သီပေါမြို့မှာ လက်နက်ကိုင်တပ်ဖွဲ့များကို အခွန်ပေးဆောင်ပြီး လောင်းကစားဝိုင်းဖွင့်နေ

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လက်နက်ကိုင် တပ်ဖွဲ့များကို အခွန်ပေးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေသည့် အကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တွင်း လောင်းကစားဝိုင်းတစ်နေရာ

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှ စတင်ပြီး ယနေ့ အချိန်အထိ သီပေါမြို့နယ် ပတိမ်တောင်ရပ်ကွက်တွင် လောင်းကစားဝိုင်းများသည် လက်နက်ကိုင် တပ်ဖွဲ့များထံ အခွန်ပေးဆောင်ပြီး ဖွင့်လှစ်နေလျက်ရှိကြောင်း ဒေသခံများက သျှမ်းသံတာ်ဆင့်ကို ပြောသည်။

“ရပ်ကွက်အတွင်းမှာ လောင်းကစားဝိုင်း နေ့တိုင်းရှိနေတာကို မမြင်ချင်တဲ့ ရက်ရှည်မဖွင့်ဖို့ ဘာညာ တချို့က သွားပြောတာပေါ့၊ ဒါပေမဲ့ သူတို့က တိုင်းရင်းသား လက်နက်ကိုင်တွေဆီလည်း အခွန်ဆောင်ပြီးပြီ၊ ရဲရော စရဖရော လာဆော့နေကြတာ၊ ဘာမှ မဖြစ်ဘူးတဲ့၊ အဲ့ကြောင့် ရပ်ကွက်သူ/သားတွေတော့ စိတ်ဆင်းရဲနေရတယ်” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းပိုင်ရှင်သည် မည်သူဖြစ်ကြောင်း မသိရသော်လည်း ပိုင်ရှင်ဖြစ်သူက တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ နှင့် ဒေသအတွင်းက အာဏာပိုင်များထံ အခွန် ပေးဆောင်ပြီး ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းလောင်းကစားဝိုင်းသည် နေ့ရော ညပါ ဖွင့်လှစ်ထားသည့် အတွက် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများအတွက် အနှောင့်အယှက် ဖြစ်သည့် အပြင် လုံခြုံရေးအတွက်လည်း စိုးရိမ်ရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“နေ့ရော ညရော ဖွင့်ကြတာ၊ အသံတွေ ဆူညံတော့ အိပ်ရေးပျက်ရတယ်။ ပြီးတော့ လောင်းကစားဝိုင်းရှိရင် လူဆိုး သူခိုးတွေလည်း ရှိတတ်တော့ အိမ်ကို သူခိုးတက်မလား။ ဓားပြတိုက်မလား ဆိုတာမျိုးတွေ တွေးပူရတယ်၊ အမျိုးသား မရှိတဲ့ အိမ်တွေဆို ပိုဆိုးတာပေါ့။ အသက်ကြီးတဲ့ သူ တစ်ယောက်တည်းနဲ့လည်း အိမ်စောင့် မထားရဲဘူး” ဟု ၎င်းက ဆက်ဆိုထားသည်။

တအာင်းတပ်ဖွဲ့ TNLA နှင့် ရှမ်းပြည်တိုးတက်ရေး တပ်မတော် SSPP တို့သည် လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်းကို တားမြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသော်လည်း လက်ရှိ ရပ်ကွက်အတွင်း ပေါ်တင်ဖွင့်လှစ် နေကြသည့် လောင်းကစားဝိုင်းကို အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများ ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် SSPP ၏ သတင်းစာမျက်နှာဖြစ်သည့် SSPP Info သတင်းစာမျက်မှ တဆင့် ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေအတွင်း လောင်းကစားဝိုင်း ဖွင့်လှစ်ပါက ပိုင်ဆိုင်မှု သိမ်းဆည်းပြီး ဥပဒေအတိုင်း အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ရပ်ကွက်အတွင်း လောင်းကစားဝိုင်းများ ပေါ်တင်ဖွင့်လှစ်ခွင့် ရရှိနေခြင်း နှင့် ပတ်သက်ပြီး မေးမြန်းရန် အတွက် (ပလောင်) အမျိုးသား လွတ်မြောရေးတပ်မတော် TNLA နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့၏ တာဝန်ရှိ ပြောရေးဆိုခွင့် အသီးသီးထံသို့ ဖုန်းဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...