တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး တောင်ကြီးမြို့ရှိ ဘုရားဖြူရပ်ကွက်နှင့် ပလီလင်းရွာတို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ပြီး လည်ပတ်လုပ်ကိုင်မှု ရှိနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလိုမျိုး လောင်းကစားဝိုင်းတွေ ဖွင့်ဖို့က ဆိုင်ရာပိုင်ရာ လူကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်မှပဲ ရမှာပေါ့၊ ဒါတွေက ပိုက်ဆံပေးပြီး လိုင်းကြေးနဲ့ လုပ်ရတာပဲ။ မြို့ပေါ်မှာတော့ မရှိဘူး၊ ပလီလင်းနဲ့ ဘုရားဖြူ အစွန်တွေမှာ ရှိတာပါ။ အရင်ကတည်းက ရှိပါတယ်၊ ဒီနောက်ပိုင်းမှ လူပိုသိလာတာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တောင်ကြီးမြို့မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားသည့် ငါးပစ်ဂိမ်း၊ ဂျင်ဝိုင်း စသည့် လောင်းကစား လုပ်ငန်းအချို့သည် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အခွန်အခ ပေးဆောင်၍ ခွင့်ပြုချက် ရယူပြီး ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြောင်း တောင်ကြီးမြို့ ဒေသခံများက ပြောသည်။

“လောင်းကစားဝိုင်းက ပေါ်တင်မဟုတ်လည်း သူဟာနဲ့ သူတော့ ရှိပါတယ်။ အရင်ကတည်းကလည်း ရှိတယ်။ အခုက လွတ်လွတ်လပ်လပ် ရဲတွေကိုရော အုပ်ချုပ်ရေးမှူးတွေကိုရော ပိုက်ဆံပေးပြီး ဖွင့်နေကြတာပေါ့။ ဂျင်ဝိုင်းတွေ ငါးဂိမ်းခုံတွေ ရှိတာ”ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် ယခုကဲ့သို့ လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ခွင့်ပြုခြင်းကြောင့် နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်မှုများ တိုးမြှင့်လာမည်ကို ဒေသခံများက စိုးရိမ်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

“လောင်းကစားတွေက မလုပ်ရင် ကောင်းတာပေါ့၊ လောင်းကစားရှိရင်တော့ မြို့မှာကတော့ ခိုးမှုတွေ များမှာပဲ။ ပိုက်ဆံမရှိရင် ခိုးကြမှာပါ အဲ့ဒီလောင်းကစားသမားတွေက။အဲ့တာတွေပဲ စိုးရိမ်ရတာ”ဟု အဆိုပါ ဒေသခံအမျိုးသားက ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့တွင် လူမျိုးပေါင်းစုံ ရွှေ့ပြောင်းရောက်ရှိ နေထိုင်လာပြီး ခိုးဆိုးလုယက်မှုများ၊ နည်းမျိုးစုံသုံး ငွေလိမ်လည်မှုများ၊ ဓားပြတိုက်မှုများ ကြုံတွေ့လာရသည်။

တောင်ကြီးမြို့အတွင်းသို့ လွိုင်ကော်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း သိန္နီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါမြို့နယ်ဘက်မှ စစ်ဘေးရှောင်များအပြင် မြေပြန့်ဒေသဘက်မှ တက်လာသည့် စစ်ဘေးရှောင်များလည်း ရှိကြောင်း သိရသည်။

တောင်ကြီးမြို့သည် စစ်ကော်မရှင်တပ် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် အခြေစိုက်သော်လည်း လက်ရှိတွင် ဒုစရိုက်သမား ပေါများသည့် ဒေသတစ်ခု ဖြစ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...