အုပ်ချုပ်ရေးမှူးများ ခွင့်ပြုချက်ဖြင့် ကျောက်မဲမြို့တွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင် အုပ်ချုပ်ရေးမှူးများ၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းများကို တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့ဖွင့်လှစ်နေကြောင်း သတင်းသိရသည်။

သြဂုတ်လဆန်းပိုင်းမှစတင်ကာ ကျောက်မဲမြို့နယ် အမှတ် (၁) ရပ်ကွက် နှင့် နမ့်ဟူးတောင်းတို့တွင် လောင်းကစားဝိုင်း နေရာသစ်အဖြစ် ဖွင့်လှစ်နေကြပြီး မကြိုက်သည့် ဒေသခံများရှိနေသော်လည်း အုပ်ချုပ်ရေးမှူးခွင့်ပြုချက်ဖြင့် ဖွင့်နေကြသည့်အတွက် ကန့်ကွက်မှု မပြုလုပ်နိုင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခိုခမ်းဘက် တစ်ပတ်လောက်ပိတ်သွားတဲ့ လောင်းကစားဝိုင်းက နမ့်ဟူးတောင်း ဘောလုံးကွင်းထဲမှာ ထပ်လာဖွင့်နေတယ်၊ တစ်နေရာပြီးတစ်နေရာ ပြောင်းဖွင့်နေတဲ့ လောင်းကစားဝိုင်းကြောင့် ဒေသအတွင်း ခိုးဆိုးလုယက်မှုတွေများပေမဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် ခွင့်ပြုထားတော့ ကျနော်တို့လည်း မတားရဲဘူး၊ မတားနိုင်ဘူး” ဟု ၎င်းအမျိုးသားက ပြောသည်။

ကျောက်မဲလောင်းကစားဝိုင်း (ပုံဟောင်း)

အဆိုပါ လောင်းကစားဝိုင်းများသည် မူရင်းဒိုင်ကိုင်သူ မည်သူဖြစ်ကြောင်း မသိရသော်လည်း အုပ်ချုပ်ရေးမှူးများ၏ ခွင့်ပြုချက်ဖြင့် ကျောက်မဲမြို့နယ်အတွင်းမှ ရပ်ကွက်/ကျေးရွာများတွင် လှည့်ပတ်ဖွင့်နေကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းမှ စတင်ကာ လောင်းကစားဝိုင်းများ ရှိလာခဲ့ပြီး၊ ပြည်သူများက ငွေကြေး ဥစ္စာများစွာ ဆုံးရှုံးရသည့်အပြင် မိသားစုဝင်အချင်းချင်း သတ်ဖြတ်မှုများအထိပါ ဆိုးရွားလာကြောင်း ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးတဲ့လကတည်းက လောင်းကစားဝိုင်းတွေ တစ်နေရာပြီး တစ်နေရာ လုပ်လာတာ၊ ကျမတို့ဒေသ အတွင်း မှာ မိသားစု ပြဿနာတွေလည်း များသထက်များလာတယ်၊ လောင်းကစားဝိုင်းမှာ လျော်ကြေးပေးဖို့ ပိုက်ဆံ တောင်းမရလို့ ဖခင်ဖြစ်သူကို သမီးက သတ်လိုက်တာလည်း လောင်းကစားဝိုင်းရဲ့ အကျိုးဆက်ပဲ၊ ပြီးတော့ သူခိုးတွေ လုယက်မှုတွေလည်း အရင်ကထက်များလာတော့ ဒေသအတွင်းမလုံခြုံတော့ဘူး၊ ဖြစ်နိုင်ရင် လောင်းကစားဝိုင်းတွေ ပိတ်သိမ်းဖို့ အာဏာပိုင်တွေ လုပ်ပေးပါ” ဟု ၎င်းက ပြောသည်။

ကျောက်မဲမြို့နှင့် အလားတူ ကွတ်ခိုင်မြို့၊ သီပေါမြို့၊ လားရှိူးမြို့ နှင့် နောင်ချိုမြို့ အပြင် သျှမ်းပြည်အတွင်းမှ တခြား မြို့နယ်များတွင်လည်း လောင်းကစားများ တစ်နေ့ထက် တစ်နေ့များလာသည်။

ထိုလောင်းကစားဖွင့်လှစ်သည့်သူများသည် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေကြပြီး တစ်ချို့ဒေသမှာ ပြည်သူ့စစ်တပ်ဖွဲ့များက ဦးဆောင်ပြီး ဖွင့်လှစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...