Saturday, May 4, 2024

မိုးနဲ လောင်းကစားဝိုင်း (၂) လနီးပါး ဖွင့်လှစ် အရေးယူမှုမရှိ

Must read

သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့ လွိုင်မြေရပ်ကွက်အတွင်း လောင်းကစားဝိုင်းများ (၂) လ နီးပါး ဖွင့်လှစ်ထားပြီဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

သျှမ်းပြည်တွင်း လောင်းကစားဝိုင်း တစ်နေရာ

ပြီးခဲ့သည့် ဧပြီလမှ စတင်ပြီး လက်ရှိချိန်ထိ ရပ်ကွက်တွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသော်လည်း သက်ဆိုင်ရာမှ အရေးယူခြင်း မရှိကြောင်း မိုးနဲဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မိုးနဲမြို့ လွိုင်မြေရပ်ကွက်အတွင်း လောင်းကစား ခိုးဖွင့်ထားတာ (၃) နေရာလောက်ရှိထားတယ်။ ၂ လ နီးပါးလောက်တော့ ရှိနေပြီ။ လောင်းကစားဝိုင်းထဲမှာဆိုရင် လေးကောင်ဂျင်၊ ဖဲဝိုင်း စတာတွေ ပါရှိတယ်။ လူအများကွယ်ရာမှာ ကစားကြတာ။ ဒါပေမယ့် လောင်းကစားသမား အချင်းချင်းတွေတော့ သိကြပြီး သွားဆော့တာရှိတယ်” ဟု မိုးနဲဒေသခံ တစ်ဦး ကဆိုသည်။

အဆိုပါ လောင်းကစားဝိုင်း ဒိုင် ဦးဆောင် ဖွင့်လှစ်ထားသူသည် မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရသော်လည်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများ နှင့် ရင်းနှီးသည့် သူများ ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ပြောဆို သုံးသပ်ကြသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးသည့် နောက်ပိုင်း သျှမ်းပြည်အတွင်း လောင်းကစားဝိုင်းများပြားလာပြီး ခိုးဆိုးလုယက်မှုများလည်း ပေါများလာခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article