တားဆီးသူမဲ့နေသည့် ဘုန်းကြီးကျောင်းဝန်းထဲက လောင်းကစားဝိုင်းများ

လောဘ၊ ဒေါသ၊ မောဟများ ပယ်သတ်ရန် ဟောပြောဆုံးမလေ့ရှိသည့် ဘုန်းတော်ကြီးများ သီတင်းသုံးရာ ဘုန်းကြီးကျောင်းသည် ယခုတော့ လောဘ၊ ဒေါသ၊ မောဟများနှင့် ပြည့်နှက်၍ အဆီပြန်နေသည့် မျက်နှာများဖြင့် စည်ကားနေသည်။

ဗုဒ္ဓဘာသာဝင်တို့ ဦးထိပ်ထားရာ ဘုန်းကြီးကျောင်းများတွင် လောင်းကစားဝိုင်းများကို ရိုးရာဓလေ့ မျက်နှာဖုံးစွပ်၍ ထည့်သွင်း ပြုလုပ်လေ့ရှိသည်မှာ အစဉ်အလာကဲ့သို့ ဖြစ်နေလေပြီ။

ထိုင်းနယ်စပ်မြို့ ဖြစ်သည့် တာချီလိတ်မြို့တွင် မိုးလေကင်းလွတ်သည်နှင့် ဘာသာရေး အရ သင့်တော်မှုမရှိသည့် လောင်းကစား ဝိုင်းများကို ဘုန်းကြီးကျောင်းဝန်းများ အတွင်း ဥပဒေမဲ့ ရက်ရှည် ပြုလုပ်နေသည်။

တာချီလိတ်မြို့

“တာချီလိတ်က သျှမ်းဘုန်းကြီးကျောင်း တချို့မှာ လောင်းကစားကို အဓိကထားပြီး ပွဲတွေကို တနှစ်မှာ ကျောင်း တကျောင်းကို ၃ ပွဲ နှုန်း အနည်းဆုံး ကျင်းပပါတယ်။ ကျင်းပချိန်က အနည်းဆုံး ၁၅ ရက်လောက်ရှိပြီး ပြဿနာမပေါ်ရင် ရက်တိုးလို့ တလလောက်ထပ်ကျင်းပပါတယ်” ဟု တာချီလိတ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့သည် မြန်မာ-ထိုင်းနယ်စပ်ဒေသ မြို့ဖြစ်သည့်အလျှောက် တရားဝင် သာမက တရားမဝင် ကုန်စည် ကူးသန်းရောင်းဝယ် ဖောက်ကားရာ နယ်စပ်မြို့ ဖြစ်၍ ဒုစရိုက် သမားများ ခြေရှုပ်သည့် ဒေသဖြစ်သဖြင့် လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဖရိုဖရဲ ဖြစ်လာခြင်းကြောင့် တာချီလိတ်မြို့ ဘုန်းကြီးကျောင်းဝန်းများ အတွင်း လောင်းကစားဝိုင်း ဖွင့်လှစ်နေသည်မှာ ထူးခြားသည့်ဖြစ်စဉ် မဟုတ်တော့ဟု မြို့ခံများက ဆိုသည်။

ဘုန်းကြီးကျောင်းဝန်းထဲကလောင်းကစားခုံများ

ဝါမကျွတ်မီ သြဂုတ်လပိုင်းမှစ၍ တာချီလိတ်မြို့ရှိ ပါဆတ်ကျောင်း၊ လွန်းကျိုင်းကျောင်း၊ ဝိန်းကျောက်ကျောင်း နှင့် တော်ကော့ပြင်ကျောင်းဝန်းများ အတွင်း ပြုလုပ်နေသည့် လောင်းကစားဝိုင်းများမှာ လအတန်ကြာပြီ ဖြစ်သော်လည်း ယခုအချိန်ထိ ပိတ်သိမ်းခြင်း မရှိဘဲ ဖွင့်လှစ်နေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

