Wednesday, January 28, 2026

နားကောင်းမူးတွင် လောင်းကစားဝိုင်းများ စတင်ပြုလုပ်လာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးဒေသတွင် လောင်းကစားဝိုင်းများ စတင် ပြုလုပ်ပြီး ခိုးဆိုး၊ လုယက်မှုများ ပိုများလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းရသည်။

ဒီဇင်ဘာလ ၈ ရက် ညတွင် စတင်၍ နားကောင်းမူးဒေသ ရပ်ကွက်(၁) ဘုန်းကြီးကျောင်းအနီးတွင် လောင်းကစားပွဲကို ၁၂ ရက်ကြာအထိ ပြုလုပ်မည် သိရသည်။

ထိုလောင်းကစားဝိုင်စတင်ဖွင့်လှစ်ပြီးနောက် ဒေသခံများက ခိုးဆိုးလုယက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောင်းကစားပွဲလုပ်နေကြတယ်။ ရပ်ကွက် (၁)ဘုန်းကြီးကျောင်းအနီးမှာ ၁၂ ရက်လောက်ထိ ကြာမယ်ပြောတယ်။ မူးယစ်ဆေးဝါးတွေ အရမ်းသုံးစွဲကြလို့ သူခိုးတွေ တော်တော်များလာတယ်။အခု လောင်းကစားပါဖွင့်တော့ ခိုးမှုတွေလုယက်မှုတွေက ပိုဆိုးလာမှာပဲ ကြောက်နေရတယ်” ဟု ၎င်းကဆိုသည်။

သျှမ်းပြည် တစ်ဝန်းတွင် လောင်ကစားပွဲဝိုင်းကို နှစ်စဉ်နှင့်အမျှ ထပ်မံတိုးချဲ ဖွင့်လှစ်လာခြင်းကြောင့် လူငယ်အများစုသည် ၎င်းပွဲကိုသာ အာရုံစုစိုက်လာစေပြီး နိုင်ငံရေး စိတ်ဝင်စားမှု လျော့နည်းလာစေရန် ပိုမိုဖွင့်လှစ်လာခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လောင်းကစားပွဲများ ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် သူခိုး၊ ဓားပြ ၊ ဆေးကြောင်သည့် သူများ ပေါများလာသည့်အပြင် နားကောင်းမူးဒေသသည် လောင်းကစားဒေသတစ်ခု ဖြစ်လာနိုင်သည်ဟု ဒေသခံတစ်ဦးက ခုလို သုံးသပ်ပြောသည်။

“ပြောရမယ်ဆို သျှမ်းပြည်တစ်ဝန်းမှာ လောင်းကစားပွဲတွေ အရမ်းလုပ်လာကြတယ်။ လူငယ်တော်တော်များများလည်း တော်တော်ပျက်စီးလာ တွေ့ရတယ်။ ပညာရေး၊ နိုင်ငံရေးတွေလည်း စိတ်မဝင်စားကြတော့ဘူး။ လောင်းကစားတွေလုပ်မယ် မူးယစ်ဆေးတွေ သုံးမယ် ဒါပဲ တက်လာကြတယ်”ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်းမှာ လောင်းကစားရုံများကို ဌာနေပြည်သူ့စစ်၊ စစ်ကောင်စီ အုပ်စုပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်လာသည်။ ထိုကဲ့သို့ လောင်းကစားရုံများကို နေရာတိုင်း လွတ်လပ်စွာ ဖွင့်လှစ်လာသည့်နောက်ပိုင်း ပြည်သူများ၏ လုံခြုံရေးလည်း ယိုယွင်း ပျက်စီး လာကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...

ဆီဆိုင်မြို့ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်နေ၊ ဒေသခံများ လုံခြုံရေးစိုးရိမ်ရ

0
သျှမ်းပြည် ဆီဆိုင်မြို့တွင် လောင်းကစားဝိုင်းများ စတင်ဖွင့်လှစ်လာပြီး ခိုးဆိုးလုယက်မှု ပေါများခြင်းကြောင့် ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားနိုင်သည့် ဆီဆိုင်မြို့တွင် ယခုနှစ်ဆန်းပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်၍ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး ရပ်ကွက်အချို့ထဲတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသား တစ်ဦးက...

သီပေါမြို့နယ် MNDAA ထိန်းချုပ် ကျေးရွာအားလုံးနီးပါး လောင်းကစားရုံ ဖွင့်လှစ်လာ

0
သျှမ်းပြည် သီပေါမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာများတွင် လောင်းကစားရုံ ဖွင့်လှစ်မှု သိသိသာသာ များပြားလာကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ နှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင်ပြီး သီပေါမြို့နယ် အရှေ့မြောက်ဘက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကုန်းသာ၊ နောင်အန်၊ ပန်မိတ်နှင့် နမ့်ရမ်း ကျေးရွာအုပ်စုရှိ...