ဆီဆိုင်မြို့ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်နေ၊ ဒေသခံများ လုံခြုံရေးစိုးရိမ်ရ

သျှမ်းပြည် ဆီဆိုင်မြို့တွင် လောင်းကစားဝိုင်းများ စတင်ဖွင့်လှစ်လာပြီး ခိုးဆိုးလုယက်မှု ပေါများခြင်းကြောင့် ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားနိုင်သည့် ဆီဆိုင်မြို့တွင် ယခုနှစ်ဆန်းပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်၍ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး ရပ်ကွက်အချို့ထဲတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖဲဝိုင်းတွေတော့ ဒေသခံတွေ ပြန်ရှိလာတဲ့ နောက်ပိုင်းမှ ရှိလာတယ်။ နေရာတွေ အတိအကျတော့ မပြောတတ်ပေမယ့် ရပ်ကွက် ၆ ခုလုံးမှာ လုပ်ကြတယ်၊ ပေါ်ပေါ်ထင်ထင် လုပ်နေတာ ရှိတယ်။ ဘယ်သူက ဦးဆောင် လုပ်နေလဲတော့ မသိဘူး။ ကြက်ဝိုင်းတွေလည်း ပြန်ရှိလာတယ်လို့ ကြားမိတယ်” ဟု ဆီဆိုင်မြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ဆီဆိုင်မြို့ပေါ်တွင် လောင်းကစားဝိုင်း ပေါများလာခြင်းကြောင့် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး၊ လက်ရှိတွင် တရားဉပဒေစိုးမိုးမှု မရှိသည့်အတွက် ဒေသခံတို့၏ လုံခြုံရေး အတွက် စိုးရိမ်နေရကြောင်း ၎င်းဒေသခံအမျိုးသားက ဆက်ဆိုသည်။

“လောင်းကစားတွေ ရှိနေတာက ဥပဒေစိုးမိုးမှု မရှိလို့ပါ။ တရားဥပဒေစိုးမိုးနိုင်ဖို့ ရဲတပ်ဖွဲ့ကလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသလို့ တာဝန်ရှိတဲ့ စစ်ကောင်စီနဲ့ သူတို့ လက်အောက်ခံကလည်း စစ်ပွဲဧရိယာ ဖြစ်နေတဲ့ ဆီဆိုင်မြို့အတွက် လုံခြုံရေး ကိစ္စအတွက်ဘဲ ဆောင်ရွက်နေပုံ ရပါတယ်။ အခုလည်း ခိုးမှုတွေက ဆက်တိုက် ရှိလာနေတယ်၊ ဒီကိစ္စတွေပဲ စိုးရိမ်နေရတာပေါ့”ဟု ၎င်းဆီဆိုင်မြို့ဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။

လက်ရှိ ဆီဆိုင်မြို့ပေါ်တွင် တိုက်ပွဲများ ငြိမ်သက်နေစဉ် ဒေသခံ ၉၀ ရာခိုင်နှုန်းကျော် သည် နေရပ်သို့ ပြန်လည်ရောက်ရှိနေပြီး စီးပွားရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း ပြန်လည်လုပ်ကိုင် လည်ပတ်နေကြသည့်အပြင် ယာယီဈေးလည်း ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ထံမှ ယမန်နှစ် ၂၀၂၄ မတ်လကုန်ပိုင်းတွင် စစ်ကောင်စီ ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် တစ်နှစ်နီးပါး ကြာသည်အထိ ပြန်လည် ထူထောင်ရေး လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်မီးကို လုံလောက်စွာ မရရှိသည့်အပြင် မြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ဘတ်ဂျက် မလုံလောက်မှုများကြောင့် ရေသွယ်တန်းခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်းနှင့် ရေတင်ရန် အခက်အခဲများ ဖြစ်နေပြီး ရပ်ကွက်နေပြည်သူများအတွက် ‌ရေများကို လုံလောက်စွာ ဖြန့်ဝေပေးနိုင်ခြင်း မရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...