လောင်းကစားများ ပြုလုပ်နေသည့် ဘုန်းကြီးကျောင်း အများစုတွင် ကျောင်းထိုင် ဆရာတော်များ အနေဖြင့် လုပ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် အာဏာ မရှိဘဲ ဂေါပကအဖွဲ့ကသာ ဦးဆောင် ညွန်ကြား လုပ်ကိုင်နေသည်ဟု ဘုန်းကြီးကျောင်းနှင့် နီးစပ်သည့် ဒေသခံများ ပြောသည်။

ပွဲလုပ်မည့် ကန်ထရိုက်ကလည်း ဂေါပကအဖွဲ့များနှင့် အပေးအယူ လုပ်လေ့ရှိပြီး ဂေါပကအဖွဲ့ ခွင့်ပြုမှသာ လောင်းကစားပွဲ ပြုလုပ်ခွင့်ရသည်ဟု ဆိုသည်။

ထိုသို့ လောင်းကစားပွဲများ ပြုလုပ်မည့် ပွဲကန်ထရိုက်တွင် ဒေသအာဏာပိုင်၊ စစ်ဗျူဟာမှူး၊ ထွေအုပ်၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သကဲ့သို့ လူမိုက် အုပ်စုများလည်း ပါဝင်နေသည်။

တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းများတွင် လောင်းကစားပွဲ ကန်ထရိုက် လုပ်ပိုင်ခွင့်ရသည့် အဖွဲ့ ၂ ဖွဲ့ရှိပြီး ယင်းတို့က စစ်ကောင်စီ အလိုကျ လုပ်ဆောင်ပေးသဖြင့် လောင်းကစား လုပ်ပိုင်ခွင့်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ခွင့်ပြုထားသည်ဟု တာချီလတ်မြို့ခံ အသက် ၄၀ ကျော် အမျိုးသား တစ်ဦးကပြောသည်။

“တာချီလိတ်မှာ သျှမ်းဘုန်းကြီးကျောင်းပွဲ ကန်ထရိုက် လုပ်ခွင့်ရတဲ့ အဖွဲ့ ၂ ဖွဲ့ရှိပါတယ်။ သားကြီး (စိုးလင်း)နဲ့ သမင် (မြင့်နိုင်စိုး) အဖွဲ့ ၂ ဖွဲ့ပါ။ ၂ ဖွဲ့လုံးကတပည့် ၅၀ လောက် အနည်းရှိတဲ့ ဂိုဏ်းစကားလူမိုက် အဖွဲ့မို့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ပုလင်းတူဗူးစို့ အဖွဲ့တွေပါပဲ” ဟု ၎င်းကပြောသည်။

တာချီလိတ်မြို့ရှိ လောင်းကစားပွဲ ကန်ထရိုက်များကို ဂိုဏ်းစကား ခေါင်းဆောင်ဟု နာမည်ကျော်သူ စိုးလင်းနှင့် မြင့်နိုင်အောင် တို့က ဥ◌ီးဆောင်ပြီး ၄◌င်းနာမည်ရင်းများ အစား အများအားဖြင့် သားကြီးနှင့် သမင် ဟု လူသိများကြသည်။

ဘုန်းကြီးကျောင်း ပွဲကန်ထရိုက်ရန် အတွက် ဂေါပကအဖွဲ့များနှင့် အဓိကထား ပြောဆိုညှိနှိုင်းလေ့ရှိရာ ပွဲတပွဲ ဖြစ်မြောက်လျှင် ရန်ပုံငွေ အနေဖြင့် ကျောင်းအနေအထားပေါ် မူတည်ပြီး အနည်းဆုံး ဘတ်ငွေ ၅ သိန်း ထည့်ပေးရသည်ဟု ဂေါပကအဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

