မိုးနဲမြို့နယ် ဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လောင်းကစားများဖွင့်လှစ်နေ

သျှမ်းပြည် နမ့်စန်ခရိုင် မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှ ဦးဆောင်၍ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။

မိုးနဲ လောင်းကစားဝိုင်း

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုမြင့်ဇော်ဆိုသူမှ ဦးဆောင်ပြီး အာဏာပိုင်းများထံ ကျပ်ငွေ သိန်းနှင့်ချီအခွန်ဆောင်ကာ ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်းသို့ လာရောက်လောင်းကစားဖွင့်ထားသည်မှာ ၁ လရှိလာပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို လောင်းကစားများ ဆော့ကစားခြင်းကြောင့် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများသည် ကျပ်ငွေသိန်းရာနှင့်ချီ ဆုံးရှုံးပြီး အိမ်ပေါင်ထားရသည့်အဆင့်ထိ ဖြစ်ပွားနေသဖြင့် အဆိုပါလောင်းကစားဝန်းကို ရပ်တန့်စေချင်ကြောင်း ၎င်းကဆက်ပြောသည်။

“ဘဝပျက်သွားတဲ့သူတွေ အများကြီးပဲ။ ထွေအုပ်ဝန်ထမ်းတွေကော၊ စည်ပင်ဝန်ထမ်းတွေကော တော်တော် များများရော လောင်းလိုက်ရင် ကျပ်ငွေ သိန်း ၂၀၊ ၃၀ လောင်းတာ။ လောင်းရင်းနဲ့ ပိုက်ဆံဆုံးတာပေါ့ဗျာ။ တစ်ညထဲတောင်မှ တချို့လူတွေ ကျပ်သိန်း ၁၀၀ ဆုံးတဲ့လူကောရှိတယ်။ အခုကဘယ်သူကိုမှ တိုင်လို့တိုင်ကြား ရမှန်းမသိ။ အာဏာပိုင်တွေ၊ ရဲတွေကပါ ချယ်ယာလုပ်ထားတာ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သသာနာ့နယ်မြေ ဘုန်းကြီးကျောင်းဝန်းအတွင်း လောင်းကစားဖွင့်လှစ်နိုင်ရန် ကျောင်းမှဆက်ဆိုင်ရာ အဖွဲ့အစည်းကို လောင်းကစားတစ်ပွဲလျှင် ကျပ်သိန်း ၁၅၀ ပေး၍ ဖွင့်လှစ်နေကြောင်း သိရသည်။

အလားတူ မိုးနဲမြို့နယ် တိုက်နယ်မှူးကို ကျပ်ငွေ ၂၀ သိန်း၊ ရဲမှူးကို ကျပ်ငွေ ၂၀ သိန်း၊ နယ်ထိန်းရဲတပ်ဖွဲ့ကို ကျပ်ငွေ ၁၅ သိန်း စသဖြင့် အာဏာပိုင်များထံ တစ်လစာအခွန်ဆောင်ထားကြောင်းလည်း ဒေသခံ၏ပြောချက်အရ သိရသည်။

ယင်းကဲ့သို့ အာဏာပိုင်များကို အခွန်ဆောင်ပြီး လောင်းကစားဝိုင်းဖွင့်လှစ်ထားသောကြောင့် ဒေသခံများ၏ အနေဖြင့် အရေးယူရန် တိုင်းကြားလိုပါက မည်သူ့ကိုတိုင်းကြားရမှန်းမသိကြောင်း၊ ထို့အပြင် မိုးနဲမြို့နယ် ရပ်ကွက်တချို့ တွင်လည်း လောင်းကစားဝိုင်းများကို ချဲ့ထွင်ပြီး ဖွင့်လှစ်လာနေသဖြင့် ဒေသခံများ စိုးရိမ်နေရသည်ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်အတွင်း အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေပြီး ဉပဒေကင်းမဲ့နေစဉ် အခြားတစ်ဖက်မှာလည်း နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများကြောင့် ရှုပ်ထွေးနေကာ အများကအာရုံမစိုက်နိုင်ချိန် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့များသည် ၎င်းတို့စီးပွားရှင်များနှင့်အတူ ပူးပေါင်းပြီး မြို့နယ်အသီးသီးမှာ လောင်းကစားဝိုင်းများကိုချဲ့ထွင်ကာ လွတ်လပ်စွာ ဖွင့်လှစ်နေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...