ညောင်ရွှေမြို့နယ် လောင်းကစားဝိုင်းများလာ

စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် လောင်းကစားဝိုင်းများကြောင့် ဒုက္ခရောက်နေသူများ များပြားလာကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိမှာ ညောင်ရွှေမြို့နယ်တွင် လေးကောင်ဂျင်ဝိုင်း၊ ဖဲဝိုင်းများ၊ လောင်းကစားဝိုင်းများလာသော်လည်း သက်ဆိုင်ရာက အရေးယူခြင်းမရှိကြောင်း ညောင်ရွှေ ဒေသခံများကပြောသည်။

“တော်တော်ဆိုးနေတယ်၊ လေးကောင်ဂျင်ဝိုင်းတွေကြောင့် အကြွေးတွေဝိုင်းနေကြတဲ့သူတွေအများကြီးပဲ၊ တချို့ဆို ကိုယ့်ကိုယ်ပိုင်အလုပ်တွေတောင် မလုပ်နိုင်ကြတော့ဘူး လောင်းကစားဝိုင်းကိုပဲရောက်နေကြတာ၊ ရဲတွေကလည်း ဟိုတလောက ဖဲဝိုင်းတွေကို ဝင်ဖမ်းတယ်လို့ ကြားပေမယ့်၊ လေးကောင်ဂျင်းဝိုင်းတွေကတော့ အေးဆေးပဲ” ဟု အသက် ၃၀ အရွယ် ညောင်ရွှေမြို့ခံတစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု လျော့နည်းလာပြီး လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြကာ ဒေသခံအများအပြား လောင်းကစားဝိုင်းများတွင်သာ အချိန်ကုန်ပြီး ဒုက္ခရောက်နေသူများစွာ ရှိနေကြောင်းသိရသည်။

“လောင်းကစားဝိုင်းတွေက တော်တော်လေးကြီးလာတယ်၊ အခုဆို တခြားမြို့တွေကပါ လာကြတယ်။ တောင်ကြီး၊ ကလောဖက်ကလူတွေပါ လာဆော့နေကြတာ” ဟု ၎င်းမှဆက်ပြောသည်။

လောင်းကစားဝိုင်းများအပြင် ဖုန်းအတွင်း သို့ငွေသွင်း၍ဆော့ရသော online လောင်းကစားဂိမ်းများကိုပါ စွဲလမ်းလာကြသူများလည်းရှိကြောင်းတွေ့ရသည်။

“ခေတ်ကမကောင်းတော့ ပိုဆိုးတယ်၊အလုပ်တွေကမလွယ်တော့ဘူးလေ အဲ့တော့ လွယ်လွယ်ရမယ့်ဟာကိုပဲ စဉ်းစားနေကြတော့တာ၊ အပြင်မှာ လူကိုယ်တိုင်လောင်းကစားလုပ်ကြတဲ့သူတွေ‌ရော၊ ဖုန်းတွေမှာလည်း ပိုက်ဆံထည့်ပြီးဆော့ကြတာလေ၊ နိုင်တာကနည်းနည်း ထည့်နေတာကများများ၊ အသက်အရွယ်မရွေး စွဲလမ်းနေကြတာ” ဟု အသက် ၅၅ နှစ်အရွယ် ကုန်စုံဆိုင် လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေးကန်ရှိရာ ညောင်ရွှေမြို့နယ်သည် ခရီးသွားလုပ်ငန်းများကို အဓိက အားထားရပ်တည်နေရသော ဒေသဖြစ်ပြီး Covid နှင့် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲများကြောင့် ခရီးသွားလုပ်ငန်းနှင့် ပတ်သတ်သော အလုပ်အကိုင်များ အားလုံးရပ်ဆိုင်းသွားကာ ထိုအလုပ်များအပေါ် မှီခိုနေရသော ဒေသခံများသည် အခက်အခဲများစွာရင်ဆိုင်နေရလျက်ရှိသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...