ထို့အတူ သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်ကိုလည်း လိုင်းကြေး အနေဖြင့် ဘတ် ၆ သိန်း ပေးကမ်းရကြောင်း၊ ၁၅ ရက်စာ ပွဲတပွဲ ဖြစ်ရန် အနည်းဆုံး ဘတ် တသန်းကျော် ကုန်ကျကြောင်း ဆိုသည်။

ဘုန်းကြီးကျောင်းဝန်းအတွင်း ပြုလုပ်သည့် လောင်းကစားဝိုင်းများတွင် ပိုက်ကျူး၊ လေးကောင်ဂျင်၊ ရှမ်းကိုးမီး၊ ဖဲနှင့် အန်းဂလုံး ၆ ကောင်တို့ ပါဝင်သည်။ ထိုပွဲများတွင် ငွေကြေး အဆင်ပြေသူများ၊ လူလတ်တန်းစားများ သာမက လက်လုပ်လက်စား များပါ လာရောက် လေင်းကစားကြသည်ဟု တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပွဲခင်းထဲ လောင်းကစားဝိုင်းတွေ အနေနဲ့က ပိုက်ကျူး၊ လေးကောင်ဂျင်၊ ရှမ်းကိုးမီး၊ ဖဲနဲ့ အန်းဂလုံး ၆ကောင် ဆော့ကြတယ်။ ဘတ်ငွေ တထောင်တန်အုပ်တွေနဲ့ သိန်းရာဂဏန်းအထိ ရိူးမန်းနီးပြပြီး ဆော့နေတဲ့ သူဌေးတွေ အုပ်စု တခုံထဲထားပြီး ရာခိုင်နူန်း အကောက်ကောက်စားတာနဲ့တင် တည ဘတ် ၅ သိန်းလောက်ရတယ်။ လေးကောင်ဂျင်လည်း တခုံထဲ ဖွင့်ပြီး အကောက်ဘဲစားတာ” ဟု ၎င်းကဆိုသည်။

လောင်းကစားဝိုင်းနှင့် အတူ ကျွဲကူးရေပါ အရက်သေစာ သောက်စားမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှု စသည်ဖြင့် ကျွဲကူးရေပါ ဖြစ်နေသည်ဟု ပြောဆိုသည်။

လောင်းကစားကြောင့် အကြွေးတင်ပြီး အိမ်ပေါင်၊ ကားပေါင်ကာ စီးပွားပျက်၊ စားရိတ္တပျက်ပြား သွားရသူများ မရေမတွက်အောင် ရှိနေသည်ဟု ထိုအမျိုးသားတစ်ဦးက ဆက်ပြောသည်။

ယင်းအခြေအနေများကြောင့် လောင်းကစားဝိုင်းများ အတတ်နိုင်ဆုံး တားဆီးပတ်ပင်သင့်ကြောင်း ဒေသခံများက တောင်းဆိုသည်။

“တာချီလိတ် နယ်စပ်မှာ အရိုးစွဲနေတာ တခု ဖြစ်ပြီး မိသားစုအလိုက် စီးပွားပျက် စာရိတ္တ ပျက်ပြားပြီး ခိုးဆိုးလုနိုက်တွေ များပြားလာတာကြောင့် လောင်းကစား တွေကို အတတ်နိုင်ဆုံး တားဆီးပိတ်ပင်သင့်ပါပြီ” ဟု အသက် ၅၀ကျော်အရွယ် ဒေသခံ အမျိုးသားက ပြောဆိုသည်။

သို့သော် ခေတ်ပျက်နေချိန် စစ်ကောင်စီနှင့် တကွ လက်ပါးစေ တသိုက် အနေဖြင့် လောင်းကစားနှင့် မူးယစ်ဆေး ကဲ့သို့ ငွေရလွယ်သည့် လုပ်ငန်းများကို လက်လွှတ်လိမ့်မည် မဟုတ်ဟု မြို့ခံအများစုက ယုံကြည်နေကြသည်ဖြစ်ရာ လောင်းကစားဝိုင်းများ ဆက်လက် စည်ကားနေမည်သာ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...