းကစား မျိုးစုံတွေပါတော့ ရန်ဖြစ်ပြီး မူးရူးစကားများကြတာလည်း ညတိုင်းလိုလိုပါပဲ “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းထဲတွင် လေးကောင်ဂျင်၊ ဖိုက်ကျူး၊ ငါးမန်းဂိမ်း၊ ဂုန်းကင်း စသည့် လောင်းကစားဝိုင်း မျိုးစုံ ခုံပေါင်း ၅၀ ကျော်ရှိကြောင်း သိရသည်။

ထို့အပြင် ဝါတွင်းကာလ ဗုဒ္ဓသာဘာဝင်တို့၏ သီတင်းကျွတ်ကာလ ဥပုလ်ဆောက်တည်ကြရာ နေရာ၌ လောင်းကစားဝိုင်း မပြုလုပ်သင့်ကြောင်း တာချီလိတ်မြို့ဒေသခံများက ပြောဆိုနေကြသည်။

“ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဉပုလ် သီလ ဆောက်တည်ကြရမဲ့ ဝါတွင်းကာလမျိုးမှာ အခုလို လောဘဒေါသဖုံးလွှမ်းပြီး မူးယစ်ရမ်းကားနေတဲ့ ပွဲတော်မျိုးကို ဘုန်းကြီးကျောင်းဝင်းအတွင်း မလုပ်သင့်ဘူး “ ဟု တာချီလိတ်မြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသားက ဆိုပြန်သည်။

ထိုလောင်းကစားဝိုင်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် နယ်စပ်ဖြစ်သည့်အလျောက် လောင်းကစားဝိုင်းများ၊ အွန်လိုင်း လိမ်လည်မှုများ ပိုမိုပေါများလာသလို နေအိမ်အတွင်းထိ ပြန်ပြေးဆွဲမှုများလည်းရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...